တစ်ချို့ သူတွေဟာ စိတ်ရင်းကောင်းပြီး ကူညီတတ်သူတွေ ဖြစ်ကြပေမယ့် သူတို့ကို တွေ့ခါစမှာ လူတော်တော်များများက သဘောမကျတာတွေ ရှိပါတယ်။ ဒါဟာတစ်ချို့အပြုအမူနဲ့အကျင့်တွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ အခုဆောင်းပါးမှာ လူတစ်ယောက်ကို မြင်မြင်ချင်း မနှစ်သက်စေနိုင်တဲ့ အကျင့် (၅) မျိုးအကြောင်းပါ။

(၁) အတင်းပြောတာ

Source: gettyimages

တကယ်က လူတွေဟာ တစ်ခြားသူရဲ့ မကောင်းကြောင်းကို မပြောဖူးသူ မရှိသလောက် ရှားပါတယ်။တစ်ခါတစ်လေ သူတို့ပြောတာ မမှားပါဘူး။ ဒါပေမယ့် နေရာရွေးဖို့လိုပါတယ်။ကိုယ့်မကျေနပ်ချက်ကို အခုမှသိတဲ့သူကို အထုပ့်ဖြည်ပခြင်းဟာ တကယ့်ကို စိတ်ပျက်စရာကောင်းတဲ့အချက်ပါ။ အထူးသဖြင့် ကိုယ့်ရဲ့ အသိုင်းအဝိုင်း အဖွဲ့အစည်းထဲက လူတစ်ယောက်ကို သူစိမ်းသူတွေရှေ့မှာ မကောင်းပြောခြင်းမျိုးဟာ ရှောင်ရှားသင့်ပါတယ်။

(၂) အကြည့် ရိုင်းတာ

Source: dissolve

မျက်လုံးဟာ စိတ်ဝိဉာဏ်ရဲ့ ပြတင်းပေါက်လို့ပြောကြပါတယ်။လူစိမ်းတစ်ယောက်ကို ပြူးပြဲကြည့်တတ်တဲ့သူတွေကို ဘယ်သူမဆိုနှစ်မြို့မှာမဟုတ်ပါဘူး။ မျက်လုံးအကြည့်ရဲ့ယဉ်ကျေး မှုဟာ လူရဲ့ အမူအယာ ယဉ်ကျေးမှုဖြစ်သလို ခင်စရာကောင်းခြင်း မကောင်းခြင်းကိုဆုံးဖြတ်တဲ့ ပေတံလည်း ဖြစ်ပါတယ်။

(၃) ကိုယ်ရည်သွေးစကား ပြောသူ

Source: Pexels

ဒီလိုလူတွေနဲ့စကားဝိုင်းတစ်ခုထဲရောက်တဲ့သူတိုင်း စိတ်ဆင်းရဲရပါတယ်။ သူတို့စိတ်ဝင်စားတာ သူတို့အကြောင်းပဲ။ ဘာ Topics ပဲ ပြောပြော သူပဲ ပြောမယ် ၊ သူများ ပြောတာ နားမထောင်ဘူးဆိုတဲ့သူတွေပါ။ ဒါကိုစိတ်ပညာအရ Me-Me-Me Syndrome လက္ခဏာလို့ဆိုပါတယ်။ ဒါမျိုးကိုယ့်ကိုယ်ကို ဗဟိုပြုလွန်းသူကို ဘယ်သူမဆို တွေ့တွေ့ချင်း ရှောင်ချင်ကြပါတယ်။

(၄) ရုပ်တည်ကြီးနဲ့နေတဲ့သူ

Source: Ruth Institute

ဒီလိုလူတွေဟာ တကယ်တမ်း ထင်တာနဲ့တစ်ခြားစီ ဖြစ်တတ်တဲ့သူတွေ များပါတယ်။ စတွေ့တွေ့ချင်း လူတစ်ယောက်ကို အရောတဝင် မနေတတ်သူတွေ ၊ ကြည့်လိုက်ရင် ခပ်တည်တည်ကြီး သမားတွေဟာ တကယ်လည်း ခင်ရော စကားကို ရေပက်မဝင်ပြောပြီး ပေါတောတောနဲ့ဘော်ဒါတွေပေါ် အနစ်နာခံတဲ့သူတွေ ဖြစ်တတ်ပါတယ်။ တကယ်ဆိုဒီလို လူတွေဟာ ပေါင်းလို့အကောင်းဆုံး သူငယ်ချင်းတောင် ဖြစ်လာနိုင်ပါတယ်။

(၅) အပ်ကြောင်းထပ် စကားတွေပဲဆိုသူ

Source: ShutterStock

တစ်နေ့လာလည်း ဒီစကား ၊ ဒီအကြောင်း ။ မပြီးနိုင် မစီးနိုင် ပြောတတ်သူတွေကို လူတွေ သဘောမကျတတ်ပါဘူး။ လူတိုင်းမှာ စိတ်ပင်ပန်းစရာတွေ ရှိပါတယ်။ ဒါကြောင့်ပဲ ညည်းတွားလွန်းသူတွေအနားလာရမှာ ဘယ်တော့မှ စိတ်ပါမှာ မဟုတ်ပါဘူး။ ပိုဆိုးတာက ကိုယ်မသိတဲ့ အကြောင်းအရာနဲ့ပြဿနာတွေကို ထပ်တလဲလဲ ပြောတတ်သူမျိုးပါ။ ဒီလိုလူတွေဟာ အပေါင်းအသင်းလည်း နည်းတတ်ပြီး သူတို့မှာ ပြဿနာတွေက အများကြီး ရှိနေတတ်ပါတယ်။

ဒါတွေကတော့ လူတွေ စတွေ့တွေ့ချင်းမှာ သဘောမကျတဲ့ လုပ်ရပ်တွေထဲက တစ်ချို့ပဲ ဖြစ်ပါတယ်။ နေ့စဉ်လူမှုဆက်ဆံရေးကတော့ ရှုပ်ထွေးလွန်းပြီး တစ်ခါတစ်လေမှာအကြောင်း ရင်းရှာမရဘဲ ကြည့်မရတာတွေလည်း ရှိနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အပေါ်မှာ ပြောခဲ့တဲ့ အချက်တွေကို ရှောင်ရှားမယ်ဆိုရင် စတွေ့တွေ့ချင်း လူတွေ မနှစ်သက်တဲ့ အခြေအနေကနေ ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။