ပုရိသတွေအတွက် နောက်ဆုံးပေါ် ဖက်ရှင် လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အခု ၂၀၁၈ ထဲရောက်နေပြီဆိုတာတော့ သိကြပြီဖြစ်သော်လည်း ၂၀၁၈ မှာ Trend ဖြစ်နေတဲ့ Track ပါတဲ့ ဘောင်းဘီ သင့်ဗီဒိုထဲမှာ တစ်ထည်တောင်မရှိရင် သင်ဟာ ၂၀၁၈ မှာနေနေတာမဟုတ်လောက်ပါဘူး။

Source: esquire.com
Gym မှာပဲမဟုတ်ပဲ Track Pants တွေကို ဖက်ရှင်တစ်ခုအနေနဲ့ အသားပေးပြီးဝတ်ဆင်နေကြပါပြီ။ ခုနောက်ပိုင်းထွက်တဲ့ Track Pant တွေဆို အရမ်းအထာကျနေတော့ Dress Pants လိုလို Style Pants လိုလို ထင်ရပေမဲ့ Sport Vibe လေးပါအောင် ဘောင်းဘီဘေးမှာ Stripes ပါတော့ Track Pant မှန်းသိသာပါတယ်။

Source: esquire.com
အပေါ်က Tops ကို ဆိုဒ်လွန် Oversized Shirt တွေနဲ့ တွဲပြီးဝတ်ကျလေ့ရှိပါတယ်။ အားကစားဘောင်းဘီလိုပေမယ့် အနည်းငယ် Quality မြင့်ထားတဲ့ Track pant တွေဟာ International မှာဆို Cele ကြားမှာတောင် ရေပန်းစားနေတာ ဖြစ်ပါတယ်။ ဒီလိုခေတ်စားနေတဲ့ ဖက်ရှင်တွေကို မသိပဲ မရှိရအောင် ဝေမျှပေလိုက်ရခြင်းပဲဖြစ်ပါတယ်။

Source: esquire.com
Sneaker တို့ကြိုးပါတဲ့ Shoes တို့ Boots တို့နဲ့ဝတ်ရင်တော့ အလိုက်ဖက်ဆုံးဖြစ်မှာပါ။ အဲ့ဒီ ဘောင်းဘီတွေဟာ Unisex ဖြစ်လို့ မိန်းကလေးကော ယောကျာ်းလေးရော ဝတ်ဆင်ကြပေမယ့် ယောကျာ်းလေးတွေဝတ်ရင် Carefree စတိုင်နဲ့ အထာကျနေမှာပါ။ ဘယ်နေရာသွားသွား Jogger Pant တွေလိုပဲ စမတ်ကျစေမှာအမှန်ပါ။

Source: esquire.com