မက္ကဆီကိုဆိုတာဘောလုံးပညာ အတော်အသင့်သာ ထွန်းကားတဲ့နိုင်ငံဖြစ်ပြီး ဥရောပ ရပ်ဝန်းက နိုင်ငံတွေလောက်တော့ ဘောလုံးကစားနည်းဟ မတွင်ကျယ်တာလည်းဖြစ်ပါတယ်။ မက္ကဆီကိုဘောလုံးအသင်းရဲ့လာဘ်ကောင်၊ တစ်ချိန်က အားလုံးကြိုက်တဲ့ မန်ယူအသင်းမှာ ဂိုးတွေ သွင်းယူပေးခဲ့တဲ့ ချီချာရီတို ဟာနန်ဒက်ခ်ျအကြောင်းပြောပြသသွားမှာပါ။ ပဲစေ့လေးအကြောင်းတွေကတော့

Source: http:filmbokep69.com

(၁) သူရဲ့ နာမည်ပြောင်ကတော့ ပဲ့စေ့လေးဖြစ်ပြီး သူ့ဖခင်က အမြတ်တနိုးပေးခဲ့တာဖြစ်ပါတယ်။ သူဟာ ဘောလုံးစကန်ခင်အချိန်တုန်းက နောက်တန်းမှာ ကစားခဲ့ပေမဲ့လည်း နည်းပြရဲ့အကြံပေးချက်အတိုင်း နောင်တွင်တော့ တိုက်စစ်မှူးနေရာမှာ ကစားခဲ့တာဖြစ်ပါတယ်။

(၂) သူဟာ ဘောလုံးလောကကို စ၀င်ချိန်မှာ အခြေအနေအရပ်ရပ်ကြောင့် အောင်မြင်မှုလမ်းစတွေကို ရှာမတွေ့ခဲ့သော်လည်း ဇွဲမလျှော့သောစိတ်၊ ဖခင်ဖြစ်သူရဲ့ ဖေးမမှုတွေနဲ့အတူ နောင်တွင်တော့ အားလုံးချစ်ကြတဲ့ ပဲစေ့လေးဖြစ်လာတာဖြစ်ပါတယ်။

Source: filmbokep69.com

(၃) သူကို ချစ်စနိုးနဲ့သက်မှတ်ကြတဲ့ ကာတွန်းကာရိုက်တာကတောတ့ မက္ကဆီကို တီဗီစီးရီးမှာ ထုတ်လွင့်ပြသနေတဲ့ Mucha Lucha. ပဲဖြစ်ပါတယ်။

(၄) သူဟာ ၂၀၁၀ ကမ္ဘာ့ဖလားမှာ အပြေးအမြန်ဆုံးကစားသမားတစ်ယောက်လည်းဖြစ်ခဲ့ပါတယ်။ Daily mail ရဲ့ သုံးသပ်ချက်အရ သူဟာ တစ်နာရိ ၁၉.၉၇ မိုင်နှုန်းနဲ့ ပြေးခဲ့တာဖြစ်ပါတယ်။

Source: mrsport.ro

(၅) ပဲစေ့လေးဟာ ငယ်စဉ်ကထဲက ဘောလုံးကိုချစ်မြတ်နိုးသူတစ်ယောက်ဖြစ်ပြီး သူရဲ့ အဖိုးဟာလည်း မက္ကဆီကို လက်ရွေးစင်ကစားသမားတစ်ယောက်ဖြစ်ပါတယ်။

(၆) သူဟာ မက္ကဆီကို နိုင်ငံသားတွေထဲကမှ ပထမဆုံးချန်ပီယံလိဂ်ဗိုလ်လုပွဲကစားဖူးသူတစ်ယောက်ပါ။ သူဟာ မန်ယူနဲ့အတူ ဗိုလ်လုပွဲပါဝင်ကစားခဲ့ရပြီး ဆုဖလားနဲ့တော့ဝေးကွာခဲ့ရပါတယ်။

Source: flashwallpapers.com

(၇) သူရဲ့ အမာခံပရိသတ်တွေနဲ့ မက္ကဆီကို ဘောလုံးပရိသတ်အချို့ကတော့ သြဂုတ်လ (၁၄) ရက်နေ့ကို ချီချာရီတိုနေ့အဖြစ် လူမှုကွန်ရက်တွေမှာ ပွဲတော်တွေဆင်နွဲကြပါတယ်။

(၈) သူဟာ UNICEF ရဲ့ ဂုဏ်ထူးဆောင်အမတ်တစ်ယောက်လည်းဖြစ်ပါတယ်။

ချီချာရီတိုဟာ ယခုလက်ရှိမှာတော့ West Ham အသင်းမှာကစားနေတာလည်းဖြစ်ပါတယ်။