ကိုယ့်ရဲ့ မိသားစုဝင်များ၊ အရင်းနှီးဆုံး မိတ်ဆွေ သူငယ်ချင်းများ၊ လုပ်ဖော်ကိုင်ဖက်များနှင့်အတူတူ ပါတီပွဲ ဆင်နွှဲရခြင်းက ဘာနဲ့မှမတူဘဲ ပျော်ရွှင်စရာကောင်းတဲ့ ခံစားချက်ကို ခံစားရမှာပါ။ ခရစ်စမတ် ပါတီပွဲ ဆင်နွှဲဖို့ရန်အတွက် Decoration များ အတူတူ ပြင်ဆင်ခြင်းကလည်း ပူးပေါင်းလုပ်ဆောင်ခြင်းစိတ်ဓာတ်ကို မြင့်မားစေပြီး မကြာခင်မှာ ပါတီပွဲ​ကျင်းပရတော့မယ်ဆိုတဲ့ စိတ်လှုပ်ရှားမှုကိုလည်း ရရှိစေမှာဖြစ်ပါတယ်။

ခရစ်စမတ် ပါတီပွဲလို့ ပြောလိုက်တာနဲ့ ခရစ်စမတ် သစ်ပင်ကို Decoration ဆင်လိုက်ရုံနဲ့ ပြီးမသွားပါဘူး။ မိမိရဲ့ အိုင်ဒီယာကို ကွန့်မြူးပြီး ပြင်ဆင်နိုင်လေ ပိုပြီး အသက်ဝင်လေပါပဲ။

ကွီးတို့အနေနဲ့ ခရစ်စမတ် Decoration အတွက် ဘာအိုင်ဒီယာအသစ်အဆန်းမှ စဥ်းစားလို့ မရဘူးဆိုရင်တော့ အခုဖော်ပြပေးမယ့် အိုင်ဒီယာများကို နမူနာယူနိုင်ပါတယ်။

ခရစ်စမတ် ခြေအိတ်များနှင့် အလှဆင်ပါ

ခရစ်စမတ် ခြေအိတ်များနှင့် အလှဆင်ပါ

လူတိုင်းက လက်ဆောင် ကြိုက်နှစ်သက်ကြပါတယ်။ ပါတီပွဲလာမယ့် သူငယ်ချင်းများ၊ မိသားစု အရေအတွက်အလိုက် လက်ဆောင် ပစ္စည်းများ ပြင်ဆင်ထားပါ။ ရိုးရိုး ပြင်ဆင်ထုပ်ပိုးထားတာထက်စာရင် ခရစ်စမတ်ခြေအိတ်လေးထဲ ထည့်ကာ ပြင်ဆင်ထားတဲ့အခါ Decoration အတွက်လည်း ပြီးသွားသလို လက်ဆောင်လည်းတစ်ခါတည်း ပေးပြီးသား ဖြစ်သွားပါတယ်။

ကာရိုက်တာဝတ်စုံများဖြင့် ပါတီတက်ပါ

ကာရိုက်တာဝတ်စုံများဖြင့် ပါတီတက်ပါ

ခရစ်စမတ်ပါတီနှင့် လိုက်ဖက်တဲ့ ပါတီဝတ်စုံများ ဝတ်ဆင်ကာ ပါတီပွဲ တက်ခြင်းသည်လည်း Decoration သပ်သပ် ပြင်စရာမလိုဘဲ ပါတီပွဲက အသက်ဝင်နေမှာပါ။ ခရစ်စမတ် Theme ပါအောင်ဆိုရင် ဘိုးဘိုးစန်တာကလော့ခ်ကြီးလို ဝတ်ဆင်လို့လည်းရသလို The Grinch လို့ခေါ်တဲ့ ခရစ်စမတ်ကို မနှစ်သက်တဲ့ အစိမ်းရောင် လူသားအဖြစ်လည်း အသွင်ပြောင်းလဲနိုင်ပါတယ်။

လက်ဆောင်ပစ္စည်းများကို ဖွက်ထားပါ

လက်ဆောင်ပစ္စည်းများကို ဖွက်ထားပါ

လက်ဆောင်ပစ္စည်းများကို ဖွက်ထားပြီး လက်ဆောင်များကို လိုက်လံရှာဖွေရတဲ့ ဂိမ်းတစ်ခု ထပ်ပေါင်းထည့်လိုက်ပါ။ ဒါဆိုရင် လက်ဆောင်ပစ္စည်းကို ရိုးရိုးတန်းတန်း ဖွင့်ဖောက်လိုက်တာထက်စာရင် လိုက်လံရှာဖွေရတဲ့ ခံစားချက်က စိတ်လှုပ်ရှားမှုကို မြင့်တက်စေမှာပါ။

ဝိုင်နှင့် အစားအသောက်ပါတီ

ခရစ်စမတ် Decoration

ပါတီပွဲလို့ ပြောလိုက်တာနဲ့ အစားအစာများ၊ ဝိုင်များ၊ ကော့တေးများသည်လည်း မရှိမဖြစ်လိုအပ်တဲ့ အရာတွေပဲဖြစ်ပါတယ်။ ထိုဝိုင်နှင့် အစားအသောက်များကို မိမိစိတ်ကြိုက် အလှဆင်ကာ Decoration တစ်ခု ပြင်ဆင်ထားနိုင်ပါသေးတယ်။

ခရစ်စမတ် လက်ဖက်ရည်ပါတီ

ခရစ်စမတ် Decoration

ခရစ်စမတ်ပါတီပွဲ ကျင်းပမယ်ဆိုရင် ဒင်နာပါတီပွဲတစ်ခုတည်း ကျင်းပလို့ရတာမဟုတ်ပါဘူး။ ခရစ်စမတ် လက်ဖက်ရည်ပါတီလည်း ကျင်းပနိုင်ပါသေးတယ်။ ပါတီပွဲမှာ လူအများ စုရုံး ဝိုင်းဖွဲ့ကာ လက်ဖက်ရည်၊ ကော်ဖီအတူတူ စုသောက်ကြတာမျိုး ပြုလုပ်နိုင်ပါတယ်။

ခရစ်စမတ်အရောင်ကို ကောင်းကောင်းအသုံးချပါ

ခရစ်စမတ် Decoration

အစိမ်းရောင်၊ အဖြူရောင်၊ အဝါရောင် ဘောလုံးများကို အသုံးပြုကာ အလှဆင်ထားပြီး ကိုယ့်ရဲ့ ဧည့်ခန်းကို လှလှပပ အလှဆင်ထားနိုင်ပါတယ်။ ခရစ်စမတ် သစ်ပင်ကို တစ်ပင်တည်း အသုံးပြုနိုင်သလို နှစ်ပင် အသုံးပြုကာ အလှဆင်မယ်ဆိုရင်လည်း မျက်စိပသာဒ ဖြစ်စေမှာပါ။

ပျော်ရွှင်စရာကောင်းတဲ့ ခရစ်စမတ်ပါတီပွဲကို သူငယ်ချင်း ၊ မိတ်ဆွေ ဘော်ဒါများနှင့် အတူတူ ဆင်နွှဲကာ တန်ဖိုးရှိတဲ့အချိန်လေးကို ပိုင်ဆိုင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။

Source: Goodhousekeeping

Featured Image: Freepik