ခရစ္စမတ် အခါသမယဟာ တစ်ကမ္ဘာလုံး ကျင်းပတဲ့ နေ့ထူးနေ့မြတ်ဖြစ်ပြီး အားလပ်ရက်လည်း ဖြစ်ပြန်ပါတယ်။ ဒီလို နေ့ထူးနေ့မြတ် အားလပ်ရက်မှာ ကိုယ့်ရဲ့ ချစ်ရသူတွေ၊ မိသားစုတွေ၊ မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းဖို့ ဆိုရင် ခရစ္စမတ်ပါတီလေး ကျင်းပတာ တကယ်ကို အိုင်ဒီယာကောင်းပါပဲ။ ခရစ္စမတ်ပါတီလေး ကျင်းပပြီး ဆင်နွှဲရတာ တကယ်ကို ရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းသလို ပြင်ဆင်ရမဲ့ အချက်လေးတွေလည်း ရှိပါတယ်။ ဒီဆောင်းပါးလေးမှာတော့ မမေ့နိုင်စရာ ခရစ္စမတ် ပါတီ လေးကျင်ပချင်တဲ့ ကွီးတို့အတွက် ပြင်ဆင်ရမဲ့ အချက်တွေကို ဝေမျှပေးချင်ပါတယ်။

နေရာ ရွေးချယ်ပါ

မမေ့နိုင်စရာ ခရစ္စမတ်

Photo : The Organized Mom

မမေ့နိုင်စရာ အမှတ်တရ ခရစ္စမတ် ပါတီလေး ကျင်းပဖို့အတွက် ကွီးတို့ အရင်ဆုံး ပြင်ဆင်ရမှာကတော့ ပါတီကျင်းပမဲ့ နေရာ ရွေးချယ်ရမှာပဲ ဖြစ်ပါတယ်။ ခရစ္စမတ်ပါတီ ကို အိမ်မှာပဲ ကျင်းပနိုင်သလို ကွီးတို့ နေရာတစ်ခု ငှားရမ်းပြီး ကျင်းပလို့လည်း ရပါတယ်။ နေရာရွေးချယ်ပြီးပြီဆိုရင်တော့ အချိန်တစ်ခု အတိအကျသတ်မှတ်ပြီး ကွီးတို့ ဖိတ်ကြားမဲ့ ချစ်ခင်ရသူတွေ ၊ ဆွေမျိုးအပေါင်းအသင်းတွေကို ကြိုတင် အကြောင်းကြားပါ။

ခရစ္စမတ်ပါတီ Theme ပြင်ဆင်ပါ

မမေ့နိုင်စရာ ခရစ္စမတ်

Photo : A Subtle Reverly

ပါတီကျင်းပဖို့နေရာ ရွေးချယ်ပြီးလျှင် ခရစ္စမတ်နဲ့ လိုက်ဖက်တဲ့ Decoration ကို ပြင်ဆင်ရပါမယ်။ ပါတီကျင်းပဖို့အတွက် စားပွဲတွေ၊ ကုလားထိုင်တွေ၊ စားပွဲခင်းတွေ၊ အလှဆင်မီးလုံးလေးတွေကို ကြိုတင် နေရာချပြီး အလှဆင်ပါ။ အရေးကြီးဆုံးကတော့ ခရစ္စမတ်သစ်ပင်လေးကို အလှဆင်ပြီး ထည့်သွင်းဖို့ မမေ့ပါနဲ့။ ဒီလို ခရစ္စမတ်ပါတီလေး ပြင်ဆင်ရတာလည်း အမှန်တကယ်ကို စိတ်လှုပ်ရှား ပျော်ရွှင်ဖို့ ကောင်းပါတယ်။

တည့်ခင်း ဧည့်ခံမဲ့ အစားအသောက်များကို ပြင်ဆင်ပါ

မမေ့နိုင်စရာ ခရစ္စမတ်

Photo : Adobe Stock

ကွီးတို့‌ရေ ပါတီတစ်ခု ကျင်းပတဲ့နေရာမှာ အစားအသောက် တည့်ခင်းဧည့်ခံမှုကလည်း အရေးကြီးပါတယ်။ အဖျော်ယမကာများအပြင် ခရစ္စမတ်နဲ့ လိုက်ဖက်တဲ့ ကော့လ်‌တေးတွေ၊ အယ်လ်ကိုဟော မသောက်ချင်တဲ့ ဧည့်သည်များအတွက် ဖျော်ရည်များကို ပြင်ဆင်ထားပါ။ ဝိုင်နီနဲ့ ရှန်ပိန်က ခရစ္စမတ် ပါတီပွဲနဲ့ အမှန်တကယ်ပင် လိုက်ဖက်ပါတယ်။ အစားအစာများကိုလည်း ရာသီအလိုက် လိုက်ဖက်တဲ့ အစားအစာများ ပြင်ဆင်ပါ။ အချိုပွဲများ ထည့်သွင်းဖို့လည်း မမေ့ပါနဲ့။

လက်ဆောင်လဲတဲ့ အစီအစဉ် ထည့်သွင်းပါ

X'mas

Photo : CNBC

မမေ့နိုင်စရာ ခရစ္စမတ် ပါတီလေး ဖြစ်စေဖို့အတွက် ပံ့ပိုးပေးနိုင်မဲ့ အစီအစဉ်လေး တစ်ခုကတော့ ခရစ္စမတ်လက်ဆောင် လဲလှယ်တဲ့ အစီအစဉ်လေးပါပဲ။ ခရစ္စမတ်နေ့လေးမှာ ချစ်ခင်ရသူတွေကို ခရစ္စမတ် လက်ဆောင်ပေးပို့တာ၊ အချင်းချင်း လက်ဆောင်များ လဲလှယ်တာကလည်း ချစ်ခြင်းမေတ္တာကို ပြသနည်း တစ်မျိုးပါပဲ။ လက်ဆောင်လဲလှယ်မဲ့ အစီအစဉ်လေးအကြောင်းကို ပါတီလာ ပရိသတ်တွေကို ကြိုတင်အသိပေးထားပါ။ ပြီးလျှင်ပါတီမှာ အချင်းချင်းလဲလှယ်ခြင်းဖြင့် ကိုယ်ရဲ့ လက်ဆောင်ကို လက်ခံရရှိသူအတွက်ရော၊ ကွီးတို့ကိုယ်တိုင် လက်ဆောင်လက်ခံ ရရှိတဲ့အတွက်ပါ နှစ်ဆ ပျော်ရွှင် ကြည်နူးမှုကို ရစေမှာပါ။

ခရစ္စမတ် သီချင်းလေးတွေ ထည့်သွင်းပါ

Source : Hits Music

ပါတီနဲ့ တေးဂီတဆိုတာ ခွဲခြားလို့ မရပါဘူး။ ကွီးတို့ရဲ့ ဘယ်လိုပါတီမျိုးမဆို ပိုပြီးအသက်ဝင်အောင် တေးသီချင်းတွေက ဖန်တီးပေးနိုင်ပါတယ်။ ကွီးတို့ရဲ့ ခရစ္စမတ်ပါတီလေးမှာလဲ ခရစ္စမတ် သီချင်းကောင်းလေးတွေကို ထည့်သွင်းပါ။ ဒါဆိုရင်တော့ ကွီးတို့ရဲ့ ခရစ္စမတ်ပါတီ လေးဟာ ချစ်ရသူတွေနဲ့အတူ ပြီးပြည့်စုံပြီး ပျော်ရွှင်ဖွယ် အမှတ်တရတွေနဲ့ ပြည့်စုံနေမှာပါ။

Featured Photo : Greenvelope