Single ဖြစ်တာကောင်းပါသလား။ တကယ်တော့ တစ်ယောက်တည်း FA ဖြစ်နေရတာ အထီးကျန်စရာကောင်းတယ်ဆိုပေမယ့်လည်း ကောင်းတဲ့အချက်တွေကတော့ အများကြီးပါ။ ဒီတော့ FA ဖြစ်ရတာ ဘယ်လောက် ပျော်စရာ ကျေနပ်စရာကောင်းသလဲဆိုတာကို တေးသီချင်းလေးတွေကနေတဆင့် ဖော်ပြလိုက်ပါတယ်။ တေးသီချင်းလေးတွေလည်း နားထောင် ၊ ကိုယ့်ဘဝကိုယ် အရှုံးမပေးဘဲ  FA ဘဝမှာလည်း ကောင်းကောင်းစံစားကြရအောင်နော်။

Hailee Steinfeld, “Love Myself ”

Hailee  ကတော့ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုချစ်ရမလဲဆိုတာကို ဒီတေးသီချင်းလေးကနေတဆင့်သင်ပေးပါလိမ့်မယ်။

Nicki Minaj and Beyoncé, “Feeling Myself

https://www.youtube.com/watch?v=YjtsaXwDcF0

ကဲ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုဖီးလ်ကြမလဲ ။ အကြမ်းစား အမိုက်စား ဒီမိန်းမချောလေးနှစ်ယောက်ကတော့ I m feeling myself ပါတဲ့။

Robyn, “Dancing On My Own”

ဒါကတော့ အရမ်းကို အင်အားဖြစ်စေတဲ့ တေးသီချင်းလေးပါ။ ဒီတေးသီချင်းလေးကနေတဆင့် ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ခြင်းကို ခံစားရရှိနိုင်မှာပါ။

Beyonce, “Flawless”

ကိုယ်ကိုယ်တိုင်က ကိုယ့်အတွက် ပြီးပြည့်စုံတဲ့သူပါပဲ။ ကိုယ့်ဘဝအတွက် ကိုယ်သာလျှင် စေညွှန်းရာပါ။ ဒီနေ့အတွက်ကတော့ ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်ချစ်တဲ့အကြောင်းတွေးရင်းပဲ အချိန်တွေ ကုန်ဆုံးကြရအောင်နော်။

Katy Perry, “Roar”

အားအင်အပြည့်အဝရစေတဲ့ တေးသီချင်းပါ။ ကိုယ့်ရဲ့ အရည်အချင်း ကိုယ့်ရဲ့စွမ်းအင် ကိုယ့်ရဲ့ အင်အားနဲ့ ကိုယ့်ဖြစ်တည်မှုတွေကို ပြန်လည်ရရှိစေနိုင်တဲ့ သီချင်းကောင်းတပုဒ်ပါ။

Hilary Duff, “One In a Million”

ဒီတေးသီချင်းလေးကလည်း ကိုယ်ဟာ ဘယ်လောက် ထူးခြားတဲ့သူလည်းဆိုတာကို ပြောပြတဲ့ တေးသီချင်းလေးပါပဲ။ ကိုယ်က ဘယ်လောက် ကောင်းမွန်တဲ့သူလဲဆိုတာကို ဒီသီချင်းလေးကတဆင့် ရရှိခံစားရမှာပါ။

Lady Gaga, “Born This Way”

ကိုယ့်ဘဝက ဘယ်လို မွေးဖွားလာတာလဲ။ ကိုယ်က ဘယ်လိုလူမျိုးလဲ။ တကယ်တော့ ကိုယ်ဟာ ကိုယ့်အတွက်တော့ ပြီးပြည့်စုံသူပဲ မဟုတ်လား။

Taylor Swift, “Shake It Off”

ကိုယ့်ရဲ့ ဖြစ်တည်မှုအတွက် ဘယ်သူ့ကိုမှ တောင်းပန်နေစရာမလိုပါဘူး။ ကိုယ့်ရဲ့ ဖြစ်တည်မှုကို ချစ်ပါ။ ကိုယ့်ကိုယ်ကိုယ် မြတ်နိုးပါ။

Demi Lovato, “Confident”

ကိုယ့်ကိုယ်ကိုယ် ချစ်မြတ်နိုးရမယ့် အဓိကသော့ချက်ကဘာလဲ။ ကိုယ့်ဖြစ်တည်မှုဟာ ကိုယ့်အတွက်တော့ နိဗ္ဗာန် နတ်နန်းပါပဲ။ ဘဝဆိုတာ ကိုယ့်စိတ်ထဲရှိရာအတိုင်း ဆုံးဖြတ်လုပ်ကိုင်ဖို့ပါပဲ။

Christina Aguilera, “Beautiful”

ဘယ်သူတွေ ဘာပဲပြောနေပါစေ ကိုယ်က အဆင်ပြေကောင်းမွန်ပါတယ်။ ကိုယ့်ဘဝကိုယ် ကျေနပ်လက်ခံလိုက်ဖို့ပါပဲ။ နေ့ရက်တိုင်းကလည်း ပျော်ရွှင်စရာ အံ့သြစရာတွေ အပြည့်နဲ့ပါ။