[Zawgyi]

ယေန႔ေခတ္မွာ မိန္းကေလးေတြသာမက ေယာက်ာ္းေလးေတြလည္းဖက္ရွင္ကိုဦးစားေပးလာၾကပါၿပီ။ေတာင္းမွာအကြပ္ လူမွာအဝတ္ဆိုသလို ကိုယ့္ရဲ႕ ဝတ္စားဆင္ယင္မႈပံုစံက ကိုယ့္ရဲ႕ ကိုယ္ေရကိုယ္ေသြးကိုအမ်ားႀကီး အေထာက္အကူျဖစ္ေစတာ ျဖစ္ပါတယ္။ဒီေန႔မွာေတာ့ ရံုးတက္ေနရတဲ့ဝန္ထမ္းေတြအေနနဲ႔ အလုပ္ခြင္မွာ စမတ္က်ေစဖို႔ သိထားသင့္တဲ့ Fashion Tips ေလးေတြကိုေျပာျပေပးသြားမွာျဖစ္ပါတယ္။

(၁) ခႏၶာကိုယ္အခ်ဳိးအစားနဲ႔ အညီဝတ္ဆင္ပါ

Source : shutterstock.com

အဝတ္အစားဝတ္ဆင္တဲ့အခါ ကိုယ့္ရဲ႕ ခႏၶာကိုယ္အခ်ဳိးအစားနဲ႔ အညီဝတ္ဆင္တက္ဖို႔ကလည္း အင္မတန္မွ အေရးႀကီးလွပါတယ္။ပိန္တဲ့သူပဲျဖစ္ျဖစ္ ဝတဲ့ခႏၶာကိုယ္ရွိသူပဲျဖစ္ျဖစ္ အဝတ္ အစားဝတ္တဲ့အခါ ကိုယ့္ခႏၶာကိုယ္နဲ႔ Fit ျဖစ္မယ့္ပံုစံမ်ဳိးကို ေရြြးခ်ယ္ဝတ္ဆင္သင့္ပါတယ္။ကိုယ္နဲ႔အရမ္းႀကီးပြေနတဲ့ ဝတ္စံုမ်ဳိး အရမ္းက်ပ္ေနတဲ့ဝတ္စံုမ်ဳိးေတြက သင့္ရဲ႕ ဖက္ရွင္ကိုၾကည့္ရဆိုးေစမွာျဖစ္ပါတယ္။ဒါေၾကာင့္ကိုယ့္ရဲ႕ ခႏၶာကိုယ္ အခ်ဳိးအစားနဲ႔အညီ ဝတ္ဆင္ဖို႔အၾကံျပဳခ်င္ပါတယ္။

(၂) မတူညီတဲ့ပုံစံေလးေတြေျပာင္းလဲဝတ္ဆင္ပါ

Source : shutterstock.com

ေယာက်ာ္းေလးအမ်ားစုက ကိုယ္နဲ႔လိုက္ဖက္တဲ့ ဖက္ရွင္ပံုစံတစ္မ်ဳိးထဲကိုသာ အစဥ္တစိုက္ဝတ္ဆင္ေလ့ရွိၾကပါတယ္။တကယ္ေတာ့ ဖက္ရွင္တစ္မ်ဳိးထဲ ဒီလိုဝတ္ဆင္ျခင္းကရိုးအီဖို႔ေကာင္းၿပီ အမ်ားအျမင္မွာလည္းသင့္ကိုဆြဲေဆာင္မႈေလ်ာ့က်ေစမွာျဖစ္ပါတယ္။ဒါေၾကာင့္မတူညီတဲ့ ဖက္ရွင္ပံုစံေလးေတြကိုလည္း ေျပာင္းလဲၿပီးဝတ္ဆင္ေပးပါ။ဥပမာသင္ဟာ ရွပ္အက်ီ ၤနဲ႔ ဂ်င္းေဘာင္းဘီအျမဲဝတ္ဆင္တက္တဲ့သူတစ္ေယာက္ဆိုရင္ တျခားမတူညီတဲ့ ပိုလိုရွပ္နဲ႔ Chino ေဘာင္းဘီတြဲဖက္ဝတ္ဆင္ တာမ်ဳိး Suit ေကာင္းေကာင္းဝတ္ဆင္တာမ်ဳိးစသည္ျဖင့္ မတူ ညီတဲ့ ဖက္ရွင္ေလးေတြကိုေျပာင္းလဲဝတ္ဆင္သင့္ပါတယ္။

(၃) ရႈးဖိနပ္ကိုမထပ္ေအာင္ဝတ္ဆင္ပါ

Source : shutterstock.com

သင့္ရဲ႕ ဖက္ရွင္ကိုအဆင့္ျွမင့္တင္ေပးမယ္ အရာေတြထဲမွာ ဖိနပ္ကလည္းတစ္ခုအပါအဝင္ျဖစ္ပါတယ္။အမ်ားစုကေတာ့ ကိုယ္နဲ႔ အဆင္ေျပတယ္ စီးရတာသက္ေတာင့္သက္သာရွိတယ္ ဆိုတဲ့ဖိနပ္တစ္မ်ဳိးထဲကိုသာ စြဲစြဲျမဲျမဲဝတ္ဆင္တက္ၾကတာပါ။ တကယ္ေတာ့ ကိုယ္ဝတ္ဆင္မယ့္အဝတ္အစားနဲ႔လိုက္ဖက္မႈရွိေစမယ့္ ရႈးဖိနပ္ပံုစံေလးေတြကိုလည္း အမ်ဳိးမ်ဳိးေျပာင္းၿပီးဝတ္ဆင္သင့္ပါတယ္။ဒါေၾကာင့္ကိုယ့္မွာအနည္းဆံုး မတူညီတဲ့ ရႈးဖိနပ္ပံုစံ (၃) ရံေလာက္ေတာ့ရွိထားသင့္ပါတယ္။

(၄) Accessories ေတြနဲ႔ တြဲဖက္ဝတ္ဆင္ပါ

Source : shutterstock.com

အမ်ဳိးသားေတြရဲ႕ ဖက္ရွင္ပိုင္းမွာ Accessories ပစၥည္းေလးေတြကလည္း မပါမျဖစ္ပါပဲ။ဒါေပမယ့္ တစ္ခုသတိထားရမွာက အလုပ္ခြင္ျဖစ္တာေၾကာင့္ မ်က္စိရႈပ္ေစမယ့္ Accessories ပစၥည္းေတြ ဝတ္ဆင္ဖို႔မသင့္ေတာ္ပါဘူး။လက္စြပ္ ခါးပတ္ နာရီ ေနကာမ်က္မွန္ ဆြဲႀကိဳးအေသးေလး စသည့္တဲ့ Accessories ပစၥည္း ေလးေတြေတာ့ တြဲဖက္ဝတ္ဆင္ႏိုင္ပါတယ္။

[Unicode]

ယနေ့ခေတ်မှာ မိန်းကလေးတွေသာမက ယောကျာ်းလေးတွေလည်းဖက်ရှင်ကိုဦးစားပေးလာကြပါပြီ။တောင်းမှာအကွပ် လူမှာအဝတ်ဆိုသလို ကိုယ့်ရဲ့ ဝတ်စားဆင်ယင်မှုပုံစံက ကိုယ့်ရဲ့ ကိုယ်ရေကိုယ်သွေးကိုအများကြီး အထောက်အကူဖြစ်စေတာ ဖြစ်ပါတယ်။ဒီနေ့မှာတော့ ရုံးတက်နေရတဲ့ဝန်ထမ်းတွေအနေနဲ့ အလုပ်ခွင်မှာ စမတ်ကျစေဖို့ သိထားသင့်တဲ့ Fashion Tips လေးတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။

(၁) ခန္ဓာကိုယ်အချိုးအစားနဲ့ အညီဝတ်ဆင်ပါ

Source : shutterstock.com

အဝတ်အစားဝတ်ဆင်တဲ့အခါ ကိုယ့်ရဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ အညီဝတ်ဆင်တက်ဖို့ကလည်း အင်မတန်မှ အရေးကြီးလှပါတယ်။ပိန်တဲ့သူပဲဖြစ်ဖြစ် ဝတဲ့ခန္ဓာကိုယ်ရှိသူပဲဖြစ်ဖြစ် အဝတ် အစားဝတ်တဲ့အခါ ကိုယ့်ခန္ဓာကိုယ်နဲ့ Fit ဖြစ်မယ့်ပုံစံမျိုးကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။ကိုယ်နဲ့အရမ်းကြီးပွနေတဲ့ ဝတ်စုံမျိုး အရမ်းကျပ်နေတဲ့ဝတ်စုံမျိုးတွေက သင့်ရဲ့ ဖက်ရှင်ကိုကြည့်ရဆိုးစေမှာဖြစ်ပါတယ်။ဒါကြောင့်ကိုယ့်ရဲ့ ခန္ဓာကိုယ် အချိုးအစားနဲ့အညီ ဝတ်ဆင်ဖို့အကြံပြုချင်ပါတယ်။

(၂) မတူညီတဲ့ပုံစံလေးတွေပြောင်းလဲဝတ်ဆင်ပါ

Source : shutterstock.com

ယောကျာ်းလေးအများစုက ကိုယ်နဲ့လိုက်ဖက်တဲ့ ဖက်ရှင်ပုံစံတစ်မျိုးထဲကိုသာ အစဉ်တစိုက်ဝတ်ဆင်လေ့ရှိကြပါတယ်။တကယ်တော့ ဖက်ရှင်တစ်မျိုးထဲ ဒီလိုဝတ်ဆင်ခြင်းကရိုးအီဖို့ကောင်းပြီ အများအမြင်မှာလည်းသင့်ကိုဆွဲဆောင်မှုလျော့ကျစေမှာဖြစ်ပါတယ်။ဒါကြောင့်မတူညီတဲ့ ဖက်ရှင်ပုံစံလေးတွေကိုလည်း ပြောင်းလဲပြီးဝတ်ဆင်ပေးပါ။ဥပမာသင်ဟာ ရှပ်အကျီ ၤနဲ့ ဂျင်းဘောင်းဘီအမြဲဝတ်ဆင်တက်တဲ့သူတစ်ယောက်ဆိုရင် တခြားမတူညီတဲ့ ပိုလိုရှပ်နဲ့ Chino ဘောင်းဘီတွဲဖက်ဝတ်ဆင် တာမျိုး Suit ကောင်းကောင်းဝတ်ဆင်တာမျိုးစသည်ဖြင့် မတူ ညီတဲ့ ဖက်ရှင်လေးတွေကိုပြောင်းလဲဝတ်ဆင်သင့်ပါတယ်။

(၃) ရှုးဖိနပ်ကိုမထပ်အောင်ဝတ်ဆင်ပါ

Source : shutterstock.com

သင့်ရဲ့ ဖက်ရှင်ကိုအဆင့်ြှမင့်တင်ပေးမယ် အရာတွေထဲမှာ ဖိနပ်ကလည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။အများစုကတော့ ကိုယ်နဲ့ အဆင်ပြေတယ် စီးရတာသက်တောင့်သက်သာရှိတယ် ဆိုတဲ့ဖိနပ်တစ်မျိုးထဲကိုသာ စွဲစွဲမြဲမြဲဝတ်ဆင်တက်ကြတာပါ။ တကယ်တော့ ကိုယ်ဝတ်ဆင်မယ့်အဝတ်အစားနဲ့လိုက်ဖက်မှုရှိစေမယ့် ရှုးဖိနပ်ပုံစံလေးတွေကိုလည်း အမျိုးမျိုးပြောင်းပြီးဝတ်ဆင်သင့်ပါတယ်။ဒါကြောင့်ကိုယ့်မှာအနည်းဆုံး မတူညီတဲ့ ရှုးဖိနပ်ပုံစံ (၃) ရံလောက်တော့ရှိထားသင့်ပါတယ်။

(၄) Accessories တွေနဲ့ တွဲဖက်ဝတ်ဆင်ပါ

Source : shutterstock.com

အမျိုးသားတွေရဲ့ ဖက်ရှင်ပိုင်းမှာ Accessories ပစ္စည်းလေးတွေကလည်း မပါမဖြစ်ပါပဲ။ဒါပေမယ့် တစ်ခုသတိထားရမှာက အလုပ်ခွင်ဖြစ်တာကြောင့် မျက်စိရှုပ်စေမယ့် Accessories ပစ္စည်းတွေ ဝတ်ဆင်ဖို့မသင့်တော်ပါဘူး။လက်စွပ် ခါးပတ် နာရီ နေကာမျက်မှန် ဆွဲကြိုးအသေးလေး စသည့်တဲ့ Accessories ပစ္စည်း လေးတွေတော့ တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။