ရှပ်အင်္ကျီဆိုတာ ယောကျာ်း၊ မိန်းမ မရွေး ဝတ်ဆင်ကြတဲ့အင်္ကျီအမျိုးအစားပဲဖြစ်ပါတယ်။ ဝတ်ရတာ သက်သောင့်သက်သာရှိပြီး ပေါ့ပါးလွတ်လပ်တဲ့အင်္ကျီလေးတွေပဲဖြစ်ပါတယ်။ ရှပ်အင်္ကျီမှာမှ အမျိုးအစားက အမျိုးမျိုးကွဲပြားသွားပါတယ်။ ရှပ်လက်တို၊ လက်ရှည်၊ ပွဲတက်တဲ့အခါ ဝတ်တဲ့ရှပ်အင်္ကျီ၊ ရုံးသွားတဲ့အခါ ဝတ်တဲ့ရှပ်အင်္ကျီ၊ အိမ်နေဝတ်ရှပ်အင်္ကျီ စသည်ဖြင့် အမျိုးမျိုး ကွဲပြားသွားပါတယ်။ ဒီလိုအမျိုးအစားမတူတဲ့ရှပ်အင်္ကျီတွေထဲမှာမှ ပုရိသတို့ မရှိမဖြစ်ပိုင်ဆိုင်ထားသင့်တဲ့ ရှပ်အင်္ကျီအမျိုးအစားလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

အောက်ဖို့စ် ရှပ်အင်္ကျီ

နေရာအခမ်းအနားမရွေး၊ ရာသီဥတုမရွေး ဝတ်ဆင်လို့ရတဲ့ အောက်ဖို့စ်ရှပ်အင်္ကျီပဲဖြစ်ပါတယ်။ မင်္ဂလာဆောင်သွားချင်တာလား၊ ရုံးသွားတက်ရမှာလား၊ ဘယ်လိုနေရာပဲသွားသွား ဝတ်ဆင်လိုပရပါတယ်။ အရောင်တောက်တောက် အောက်ဖို့စ်ရှပ်ကိုတော့ ရုံးသွားတဲ့အခါ ဝတ်ဆင်သင့်ပြီး အရောင်ရင့်ရင့်ရှပ်တွေကိုတော့ ပွဲအခမ်းအနားတွေ တက်ရင် ဝတ်ဆင်သင့်ပါတယ်။

Dress ရှပ်အင်္ကျီ

ဒီရှပ်အင်္ကျီအမျိုးအစားကတော့ သာမာန်ရှပ်အင်္ကျီတွေထက် နည်းနည်းထူပါတယ်။ အင်္ကျီအရှေ့ခြမ်းမှာ အတွန့်အတွန့်လေးတွေပါပါတယ်။ ဒီလို Dress ရှပ်တွေ ဝတ်တဲ့အခါ ဖဲပြားပုံနက်ခ်တိုင်ရယ်၊ ကုတ်အင်္ကျီရယ် ဝတ်စုံပြည့်ဝတ်မှ ခမ်းနားတဲ့အသွင် ပိုင်ဆိုင်နိုင်မှာပါ။

ကော်လံအပျော့ရှပ်အင်္ကျီ

ရာသီဥတုပူအိုက်လို့ စိတ်ညစ်နေပါသလား။ ကော်လံပျော့ရှပ်အင်္ကျီလေးသာ ဝတ်ဆင်လိုက်ပါ။ နွေရာသီဖက်ရှင်အတွက် ပေါ့ပါးလွတ်လပ်ပြီး သက်သောင့်သက်သာရှိတဲ့အသွင် ဖန်တီးပေးပါလိမ့်မယ်။

အပေါ်ဝတ်ရှပ်အင်္ကျီ

ရိုးရိုးရှင်းရှင်းနဲ့ ကြည့်ကောင်းချင်တာလား။ တီရှပ်အပါးတစ်ထည်ပေါ်မှာမှ အပေါ်ဝတ်အင်္ကျီလေး ထပ်ဝတ်ပေးလိုက်ပါ။ အပြာရောင်နဲ့ မီးခိုးရောင်ရှပ်အင်္ကျီတွေကတော့ ညဘက်အပြင်ထွက်လည်တဲ့အခါ ဝတ်ဆင်ရင် ဖက်ရှင်ကျပြီး သဘာဝဆန်တဲ့အရောင်တွေကတော့ ဘယ်နေရာမှမဆို ဝတ်ဆင်လို့ရပါတယ်။

ချည်ထည်အင်္ကျီအကွက်များ

အသားထူပြီး နူးညံ့ပျော့ပျောင်းတဲ့ချည်သားလေးတွေနဲ့ ရက်လုပ်ထားတဲ့ အင်္ကျီအကွက်လေးတွေက အင်မတန်ဖက်ရှင်ကျပါတယ်။ ချည်ထည်အင်္ကျီအကွက်ကို ရိုးရိုးတီရှပ်ရယ်၊ ဂျင်းဘောင်းဘီနဲ့ တွဲဝတ်လိုက်မယ်ဆိုရင် အထာအကျဆုံးပုရိသတစ်ယောက်ဖြစ်နေမှာပါ။

ရုံးတက် ရှပ်အင်္ကျီ

ရုံးတက်တဲ့အခါ ဘယ်လိုအရောင်အမျိုးအစားတွေ ဝတ်ရမလဲဆိုတာ ခေါင်းစားနေပါသလား။ အဖြူရောင်နဲ့ အပြာဖျော့အရောင်လေးတွေကို ဦးစားပေးပါ။

လက်တိုရှပ်အင်္ကျီ

ရှပ်အင်္ကျီလက်တိုကလည်း ဘီဒိုထဲဝယ်ထည့်ထားသင့်တဲ့အင်္ကျီပါပဲ။ ချီနိုဘောင်းဘီနဲ့ဖြစ်ဖြစ်၊ ဂျင်းဘောင်းဘီနဲ့ဖြစ်ဖြစ်၊ ဘောင်းဘီတိုနဲ့ပဲဖြစ်ဖြစ် တွဲဝတ်လို့အဆင်ပြေတာကတော့ ရှပ်အင်္ကျီလက်တိုပဲဖြစ်ပါတယ်။

ဂျင်းရှပ်အင်္ကျီ

လူငယ်ဆန်ဆန် ပေါ့ပါးလွတ်လပ်တဲ့အသွင် ဖန်တီးပေးနိုင်တဲ့ ရှပ်အင်္ကျီကတော့ ဂျင်းရှပ်အင်္ကျီတွေပဲဖြစ်ပါယတ်။

လီနင်ရှပ်အင်္ကျီ

ရာသီဥတုက အရည်ပျော်ကျမတတ် ပူလောင်အိုက်စပ်တဲ့အချိန်မှာ အသင့်တော်ဆုံးရှပ်အင်္ကျီတွေကတော့ လီနင်ရှပ်အင်္ကျီတွေပဲဖြစ်ပါတယ်။

ပိုလိုရှပ်အင်္ကျီ

ပိုလိုရှပ်အင်္ကျီတွေကတော့ ရုံးတက်တဲ့အခါပဲဖြစ်ဖြစ်၊ ပွဲတက်တဲ့အခါပဲဖြစ်ဖြစ်၊ ထသွားထလာအတွက်ပဲဖြစ်ဖြစ် နေရာမရွေး၊ အချိန်မရွေးဝတ်ဆင်နိုင်တဲ့ရှပ်အင်္ကျီအမျိုးအစားပဲဖြစ်ပါတယ်။

Source: thetrendspotter.net