90’s ဖက်ရှင်ဟာ Casual နဲ့ Trendy ကို Balance ညီအောင်ဝတ်တတ်ခြင်းပဲဖြစ်ပါတယ်။ ဒီလို မတူညီတဲ့ စတိုင်နှစ်ခု ထပ်တူကျဖို့ ဆိုတာကလွယ်တော့ မလွယ်ပါဘူး။ ၁၉၉၀ ကနေ ၂၀၀၀ ခုနှစ်မရောက်ခင်လောက်ထိ ခေတ်စားတဲ့ အမျိုးသားဖက်ရှင်တွေကို ဒီတစ်ခေါက် ပြောပြပေးချင်ပါတယ်။ 90’s Themed Outfit ကိုပြန်လည်ဖော်ထုတ် ပေးတာလည်းဖြစ်သလို စိတ်ဝင်စားတဲ့သူတွေလည်း ထိုစတိုင်တွေကို Inspire ယူပြီးဝတ်ဆင်နိုင်အောင် ဝေမျှပေးလိုက်ရခြင်းပဲ ဖြစ်ပါတယ်။

Source: pinterest.com

ပထမဦးဆုံးအနေနဲ့ ခေတ်စားခဲ့တဲ့အဝတ်အစားတွေထဲမှာမှ SweatSuit တွေဟာ ဝတ်ရတာ Comfort ဖြစ်တဲ့ အပြင် Stylish ဖြစ်စေတယ်လို့လဲပြောလို့ရပါတယ်။ အများစုကတော့ ဒီ SweatSuit တွေကို Workout လုပ်ရင်ဝတ်ဆင်လေ့ရှိပါတယ် ယနေ့ခေတ်မှာလည်း TrackSuit ဆိုပြီးပြန်လည်ဝတ်ဆင်လာကြပါတယ်။

Source: pinterest.com

၁၉၉၀ ရဲ့ Bad Boy ပုံစံမျိုးဖြစ်ချင်ရင်တော့ Street Wear တွေဖြစ်တဲ့ High Waist Jeans ၊ Black Boots ၊ သားရေ Jacket နောက်ပြီး Bleached Hair ( ဆံပင်ကိုအရောင်ချွတ်) ပြီး အပြတ်လန်းကြတာပဲ ဖြစ်ပါတယ်။ 90’s တုန်းက မိန်းကလေးတွေ အသဲစွဲ Bad Boy Look လို့ပဲပြောရမှာပေါ့။

၁၉၉၀ အနှောင်းပိုင်းလောကကျတော့ Man Bun တွေ ခေတ်စားလာပါတယ်။ အဝတ်အစားကို All Black ၊ Ripped နဲ့ Messy Bun တွေဟာ 90’s ဖက်ရှင်အစစ်လို့ပြောလို့ ရပေမယ့် အခု ၂၁ ရာစုအထိ ဒီTrend ကမပျောက်သွားပါဘူး။ ၁၉၉၀ ရဲ့ Swag လို့လဲပြောလို့ရပါတယ်။

Source: pinterest.com

Teens ဆယ်ကျော်သက်အရွယ်တွေ အတွက် ခေတ်စားခဲ့တဲ့ ဖက်ရှင်ဒီဇိုင်းကတော့ Graphic T-Shirt လက်ရှည် ၊ Shorts ဘောင်းဘီအတို ၊ G-Socks နဲ့ Canvas ရှုးဖိနပ်တို့ပဲဖြစ်ပါတယ်။ Fashionable ဖြစ် Super Cool Dude ဆိုတဲ့ Look မျိုးကိုရစေမှာဖြစ်ပါတယ်။

90’s ရဲ့ Rapper Style ကတော့ Baggy ဘောင်းဘီအပွကြီးတွေကို Sneakers တွေနဲ့ တွဲဖက်ဝတ်ဆင်ကြတာများပါတယ်။ တစ်ချို့90’s Kids တွေဆိုသိမှာ ငယ်ငယ်တုန်းက First Generation Rapper စတိုင်တွေဟာ ရေပန်းစားခဲ့တယ်ဆိုတာ။

Source: pinterest.com

ဒီလောက်ဆိုရင်တော့ 90’s ဖက်ရှင် Tips ဟာပြည့်စုံသလောက်ရှိနေပါပြီ။ Retro ဖက်ရှင်တွေကို စိတ်ဝင်စားသူတွေအတွက်လည်း Inspire ဖြစ်မယ်လို့မျှော်လင့်ပါတယ်။