ယခုဆို အင်္ဂလန်ဘောလုံးရာသီကလည်း ပြီးဆုံးဖို့နီးကပ်လာပါပြီ။ အင်္ဂလန်ပရီးမီးယားလိဂ်ဆိုတာ ဆွဲဆောင်မှုအရှိဆုံး ပြိုင်ပွဲတစ်ရပ်ပါ။ ၁၉၉၆-၁၉၉၇ ပရီးမီးယားလိဂ်ဘောလုံးရာသီတုန်းက ဘယ်လိုအခြေအနေတွေလည်းဆိုတာကို ပြောပြပေးသွားမှာဖြစ်ပါတယ်။
Source: premierleague.com
အဆိုပါ ခုနှစ်ကတော့ မန်ယူအသင်းရဲ့ သက်တော်ရှည်နည်းပြကြီး ဖာဂူဆန်ပန်းပန်ခဲ့တဲ့ ခုနှစ်တွေလို့ပြောလို့ရပါတယ်။ ထိုအချိန်က ပြိုင်ဘက်အသင်းတစ်သင်းဖြစ်တဲ့ နယူးကာဆယ်အသင်းကို (၁၂) မှတ်နဲ့ နောက်ကောက်ချနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ဖလားကြီးကို ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။ အလန်းရှီယားရဲ့ ဘလက်ဘန်းမှ နယူးကာဆယ်သို့ စံချိန်တင်ပြောင်းရွေ့ကြေး ပြောင်းရွေ့မှုနဲ့အတူ အဆိုပါရာသီကတော့ အားလုံးကို အံသြသက်စေခဲ့ပါတယ်။ ပြောင်းရွေ့ကြေးကတော့ ပေါင် (၁၅) သန်းဖြစ်ပါတယ်။
Source: premierleague.com
ထိုနှစ်ရဲ့ ချန်ပီယံအသင်းကတော့ မန်ချက်စတာယူနိုက်တတ်အသင်းဖြစ်ပါတယ်။ ဂိုးသွင်းအများဆုံးတိုက်စစ်မှူးဖြစ်ခဲ့တာကတော့ နယူးကာဆယ်အသင်းမှ အလန်ရှီးယားဖြစ်ပါတယ်။ ဂိုးဖန်တီးမှုအများဆုံးဆုကိုတော့ မန်ယူအသင်းမှ ကန်တိုနာက ရရှိခဲ့ပါတယ်။ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကိုတော့ Juninho ကရရှိခဲ့ပြီး နည်းပြဆုကိုတော့ မန်ယူရဲ့ ပဲ့ကိုင်ရှင် ဖာဂူဆန်မှ ရရှိခဲ့ပါတယ်။
Source: premierleague.com
အဆိုပါခုနှစ်မှာတော့ မန်ယူအသင်းရဲ့ လူငယ်ကစားသမားတွေဟာလည်း ခြေစွမ်းခြေစကောင်းမွန်စွာပြသခဲ့တာဖြစ်ပါတယ်။ ချန်ပီယံဆုနဲ့ မန်ယူအသင်းကတော့ ထိုက်တန်မှုရှိခဲ့တာဖြစ်ပါတယ်။ ရာသီတစ်ခုလုံးက အံသြမှင်သက်ဖွယ်ကောင်းခဲ့ပြီး ဘက်ဟမ်း၊ ပေါစဂိုးအစရှိတဲ့ လူငယ်ကစားသမားတွေ ခြေတတ်ခဲ့တဲ့ ခုနှစ်လည်းဖြစ်ပါတယ်။ အဆိုပါ ၁၉၉၆-၁၉၉၇ ဘောလုံးရာသီမှာတော့ မန်ယူအသင်းက သွင်းဂိုးပေါင်း (၇၆) ဂိုးအထိသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဖာဂူဆန်ရဲ့ မန်ယူနဲ့ ချန်ပီယံဆုကတော့ ထိုနှစ်က ထိုက်တန်ခဲ့ပါတယ်။