၁၉၉၇/၁၉၉၈ ဘောလုံးရာသီမှာတော့ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ဖလားကို ရရှိခဲ့ပါတယ်။ အခါးသီးဆုံး ပြိုင်ဘက် မန်ချက်စတာယူနိုက်တက် အသင်းဆီကနေ လွဲပြောင်းရယူခဲ့တာလည်း ဖြစ်ပါတယ်။ နည်းပြအာစင်ဝင်းဂါးအတွက်တော့ ပန်းပန်တဲ့ နှစ်ဖြစ်ခဲ့ပါတယ်။

Source: www.premierleague.com

အင်္ဂလန်မှာ စွဲမတ်ဖွယ်ကောင်းတဲ့ ကစားကွက်တွေကို မြင်တွေ့ရဖို့ဆိုတာက ထင်သလောက် မလွယ်ကူပါဘူး။ အခြာသေားလိဂ်တွေနဲ့မတူဘဲ မြန်နှုန်းမြင့်ကို ဦးစားပေးကစားကြလို့ပါ။ အဆိုပါခေတ်ကို ဆန့်ကျင်ပြီး နည်းပြအာစင်ဝင်းဂါးကတော့ ပရိသတ်ကို ရသဆန်တဲ့ ကစားပုံပေးခဲ့ပါတယ်။ သူရဲ့ ရသဆန်တဲ့ ဗျူဟာတွေနဲ့ပဲ ချန်ပီယံဆုကို လန်ဒန်အရောက်သယ်ဆောင်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

Source: www.premierleague.com

အာဆယ်နယ်အသင်းရဲ့ ချန်ပီယံဖြစ်ရာ ခရီးလမ်းကလည်း ထင်သလောက် မလွယ်ကူခဲ့ပါဘူး။ ထိုအချိန်က နာမည်ကြီးအသင်းတွေဖြစ်တဲ့ မန်ယူ၊ နယူးကာဆယ်အသင်းတို့ကို နောက်ကောက်ချနိုင်ခဲ့ပြီးမှသာ ပရီးမီးယားလိဂ်ဖလားကို ရရှိခဲ့တာဖြစ်ပါတယ်။

ထိုနှစ်ရဲ့ အကောင်းဆုံးကစားသမားကတော့ လီဗာပူးမှ ငှက်မြန်လေး မိုက်ကယ်အိုဝင်ဖြစ်ပါတယ်။ သွင်းဂိုးအများဆုံးကစားသမားကတော့ Dion Dublin, Michael Owen,  Chris Sutton တို့က ပူးတွဲရရှိခဲ့ပါတယ်။ ဂိုးဖန်တီးမှုအများဆုံးကစားသမားကတော့ ဖရီးကစ်တို့ရဲ့ ဘုရင် ဒေးဗစ်ဘက်ဟမ်းဖြစ်ပါတယ်။  အကောင်းဆုံးနည်းပြဆုကိုတော့ အာစင်ဝင်းဂါးက ရရှိသွားပါတယ်။

Source: www.premierleague.com

အင်္ဂလန်မြေမှာ စွဲမတ်ဖွယ်ကစားကွက်နဲ့ ရသအစုံပုံဖော်ပေးပြီး ပရီးမီးယားလိဂ် ချန်ပီယံဆုကြီးကို အာဆင်နယ်အသင်းက ထိုနှစ်မှာ ထိုက်ထိုက်တန်တန်ရရှိသွားတာဖြစ်ပါတယ်။