အဆိုပါဘောလုံးရာသီကိုတော့ မန်ယူအသင်းရဲ့ ပရိသတ်တွေ ဘယ်တော့မှ မေ့နိုင်မှာမဟုတ်ပါဘူး။ ၁၉၉၈/၁၉၉၉ အချိန်ကာလဆိုတာ မန်ယူအသင်းရဲ့ အောင်မြင်မှု အရှိန်ဝါထွန်းတောက်ခဲ့တဲ့ ကာလတွေဖြစ်ပါတယ်။ ထိုရာသီမှာ မန်ယူအသင်းအနေနဲ့ တစ်ရာသီအတွင်း ဖလားသုံးလုံးရရှိခဲ့ပါတယ်။ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်နဲ့ အက်အေဖလားတို့ဖြစ်ပါတယ်။

Source: www.premierleague.com

မန်ယူအသင်းရဲ့ ရွေထီးဆောင်းခဲ့တဲ့ကာလတွေလည်းဖြစ်ပါတယ်။ စိတ်လှုပ်ရှားစရာအခိုက်အတန့်၊ အနိုင်ရလဒ်လေးတွေနဲ့ ပြိုင်ဘက်တွေဖြစ်တဲ့ ချယ်ဆီး၊ အာဆယ်နယ်တို့ကို ဖြတ်ကျော်ပြီး ချန်ပီယံဆုဖလားကို ရရှိခဲ့တာဖြစ်ပါတယ်။ မန်ယူအသင်းရဲ့ လူငယ်ရွေရောင်မျိုးဆက် တစ်ခေတ်တောက်နေတဲ့ ကာလတွေလည်းဖြစ်ပါတယ်။ ထိုရာသီမှာ မန်ယူအသင်းမှ လူကောင်းအချို့ထွက်သွားသော်လည်း ပြန်ဝယ်ယူခဲ့တဲ့ ကစားသမားတွေက အသင်းအတွက် အကျိုးရှိခဲ့တာလည်းဖြစ်ပါတယ်။

Source: www.premierleague.com

ထိုရာသီရဲ့ ဂိုးသွင်းအများဆုံးတိုက်စစ်မှူးတွေကတော့ Jimmy Floyd Hasselbaink, Michael Owen နဲ့ Dwight Yorke တို့ဖြစ်ကြပါတယ်။ ဂိုးဖန်တီးမှုအများဆုံးကစားသမားတွေကတော့ Dennis Bergkamp နဲ့ Jimmy Floyd Hasselbaink တို့ဖြစ်ကြပါတယ်။ အကောင်းဆုံးကစားသမားဆုကိုတော့ မန်ယူအသင်းရဲ့ ကစားသမား Dwight Yorke ကရရှိသွားခဲ့ပါတယ်။ နည်းပြဖာဂူဆန်ကတော့ အကောင်းဆုံးနည်းပြဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

Source: www.premierleague.com

ပရီးမီယားလိဂ်ရဲ့ အကောင်းဆုံးနှစ်တစ်နှစ်လို့ ပြောလို့လည်းရပါတယ်။ အင်္ဂလန်ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ယူနိုက်တတ်တို့အတွက်တော့ အဆိုပါခုနှစ်ဟာ ဖလားသုံးခုနဲ့အတူ ခမ်းနားလွန်းခဲ့ပါတယ်။