အဆိုပါနှစ်မတိုင်ခင်က မန်ယူအသင်းအနေနဲ့ ဖလားသုံးလုံးဆွတ်ခူးခဲ့ပါတယ်။ မန်ယူနည်းပြကြီးဖာဂူဆန်အတွက်တော့ အဆိုပါနှစ်ဟာ ဖိအားမျိုးစုံနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ထိုနှစ်မှာ ဆာအဲ့လက်စ်ဖာဂူဆန်ကို ဗြိတိန်ဘုရင်မကြီးက နိုက်ဘွဲ့ချီးမြင့်ခဲ့ပါတယ်။ မန်ယူနဲ့ ဖာဂူဆန်အတွက်တော့ ခမ်းနာတဲ့ ခုနှစ်ဖြစ်ခဲ့ပါတယ်။

Source: premierleague.com

မန်ယူအသင်းဟာ ထိုအချိန်က နောက်ဆုံး (၈) နှစ်မှာ (၆) ကြိမ်အထိ ချန်ပီယံဆုဖလားကို ရရှိခဲ့ပါတယ်။ ထိုနှစ်မှာ (၁၁) ပွဲဆက်အနိုင်ရလဒ်ကိုလည်း ရရှိခဲ့ပါတယ်။ မန်ယူအသင်းဟာ ထိုနှစ်မှာ ဂိုးလည်း မြူးခဲ့ပါတယ်။ သွင်းဂိုးပေါင်း (၉၆) ဂိုးအထိသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ သရဲနီတွေအတွက်တော့ အဆိုပါခုနှစ်ဟာ အောင်မြင်မှုတွေနဲ့ ပြည့်နှက်ခဲ့ကြပါတယ်။

Source:premierleague.com

ဂိုးသွင်းအများဆုံးဆုကိုတော့ ဆန်းဒါးလန်းမှ Kevin Phillips  ကရရှိသွားပါတယ်။ ဂိုးဖန်းတီးမှုအများဆုံးကစားသမားတွေကတော့ ဒေးဗစ်ဘက်ဟမ်းနဲ့ Nolberto Solano  တို့ဖြစ်ကြပါတယ်။ အကောင်းဆုံးကစားသမားဆုကိုလည်း ဆန်းဒါးလန်းမှ Kevin Phillips  ကပဲ ရရှိသွားပါတယ်။ အကောင်းဆုံးနည်းပြဆုကတော့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြကြီးဖာဂူဆန်ရရှိသွားတာဖြစ်ပါတယ်။

Source: premierleague.com

မန်ယူအသင်းအနေနဲ့ ၁၉၉၉-၂၀၀၀ ခုနှစ်မှာ ဖလားကို ထိုက်ထိုက်တန်တန်ဆွတ်ခူးခဲ့တာဖြစ်ပြီး ဖာဂူဆန်ရဲ့ လူငယ်မျိုးဆက်ဟာလည်း နာမည်သတင်းပိုမွှေးလာပါတယ်။