အငြင်းအခုံတွေ၊ စံချိန်တင်တွေနဲ့ပဲ အချိန်တွေတရွေ့ရွေ့လွင့်လို့ ဥရောပဘောလုံးရာသီဟာ တစ်ဖန်ပြန်ပြီး စတင်လာပြန်ပါပြီ။ မနှစ်က ရီးရဲလ်အသင်းကို သုံးနှစ်ဆက်တိုက် ချန်ပီယံလိဂ်ပိုင်ရှင်ဖြစ်အောင် စွမ်းဆောင်ပေးခဲ့တဲ့ ဇီဒန်းဟာလည်း အသင်းကထွက်ခွာသွားပါပြီ။ ရော်နယ်ဒိုဟာလည်း အတွေ့အကြုံအသစ်နဲ့ အောင်မြင်မှုတွေကို ယူချင်တဲ့ ဆန္ဒနဲ့ ဂျူဗင်တပ်စ်ကိုပြောင်းသွားပါပြီ။ ငွေကြေးညှီနံတွေနဲ့ လူဝယ်ယူမှုတွေအမြှောက်အများလုပ်လာတဲ့ ဥရောပရဲ့ ဘုရင်က ဘယ်သူများဖြစ်မလဲ?

(၁) ဂျူဗင်တပ်စ်

Source: Zimbio.com

သူတို့တွေမှာ လူကောင်းတွေအများကြီးရှိထားသလို၊ ဒီနှစ်ဘောလုံးရာသီမှာလည်း Bouncci, Perin နဲ့ ချန်ပီယံလိဂ်ဗိုလ်တို့ကို ခေါ်ယူထားနိုင်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ဗိုလ်ဆိုတာ ဘယ်သူလဲဆိုတာ အားလုံးရိပ်မိကြမယ်ထင်ပါတယ်။ သူတို့တွေဟာ ငယ်ရွယ်ပြီး လက်ဆက်တဲ့ ကစားသမားတွေနဲ့ အတွေ့အကြုံတွေကို စုစည်းထားတဲ့ အသင်းဖြစ်တာကြောင့် ဒီနှစ်ချန်ပီယံလိဂ်ကို စိန်ခေါ်နိုင်စွမ်းအပြည့်ရှိပါတယ်။

(၂) မန်စီးတီး

Source: mancity.com

ဂွာဒီယိုလာ အုပ်ချုပ်နေတဲ့ မန်စီးတီးအသင်းရဲ့ လူစာရင်းဟာလည်း အတောင့်တင်းဆုံးအနေအထားမှာရှိပါတယ်။ နည်းစနစ် ဗိုလ်ချုပ်ဂွာဒီယိုလာရဲ့ တပ်ပေါင်းစုနဲ့အတူ မန်ဒီ၊ မာရာဇ်အစရှိတဲ့ ကစားသမားတွေပါ ယခုနှစ်မှာ အသစ်ပေါင်းစည်းထားတဲ့အတွက် ချန်ပီယံအိပ်မက်ကို တရားဝင်မက်ခွင့်ရှိပါတယ်။ မနှစ်ကလို လီဗာပူးကိုရှုံးပြီး ခြေမချော်ဖို့တော့လိုတာပေါ့နော်…

(၃) အက်သလက်တီကို မက်ထရစ်

Source: newindianexpress.com/

တီကိုအသင်းဟာ နောက်ဆုံးသုံးရာသီမှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲတစ်ကြိမ်၊ ယူရိုပါလိဂ်ဗိုလ်လုပွဲ နှစ်ကြိမ်ကစားထားရပါတယ်။ မကြာသေမီအချိန်က ကစားခဲ့တဲ့ စူပါလိဂ်မှာလည်း ရီးရဲလ်အသင်းကို အိမ်ပြန်လက်ဆောင်အဖြစ် အရှုံးပေးနိုင်ခဲ့ပါတယ်။ လူစာရင်းကလည်း အတောင့်တင်းဆုံးနဲ့ ရှိနေပြန်တော့ သူတို့လည်း ဖြစ်လာနိုင်ချေရှိပါတယ်။

အထက်ပါသုံးသင်းကတော့ ရဖို့အသေချာဆုံးဖြစ်ပြီး ဒုတိယဦးစားပေးတွေကတော့ PSG, ဘာစီလိုနာ, ရီးရဲလ်အသင်းတို့ဖြစ်ပါတယ်။ ကဲဘောလုံးဇာတ်ခုံကိုပဲ စောင့်ကြည့်ကြရအောင်….