နားထောင်လို့ကောင်းတဲ့ သီချင်းကိုပြောပါလို့ဆိုရင် တစ်ယောက်နဲ့တစ်ယောက်တူမှာ မဟုတ်ပါဘူး။ သီချင်းတွေကို နားထောင်တဲ့အခါ သီချင်းထဲက စာသားတွေအပြင် ဂီတသံကပါ လူတစ်ယောက်ရဲ့စိတ်ထဲကို ဝင်ရာက်နေရာယူမှုက အမျိုးမျိုးကွဲပြားနေပါသေးတယ်။ လူတစ်ယောက်ချင်းစီရဲ့ ဦးနှောက်နဲ့ အာရုံကြောတွေ ဆက်စပ်အလုပ်လုပ်ပုံက ကွဲပြားတာကြောင့် သီချင်းတွေကကောင်းနေရင်တောင် လူတစ်ယောက်ရဲ့စိတ်ထဲအထိ စွဲသွားဖို့ဆိုတာခက်ခဲပါတယ်။

Source: Shutterstock

ထိုကဲ့သို့ အမျိုးမျိုးကွဲပြားနေတဲ့လူတွေနဲ့ ကွဲပြားနေတဲ့သီချင်းတွေထဲက မျဉ်းပြိုင်တွေက ဘယ်တော့မှတစ်ခုနဲ့တစ်ခု ဖြတ်မသွားနိုင်ဘူးလို့ထင်ရပါတယ်။ ဒါပေမယ့် အဲ့ဒီလိုကွဲပြားမှုတွေကြားထဲက မျဉ်းပြိုင်နှစ်ကြောင်းကို ထိအောင်လုပ်ပေးနိုင်တဲ့ သီချင်းအမျိုးအစားတွေကို ဖန်တီးနိုင်တဲ့ ဂီတပညာရှင်တွေအများကြီးပါ။ သီချင်းတွေကတော့ HIgh Tempo ပါတဲ့ သီချင်းတွေဖြစ်တဲ့အတွက် လူတော်တော်များများရဲ့နားထဲမှာ စွဲနေစေမှာသေချာပါတယ်။ High Tempo 150 Beats နဲ့အထက်ဆိုရင် အားတက်စေတဲ့ခံစားမှုမျိုးကို ရရှိစေပါတယ်။

Source: Shutterstock

အဲ့ဒီလို High Tempo ပါတဲ့သီချင်းတွေကို ပျော်စရာကောင်းတဲ့အချိန်တွေ၊ စိတ်ကူးယဉ်ဆန်ဆန် စာသားတွေကိုပေါင်းလိုက်သည့်အခါ နားထောင်လို့သိပ်ကောင်းတဲ့ သီချင်းတွေထွက်လာပါတယ်။ နားထောင်လို့အကောင်းဆုံးနဲ့ အားအင်ဖြစ်စေတဲ့ သီချင်းတွေကိုဖော်ပြပေးလိုက်ပါတယ်။

Shawn Mendes – Nervous

Clean Bandit – Solo feat. Demi Lovato

Calvin Harris, Dua Lipa – One Kiss

Anne-Marie – 2002

Charli XCX & Troye Sivan – 1999

Rita Ora – Girls ft. Cardi B, Bebe Rexha & Charli XCX

LSD – Genius ft. Sia, Diplo, Labrinth

The Chainsmokers – Side Effects ft. Emily Warren

Sean Paul, David Guetta – Mad Love ft. Becky G

DJ Snake – Taki Taki ft. Selena Gomez, Ozuna, Cardi B