ပုရိသတွေ အတွက် ဖက်ရှင် Trend လို့ ပြောလိုက်ရင် Street wear ကလည်းမပါမဖြစ်ပါပဲ။ နာမည်ကြီး Brands တွေကထုပ်တဲ့ ဒီဇိုင်းတွေမဟုတ်ပေမဲ့လည်း T-Shirt ရဲ့Graphic Logo & Design တွေကြောင့် လတ်တလောခေတ်စားလာ ပါတယ်။

Source: gq.com

ဒီလို ဖက်ရှင်လောကကို လှုပ်ခါသွားစေတဲ့ Street Wear ဒီဇိုင်းကတော့ Cigarette တံဆိပ်တွေနဲ့ Awareness သတိပေးစာသားနဲ့ Tee တွေပဲဖြစ်ပါတယ်။ ဒီ ဒီဇိုင်းတွေဟာ ယောက်ျားလေးတွေကြားမှာလည်း အလွန်ရေပန်းစားပြီးဝတ်လာကြပါတယ်။

Source: gq.com

ဘာလို့နာမည်ကြီးစေတာလဲ ဆိုတော့ရှင်းပါတယ် စီးကရက်တွေရဲ့Brand တံဆိတ်တွေနဲ့ ထုပ်ထားတဲ့အပြင် စာသားခပ်မိုက်မိုက်တွေကြောင့်ပါ။ (ဥပမာအနေနဲ့ပြောရရင် Marlboro တံဆိတ်တွေနဲ့အပြင် ‘Smoking Kills Depression’ ‘I Only Smoke When I Drink’ ‘Fashion Kills’ ဆိုပြီး ရွဲ့ပြောထားတဲ့ စာသားအလန်းတွေပါတဲ့ Tee မျိုးတွေပါ။)

Source: gq.com


တကယ်တော့ ဒီလိုမျိုး Tee တွေလုပ်ဖို့ Inspiration ယူခဲ့တာက Marlboro ရဲ့ Campaign တစ်ခုဆီကပါ။ ၁၉၈၄ လောက်က စီးကရက် ဟာ ကျန်းမာရေးကို ဆိုးဝါးစွာထိခိုက်စေနိုင်တယ်ဆိုတဲ့ အကြောင်းကို Reader’s Digest မှာပါလာတဲ့ အချိန်ကစပြီး စီးကရက်ဈေးကွက် အတွက် ကမောက်ကမဖြစ်သွားပါတယ်။

 

Source: gq.com

အဲ့တာကိုပြန်အဖက်ဆယ်တဲ့ အနေနဲ့ နိုင်ငံတကာမှ စွန့်စားခရီးသွားသူတွေကို တစ်နှစ်တခါဖိတ်ပြီး Marlboro ကနေပြီး Awareness လုပ်သလိုလို ဘာလိုလို နဲ့သူတို့ စီးကရက် Logo ပါတဲ့ ဦးထုပ်တွေ Jeeps ကားတွေ Windbreakers နဲ့ shorts တွေလုပ်ပြီး ဈေးကွက်ကို ပြန်ဖောက်ခဲ့ပါတယ်။

Source: gq.com

အဲ့ကနေ Idea ယူပြီး အခုဆို Street Wear တွေအဖြစ် ထပ်ခေတ်စားလာရတာပဲဖြစ်ပါတယ်။ Smoker’s Collection လို့လည်းခေါ်ကြပါတယ်။ ကွီးတို့ လိုက်ဝတ်ချင်ရင်လည်းဝတ်လို့ရအောင် Trending ဖြစ်နေတဲ့ Street Wear Tees တွေကိုဒီ တပတ်ပြောပြပေးလိုက်ရခြင်းပဲဖြစ်ပါတယ်။