ဒီတပတ်တော့ နိုင်ငံခြားက Stylish Rapper တွေနဲ့ Street Stylist သမားတွေရဲ့ ၂၀၁၈ ဖက်ရှင် Inspire ယူပြီးဝေမျှပေးလိုက်ပါတယ်။ အောင်မြင်ပြီးသားသူတွေကတော့ အမြဲဖက်ရှင်တွေကို မရိုးရအောင်အစဆွဲထုပ်ပြီး ဝတ်နေကြပါတယ်။ ဒီတော့ကွီးတို့လည်း စတိုင်ကျလှပအောင် နည်းလမ်းလေးတော့ ယူထားသင့်ပါတယ်။

Source: Shutterstock

စတိုင်ကျလွန်းလို့ အများကစောင့်ကြည့်ခံနေရတဲ့ သူတွေဘာတွေဝတ်လာကြလဲဆိုတော့ Tracksuit ပဲဖြစ်ပါတယ်။ Tracksuit ဆိုတာ အားကစားလုပ်တဲ့အခါ ပြေးတဲ့အခါ မျိုးစုံသော အားကစားတွေလုပ်ရာမှာဝတ်ကြပါတယ်။ အရင်တုန်းက ယောကျာ်းလေးတွေ Tracksuit ဝတ်ရင် ရယ်ခံရပါတယ်။ ဘာလို့လည်းဆိုတော့ အပေါ်နဲ့အောင်ဆင်တူဖြစ်ပြီး ဝမ်းဆက်ဖြစ်နေလို့ပါ။

Source: Shutterstock

ခုနောက်ပိုင်းတော့ နာမည်ကြီး Brand တွေက ဒီဇိုင်းကာလာမျိုးစုံနဲ့ ထုတ်လာကြပါတယ်။ ဒီလိုဝတ်စုံမျိုးကို ယောကျာ်းလေးတွေကြားမှာ ခေတ်စားအောင်လုပ်ဖို့ဆိုတာမလွယ်ပါဘူး။ သိုပေမယ့် အများအားကျတဲ့ Cele တွေကဝတ်လာတာနဲ့ပဲ ဖက်ရှင်လောကမှာ စပြီးတော့ ခေတ်စားလာတာပဲဖြစ်ပါတယ်။ Rapper တွေဝတ်တဲ့ ရေပန်းစားနေသောTrack Suit ဒီဇိုင်း ၃ မျိုးကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။

Source: Shutterstock

Yeezy Season 5 Tracksuit Rapper Kanye West ဝတ်တဲ့ ဒီဇိုင်းကတော့ Lightweight ဖြစ်ပြီး မိုးကာသားလိုမျိုး Water-resistant ဖြစ်ပါတယ်။

Balenciaga Jersey Tracksuit ကတော့ Usher ဝတ်တဲ့ ဒီဇိုင်းမျိုးပါ။ ဗြောင် Slim-cut ဖြစ်ပြီး အပွစတိုင်မဟုတ်တော့ အထာကျပါတယ်။

A$AP Rocky ဝတ်တဲ့ Jersey Fabric နဲ့လုပ်ထားတာ ဖြစ်ပြီး အင်္ကျီလက်က ပုံမှန်ထက်ရှည်ပါတယ်။ Stripes ပါလို့ အပေါ်က Tracksuit တွေထက် အားကစားဝတ်စုံပုံစံ ပိုပေါက်ပါတယ်။

Source: Shutterstock