Top 1 (Astroworld)

သြဂုတ်လရဲ့ ဒုတိယအပတ် Billboard 200 ကထွက်ရှိလာခဲ့ပါပြီ။ ဘယ်လိုအလန်းစားအဆိုတော် တွေရဲ့ အမိုက်စားအယ်လ်ဘမ်တွေ ပါဝင်မလဲ ဆိုတာ ကြည့်ကြရအောင်နော်။ သီချင်းကောင်းကောင်း လေး တွေကိုလည်း ရွေးချယ်နားဆင်ကြတာပေါ့။

ဒီတပတ်မှာတော့ Astroworld ဆိုတဲ့ အယ်လ်ဘမ်က ထိပ်ဆုံးမှာ ရှိနေပါတယ်။ တေးသံရှင် Travis Scott ရဲ့ တတိယမြောက်အယ်လ်ဘမ် တစ်ခုဖြစ်ပါတယ်။ ရိုက်ကူးထားတဲ့  MTV ကလည်း အလန်းစားအိုင် ဒီယာတွေနဲ့ဆိုတော့ နားဆင်ကြည့်ရှုခံစားကြည့်လိုက်ရင် အရမ်းနှစ်သက်သွားမယ့် အယ်လ်ဘမ်တစ်ခုပဲ ဖြစ်ပါတယ်။

Top 2 (Scorpion)

Billboard 200 ရဲ့စာရင်းမှာ နံပါတ် ၂နေရာမှာတော့ အဆိုတော် Drake ရဲ့ Scorpion ဆိုတဲ့အယ်လ် ဘမ်ပဲ ဖြစ်ပါတယ်။ ၂၀၁၈မှာ ထွက်ရှိခဲ့တဲ့ Drake ရဲ့ အယ်လ်ဘမ်အသစ်ပဲ ဖြစ်ပါတယ်။ အမိုက်စား ကကွက် တွေနဲ့ သရုပ်ဖော်ထားတဲ့ သီချင်းလန်းလန်းတွေပါဝင်ပါတယ်။

Top 3 (Swimming)

နံပါတ်စဉ် ၃နေရာမှာ ရှိနေတာကတော့ အမေရိကန်  Rapperတစ်ဦးဖြစ်တဲ့  Mac Miller ရဲ့ Swimming ဆိုတဲ့ အယ်လ်ဘမ်ပဲဖြစ်ပါတယ်။ ဒီအယ်လ်ဘမ်လေးဟာ Mac Miller ရဲ့ ပဉ္စမမြောက် အယ်လ်ဘမ်ဖြစ်ပြီး ပရိသတ်တွေအကြိုက်တွေ့စေမယ့် သီချင်းကောင်းလေးတွေ အများကြီး ပါဝင် ပါတယ်။

Top 4 (Beerbongs & Bentleys)

အမေရိကန် Rapper တစ်ဦးဖြစ်တဲ့ Post Malone ရဲ့ Beerbongs & Bentleys ဆိုတဲ့ အယ်လ်ဘမ်က Billboard 200 မှာ နံပါတ် ၄ နေရာမှာ ရောက်ရှိနေပါတယ်။ ဒီအယ်လ်ဘမ်လေးဟာ အရမ်းထူးခြားတဲ့ အယ်လ် ဘမ်လေး တစ်ခုလည်းဖြစ်ပါတယ်။ Recording Industry Association of America ရဲ့ Double Platinum ဆု ကိုလည်း ရရှိထားခဲ့ပါတယ်။

Top 5 (Stay Dangerous)

နာမည်ကြီး Rapper အဆိုတော် YG ရဲ့ တတိယမြောက် အယ်လ်ဘမ် တစ်ခုပဲဖြစ်ပါတယ်။ Billboard Top 200 ရဲ့ နံပါတ် ၅နေရာမှာရှိနေပြီး လူကြိုက်များတဲ့ အယ်လ်ဘမ်လေးတစ်ခုဖြစ်ပါတယ်။  Featuring အနေနဲ့ Jay 305, Nicki Minaj စတဲ့ အမိုက်စားအဆိုတော်တွေက အားဖြည့်ထားပါတယ်။