တေးဂီတကိုလူတိုင်းနှစ်သက်သဘောကျကြပါတယ်။ ဒါပေမယ့်တစ်ယောက်နဲ့ တစ်ယောက်ဂီတကို နှစ်သက်ပုံခြင်းကတော့မတူနိုင်ကြပါဘူး။ ဂီတအမျိုးအစားများစွာ ရှိထဲကမှ ကိုယ်နှစ်သက်ရာဂီတကိုရွေးချယ် နားထောင်ကြတာပဲဖြစ်ပါတယ်။

၂၀၁၈ခုနှစ်ရဲ့ Red Music ကထုတ်ပြန်ထားတဲ့ လူကြိုက်အများဆုံး Top Rock Music တွေကိုရွေးချယ်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Top 1

Source: Limerick Post

နံပါတ် ၁ နေရာယူထားတာကတော့ Bad Wolves Band ရဲ့ Zombie သီချင်းဖြစ်ပါတယ်။ ၂၀၁၈ခုနှစ် မှာထုတ်ဝေခဲ့တာဖြစ်ပြီး Disobey အယ်လ်ဘမ်ထဲမှာပါဝင်တဲ့ Rock သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။

Top 2

Source: Backstage Axxess

နံပါတ် ၂နေရာမှာရှိနေတာက Five Finger Death Punch Band ရဲ့ Gone Away ပဲဖြစ်ပါတယ်။ And Justice for None အယ်လ်ဘမ်ထဲက Rock အမျိုးအစားသီချင်းတစ်ပုဒ်ဖြစ်ပါတယ်။

Top 3

Source: Rockarchive

လူကြိုက်အများဆုံးနံပါတ် ၃နေရာမှာကတော့ ၁၉၉၄ခုနှစ်ကစတင်တည်ထောင်ခဲ့တဲ့ Muse Band ရဲ့  Thought Contagion ဆိုတဲ့သီချင်းပဲဖြစ်ပါတယ်။ ၂၀၁၈ခုနှစ်မှာဖြန့်ချီခဲ့ပြီး Alternative Rock အမျိုးအစားသီချင်းတစ်ပုဒ်ဖြစ်ပါတယ်။

Top 4

Source: abc7.com

ယခုတစ်ခါလူကြိုက်အများဆုံးနံပါတ် ၄နေရာမှာရှိနေတာကတော့ Rock ဘိုးအေကြီးတွေလို့ပြောရလောက်တဲ့ Bon Jovi Band ရဲ့သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ ၂၀၁၆ခုနှစ်ကဖြန့်ချီခဲ့တဲ့ This House Is Not For Sale ဆိုတဲ့အယ်လ်ဘမ်ထဲမှာပါဝင်တဲ့ When we were us ဆိုတဲ့ Rock သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။

Top 5

Source: ew.com

လူကြိုက်အများဆုံးနံပါတ် ၅ နေရာမှာနေရာယူထားတာကတော့ ၁၉၉၄ခုနှစ်ကစတင်ဖွဲ့စည်းခဲ့တဲ့ Foo Fighters Band အဖွဲ့ရဲ့ The Sky Is A Neighborhood ဆိုတဲ့ Alternative Rock သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ Concrete and Gold ဆိုတဲ့အယ်လ်ဘမ်ထဲမှာပါဝင်ခဲ့တာဖြစ်ပြီး ၂၀၁၇ခုနှစ်ကဖြန့်ချီခဲ့တာဖြစ်ပါတယ်။