အားလုံးပဲ မင်္ဂလာပါ။ မိန်းကလေးတွေသာမဟုတ်ဘဲ ယောကျာ်းချင်းကပါ ငေးမောရလောက်တဲ့ ကြွက်သားဗလတွေကို ပိုင်ဆိုင်နိုင်ဖို့ ကြိုးစားနေကြတဲ့ ပုရိသတို့ရေ။

နေ့တိုင်းမှန်မှန် လေ့ကျင့်ခန်းလုပ်ပေးနေတာတောင်မှ ကြွက်သားတွေက ထွက်မလာနိုင်သေးဘူးလား။ ဒါဆိုရင်တော့ ဘာကအဓိကအကြောင်းအရင်းလဲဆိုတာကို သေချာစဉ်းစားကြည့်ဖို့လိုနေပါပြီ။

ကျစ်လျစ်တဲ့ ခန္ဓာကိုယ်ကို ရရှိဖို့ဆိုတာဟာ လေ့ကျင့်ခန်းတစ်ခုကိုပဲ အားကိုးနေလို့မရသလို အစားအသောက်ကိုလည်း ဂရုတစိုက်ရှိရပါမယ်။ ကိုယ်က ကြွက်သားတွေလည်း လိုချင်သေးတယ်၊ အဆီအစိမ့်တွေချည်း စားမိနေတယ်ဆိုရင်တော့ မဟုတ်သေးပါဘူးနော်။

Source: winning-performance.uk

ကဲ…ဒါဆိုရင်တော့ ကြွက်သားတွေတည်ဆောက်ရာမှာ အနှောင့်အယှက်ဖြစ်စေတဲ့ အစားအသောက်တွေက ဘာတွေဖြစ်မလဲဆိုတာ အခုပဲကြည့်လိုက်ရအောင်ပါ။

၁။ ဘီစကစ်တွေ

Source: Yummy Tummy

ဘီစကစ်တွေဟာ သကြားထည့်သွင်းပြုလုပ်ထားတာကြောင့် ခန္ဓာကိုယ်အတွက် လုံးဝကောင်းကျိုးမဖြစ်စေပါဘူး။ သကြားဓာတ်ဟာ ခန္ဓာကိုယ်တွင်းက အင်ဆူလင်ကို မြင့်တက်သွားစေနိုင်လို့ ခန္ဓာကိုယ်ရဲ့ အဆီလောင်ကျွမ်းနိုင်စွမ်းကို လျော့ကျစေပါတယ်။ ဒါ့အပြင် ဆိုးရွားတဲ့ ကိုလက်စထရောပမာဏကိုလည်း မြှင့်တင်ပစ်နိုင်ပါတယ်။

၂။ အအေးများ

Source: DrinksFeed

ဖျော်ရည်၊ အအေးတွေမှာ ဆေးသကြားတွေပါဝင်တာကြောင့် လေ့ကျင့်ခန်းလုပ်နေရင်တောင်မှ သင့်ရဲ့ခန္ဓာကိုယ်ကို ဆိုးကျိုးတွေဖြစ်စေပါတယ်။ ဒါကြောင့် ဆိုးဆေးတွေ၊ ဆေးသကြားတွေပါဝင်တဲ့ အအေးတွေအစား ရေနွေးကြမ်း၊ အုန်းရည်၊ သံပုရာရည်တို့လို သဘာဝဖျော်ရည်တွေကို အစားထိုးသောက်သုံးပါ။

၃။ ဝေဖာများ

Source: daringgourmet.com

အာလူးတွေလိုပုံစံမျိုးအတိုင်း သင့်ရဲ့ခန္ဓာကိုယ်ကို ပုံပျက်မသွားစေချင်ရင်တော့ လေ့ကျင့်ခန်းတွေလုပ်တာအပြင် ဝေဖာတို့လို အချိုဓာတ်ပါတဲ့ အစားအစာတွေကို ရှောင်ကြဉ်ပါ။

Featured Image Source: in.askmen.com