စိတ်ပညာအရ လူတိုင်းမှာ Willpower ရှိပါတယ်။ ပြဿနာက စိတ်ခွန်အားဟာ အတက်အကျ မမှန်တာပါပဲ။ စိတ်ခွန်အားကို မြှင့်ထားနိုင်သူဟာ အလုပ်မှာလုပ်ရည်ကိုင်ရည်ကောင်းသူ ဖြစ်လာပြီး အားကစားမှာ ထူးချွန်ထက်မြက်သူ ဖြစ်လာပါတယ်။

ကြွက်သားလေ့ကျင့်မှုလိုပဲ စိတ်ခွန်အားကို လေ့ကျင့်ထားသူဟာ အချိန်ပြည့်ကြံ့ခိုင်သန်မာ နေမှာပါ။ အခုပြောမှာကတော့ Willpower ကို ဘယ်လိုအားဖြည့် Recharge လုပ်သလဲဆိုတဲ့ နည်းလမ်းပါပဲ။

(၁) အသက်ရှုမှုကို အာရုံစိုက်ပါ

Source: metododerosefloripa

အလွန်ကိုရိုးရှင်းပေမယ့်ထူးခြားထိရောက်တဲ့ နည်းလမ်းတစ်ခုရှိပါတယ်။အသက်ရှုတာပါပဲ။အသက်ရှုနည်းစနစ်ကိုမှန်မှန်ကန်ကန်လုပ်ဆောင်မယ်ဆိုရင်Cortisolနဲ့ Catecholamines လိုမျိုး Stress Hormones တွေ လျှော့ချနိုင်ပါတယ်။အသက်ရှုရာမှာ ပြင်းပြင်းရှုပြီး အနည်းဆုံး ၅ စက္ကန့် အသက်အောင့်ထားပြီး ဖြည်းဖြည်းချင်း ရှုထုတ်သင့်ပါတယ်။ အသက်ဝဝရှုလိုက်ခြင်းဟာ သင့်ခေါင်းကို ရှင်းထုတ်လိုက်ရာရောက်ပြီး စိတ်ကိုပိုစုစည်း မိစေပါတယ်။

(၂) ပန်းတိုင်ငယ်တွေရောက်တိုင်း ကိုယ့်ကိုယ်ကိုဂုဏ်ပြုပါ

Source: Unsplash

Self-Esteem ဖြစ်ခြင်းဟာ စိတ်ခွန်အားဖြစ်စေဖို့ တွန်းအားပါပဲ။ အင်မတန်သေးငယ်တဲ့ ပန်းတိုင် တစ်ခုပဲ ရောက်ရောက် ကိုယ့်ရဲ့ စွမ်းရည်ကို အသိအမှတ်ပြု ဆုပေးခြင်းဟာ စိတ်ခွန်အားတက်လာစေပါတယ်။ ဒါဟာ Willpower ပိုကောင်းစေတဲ့ အချက်ပါပဲ။ကိုယ်ရောက် ရှိခဲ့တဲ့ အဆင့်တစ်ခုချင်းစီအတွက် ကိုယ့်ကိုယ်ကို ဆုပေး ၊ နောက်ထပ်ပန်းတိုင်တစ်ခုစီကို Challenge လုပ်ပါ။

(၃) ရေအေးအေးချိုးပါ

Source: healthline

ရေအေးအေး ချိုးခြင်းဟာ mood ကို အပြောင်းအလဲ ဖြစ်စေပါတယ်။ စိတ်ခွန်အား နည်းနေချိန်မှာ Cold Shower လုပ်ခြင်းဟာ စိတ်ကို အပြောင်းအလဲ ဖြစ်စေပြီး Willpower ထိန်းပြီး ဖြစ်လာစေပါတယ်။ ကိုယ့်ရဲ့ Lifestyle တစ်ခု ပြောင်းလိုက်လို့ Willpower ပြောင်းတယ်ဆိုတဲ့ အချက်ဟာ ခန္ဓာကိုယ်က အာရုံကိုလက်ခံတဲ့ ပုံစံနဲ့ ဆင်ပါတယ်။တစ်နည်းအားဖြင့် ရေအေးအေး ချိုးပေးခြင်းအားဖြင့် Willpower Muscle တွေ ပိုကြံ့ခိုင်လာပြီး အလုပ်မှာလည်း Performance ပိုကောင်းလာပါလိမ့်မယ်။