[Unicode]

ကျန်းမာခြင်းသည် လာဒ်ကြီးတစ်ပါးလို့ ပြောကြတဲ့စကားလေးအတိုင်း လူတစ်ယောက်အတွက်ကျန်းမာရေးက တော်တော်လေးကိုအရေးပါတဲ့အရာတစ်ခုဖြစ်ပါတယ်။ကျန်းမာဖို့ အစားအသောက်တွေထိန်းသိမ်းတာအပြင် အားကစားလုပ်ခြင်းကလည်း မှန်ကန်တဲ့ကျမ်းမာရေးအလေ့အထိတစ်ခုဖြစ်ပါတယ်။ဒီနေ့မှာတော့ နေ့စဉ်အားကစားခြင်းဖြင့် စိတ်နဲ့ ခန္ဓာကိုယ်အပေါ်ဘယ်လိုကျန်းမာရေးအကျိုးသက်ရောက်မှုတွေရှိလဲဆိုတာပြောပြပေးသွားမှာဖြစ်ပါတယ်။

(၁) ကျန်းမာကြံ့ခိုင်လာမယ်

Source : Baltimore Sun

ယနေ့ခေတ်လိုနည်းပညာတိုးတက်လာတဲ့ခေတ်ကြီးမှာဝန်ထမ်းအများစု ကွန်ပြူတာအရှေ့မှာပဲထိုင်ပြီး အလုပ်လုပ်ကြရတာများပါတယ်။ထိုင်ခုံမှာထိုက်ပြီးကွန်ပြူတာအသုံးရတဲ့အချိန်များလာတဲ့အခါ အဝလွန်ခြင်း ကိုယ်လက်ညောင်းညာကိုက် ခဲခြင်း အာရုံကြောအားနည်းခြင်းစတဲ့ကျန်းမာရေးပြဿနာတွေများစွာကြုံလာရနိုင်ပါတယ်။သင့်အနေနဲ့ နေ့စဉ်ပုံမှန်အား ကစားတစ်ခုခုလုပ်မယ်ဆိုရင်တော့ ဒီလိုကျန်းမာရေးပြဿနာတွေမှ လွတ်မြောက်ပြီး ကျန်းမာကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ရရှိလာစေမှာပဲဖြစ်ပါတယ်။

(၂) စိတ်ဖိစီးမှုနည်းလာမယ်

Source : Cocoyoyo

လူတိုင်းလူတိုင်းအတွက် နေ့စဉ်နဲ့ အမျှ စိတ်ဖိစီးမှုတွေကြုံတွေ့နေကြပါတယ်။အားကစားပုံမှန်လုပ်ဆောင်ခြင်းကကိုယ်ရဲ့ စိတ်နဲ့ဆက်နွယ်နေတာကြောင့် တစ်နေ့တာကြုံတွေ့ရတဲ့ စိတ်ဖိစီးမှုတွေကိုအကောင်းဆုံးလျော့ကျစေပြီး စိတ်ဖိစီးမှုကင်းတဲ့ နေ့သစ်တွေစီခေါ်ဆောင် သွားပေးမှာဖြစ်ပါတယ်။ဒါကြောင့် စိတ်ဖိစီးမှုများတဲ့ ဝန်ထမ်း တွေအနေနဲ့ မွန်းကြပ်တဲ့နေ့စဉ်ဘဝကို အကောင်းဆုံးဖြတ်သန်းနိုင်ဖို့ တစ်နေ့ကိုတစ်နာခန့်အချိန်ပေးပြီး အားကစားလုပ်ဆောင်ပေးသင့်ပါတယ်။

(၃) နုပျိုလန်းဆန်းလာစေမယ်

Source : Max Vit

နေ့စဉ်ပုံမှန်အားကစားလုပ်ဆောင်ခြင်းက သင့်ကိုစိတ်ပိုင်းဆိုင် နုပျိုစေရုံသာမက ရုပ်ပိုင်းဆိုင်ရာမှာလည်း နုပျိုလန်းဆန်းလာစေမှာဖြစ်ပါတယ်။တစ်ချို့သောလူတွေမှာအသက်အရွှယ်နဲ့ မလိုက်အောင်နုပျိုလန်းဆန်းမှုတွေပိုင်ဆိုင်ထားကြတာမြင်ဖူးကြမယ်ထင်ပါတယ်။ဒီလိုလူတွေရဲ့ အဓိကလျို့ဝှက်ချက် အားကစားပုံမှန်လုပ်ဆောင်လို့ပါပဲ။အားကစားလုပ်ခြင်းက သင့်ရဲ့ ခန္ဓာကိုယ်အချိုးအစားကိုထိန်းညှိပေးပြီး အသားအရေကြည် လင်လှပကာ နုပျိုလန်းဆန်းမှုတွေနဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှု့ပြည့်ဝနေစေမှာဖြစ်ပါတယ်။

(၄) အာရုံစူးစိုက်မှုကောင်းလာမယ်

Source : Fithabits

အလုပ်ခွင်မှာ စွမ်းဆောင်ရည်ကျဆင်းနေလို့ စိတ်ညစ်နေရင်တော့ အားကစားတစ်ခုခုလုပ်ဆောင်ဖို့ အကြံပြုလိုပါတယ်။ဘာကြောင့်လဲဆိုရင် လေ့ကျင့်ခန်းလုပ်ဆောင်ခြင်းက သင့်ရဲ့ စိတ်နဲ့ ခန္ဓာကိုယ်အတွက် ခွန်အားတွေပိုမိုအားရရှိစေပြီး အာရုံစူးစိုက်မှုပိုမိုကောင်းမွန်စေကာ အလုပ်ခွင်မှာ စွမ်းဆောင်ရေကောင်းတဲ့ဝန်ထမ်းတစ်ယောက်အဖြစ်နာမည်ကောင်းရစေမှာ ဖြစ်ပါတယ်။

[Zawgyi]

က်န္းမာျခင္းသည္ လာဒ္ႀကီးတစ္ပါးလို႔ ေျပာၾကတဲ့စကားေလးအတိုင္း လူတစ္ေယာက္အတြက္က်န္းမာေရးက ေတာ္ေတာ္ေလးကိုအေရးပါတဲ့အရာတစ္ခုျဖစ္ပါတယ္။က်န္းမာဖို႔ အစားအေသာက္ေတြထိန္းသိမ္းတာအျပင္ အားကစားလုပ္ျခင္းကလည္း မွန္ကန္တဲ့က်မ္းမာေရးအေလ့အထိတစ္ခုျဖစ္ပါတယ္။ဒီေန႔မွာေတာ့ ေန႔စဥ္အားကစားျခင္းျဖင့္ စိတ္နဲ႔ ခႏၶာကိုယ္အေပၚဘယ္လိုက်န္းမာေရးအက်ဳိးသက္ေရာက္မႈေတြရွိလဲဆိုတာေျပာျပေပးသြားမွာျဖစ္ပါတယ္။

(၁) က်န္းမာႀကံ႕ခိုင္လာမယ္

Source : Baltimore Sun

ယေန႔ေခတ္လိုနည္းပညာတိုးတက္လာတဲ့ေခတ္ႀကီးမွာဝန္ထမ္းအမ်ားစု ကြန္ျပဴတာအေရွ႔မွာပဲထိုင္ၿပီး အလုပ္လုပ္ၾကရတာမ်ားပါတယ္။ထိုင္ခံုမွာထိုက္ၿပီးကြန္ျပဴတာအသံုးရတဲ့အခ်ိန္မ်ားလာတဲ့အခါ အဝလြန္ျခင္း ကိုယ္လက္ေညာင္းညာကိုက္ ခဲျခင္း အာရံုေၾကာအားနည္းျခင္းစတဲ့က်န္းမာေရးျပႆနာေတြမ်ားစြာႀကံဳလာရႏိုင္ပါတယ္။သင့္အေနနဲ႔ ေန႔စဥ္ပံုမွန္အား ကစားတစ္ခုခုလုပ္မယ္ဆိုရင္ေတာ့ ဒီလိုက်န္းမာေရးျပႆနာေတြမွ လြတ္ေျမာက္ၿပီး က်န္းမာႀကံ႕ခိုင္တဲ့ ခႏၶာကိုယ္ရရွိလာေစမွာပဲျဖစ္ပါတယ္။

(၂) စိတ္ဖိစီးမႈနည္းလာမယ္

Source : Cocoyoyo

လူတိုင္းလူတိုင္းအတြက္ ေန႔စဥ္နဲ႔ အမွ် စိတ္ဖိစီးမႈေတြႀကံဳေတြ႕ေနၾကပါတယ္။အားကစားပံုမွန္လုပ္ေဆာင္ျခင္းကကိုယ္ရဲ႕ စိတ္နဲ႔ဆက္ႏြယ္ေနတာေၾကာင့္ တစ္ေန႔တာႀကံဳေတြ႔ရတဲ့ စိတ္ဖိစီးမႈေတြကိုအေကာင္းဆံုးေလ်ာ့က်ေစၿပီး စိတ္ဖိစီးမႈကင္းတဲ့ ေန႔သစ္ေတြစီေခၚေဆာင္ သြားေပးမွာျဖစ္ပါတယ္။ဒါေၾကာင့္ စိတ္ဖိစီးမႈမ်ားတဲ့ ဝန္ထမ္း ေတြအေနနဲ႔ မြန္းၾကပ္တဲ့ေန႔စဥ္ဘဝကို အေကာင္းဆံုးျဖတ္သန္းႏိုင္ဖို႔ တစ္ေန႔ကုိတစ္နာခန္႔အခ်ိန္ေပးၿပီး အားကစားလုပ္ေဆာင္ေပးသင့္ပါတယ္။

(၃) ႏုပ်ဳိလန္းဆန္းလာေစမယ္

Source : Max Vit

ေန႔စဥ္ပံုမွန္အားကစားလုပ္ေဆာင္ျခင္းက သင့္ကိုစိတ္ပိုင္းဆိုင္ ႏုပ်ဳိေစရံုသာမက ရုပ္ပိုင္းဆိုင္ရာမွာလည္း ႏုပ်ဳိလန္းဆန္းလာေစမွာျဖစ္ပါတယ္။တစ္ခ်ဳိ႕ေသာလူေတြမွာအသက္အရႊယ္နဲ႔ မလိုက္ေအာင္ႏုပ်ဳိလန္းဆန္းမႈေတြပိုင္ဆိုင္ထားၾကတာျမင္ဖူးၾကမယ္ထင္ပါတယ္။ဒီလိုလူေတြရဲ႕ အဓိကလ်ဳိ႕ဝွက္ခ်က္ အားကစားပံုမွန္လုပ္ေဆာင္လို႔ပါပဲ။အားကစားလုပ္ျခင္းက သင့္ရဲ႕ ခႏၶာကိုယ္အခ်ဳိးအစားကိုထိန္းညွိေပးၿပီး အသားအေရၾကည္ လင္လွပကာ ႏုပ်ဳိလန္းဆန္းမႈေတြနဲ႔ ကိုယ့္ကိုယ္ကိုယံုၾကည္မႈ ႔ျပည့္ဝေနေစမွာျဖစ္ပါတယ္။

(၄) အာရံုစူးစိုက္မႈေကာင္းလာမယ္

Source : Fithabits

အလုပ္ခြင္မွာ စြမ္းေဆာင္ရည္က်ဆင္းေနလို႔ စိတ္ညစ္ေနရင္ေတာ့ အားကစားတစ္ခုခုလုပ္ေဆာင္ဖို႔ အႀကံျပဳလိုပါတယ္။ဘာေၾကာင့္လဲဆိုရင္ ေလ့က်င့္ခန္းလုပ္ေဆာင္ျခင္းက သင့္ရဲ႕ စိတ္နဲ႔ ခႏၶာကိုယ္အတြက္ ခြန္အားေတြပိုမိုအားရရွိေစၿပီး အာရံုစူးစိုက္မႈပိုမိုေကာင္းမြန္ေစကာ အလုပ္ခြင္မွာ စြမ္းေဆာင္ေရေကာင္းတဲ့ဝန္ထမ္းတစ္ေယာက္အျဖစ္နာမည္ေကာင္းရေစမွာ ျဖစ္ပါတယ္။