[Zawgyi]

တစ္ေန႔တာကုန္ဆံုးသြားတဲ့အားအင္ေတြကိုျပန္လည္ျဖည့္စြမ္း ႏိုင္ဖို႔အေကာင္းဆံုးနည္းလမ္းတစ္ခုက ညဘက္မွာႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ျပန္လည္အိပ္စက္အနားယူေပးဖို႔ပါပဲ။ဒါေပမယ့္ယေန႔ေခတ္လူအမ်ားစုကေတာ့ ညဘက္ေတြမွာ အိပ္မေပ်ာ္တဲ့ေဝဒနာေတြကိုေကာင္းေကာင္းခံစားေနၾကရပါတယ္။ဒါေၾကာင့္ဒီေန႔မွာ ေတာ့ ညဘက္မွာႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္စက္အနားယူခ်င္ပါတယ္ဆိုတဲ့သူေတြအတြက္ အေကာင္းဆံုးနည္းလမ္းေလးေတြကို မွ်ေဝေပးခ်င္ပါတယ္။

(၁) သက္ေတာင့္သက္သာရွိတဲ့အဝတ္အစားမ်ဳိးေရြးခ်ယ္ပါ

Source : Depositphotos

ညဘက္အိပ္တဲ့အခါ သက္ေတာင့္သက္သာရွိေစမယ့္ ညအိပ္ အဝတ္အစားေတြက သင့္ကိုပိုၿပီး ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ႏိုင္ဖို႔ကူညီေပးမွာျဖစ္ပါတယ္။အိပ္ညဝတ္စံုမဝတ္ခ်င္ဘူးဆိုရင္ ေတာင္ ေခ်ာင္ေခ်ာင္ခ်ိခ်ိနဲ႔ ေလဝင္ေလထြက္ေကာင္းမြန္မယ့္ ခ်ည္သားအဝတ္အထည္ေတြကိုဝတ္ဆင္ၿပီးအိပ္သင့္ပါတယ္။

(၂) သန္႔ရွင္းေမြးပ်ံ႕တဲ့အိပ္ယာအခင္းအက်င္းမ်ဳိးျပင္ဆင္ပါ

Source : Mental Health Group

ကိုယ္အိပ္ယာအိပ္ယာအခင္းအက်င္းက သန္႔ရွင္းမႈမရွိဘူးအနံ႔ အသက္ေကာင္းေကာင္းမရွိဘူးဆိုရင္လည္း အိပ္စက္ရာမွာ အေႏွာက္ယွက္ျဖစ္ေစႏိုင္ပါတယ္။ဒါေၾကာင့္မိမိရဲ႕ အိပ္ယာကို သန္႔ရွင္းၿပီးအနံ႔သက္ေကာင္းတဲ့ အိပ္ယာမ်ဳိးျဖစ္ေအာင္ျပင္ဆင္သင့္ပါတယ္။အိပ္ယာခင္းေတြနဲ႔ ေခါင္းအံုးစြတ္ေတြကို တစ္ပတ္တစ္ခါေလ်ာ္ဖြတ္သန္႔စင္တာမ်ဳိး ေနထုန္လွန္းတာမ်ဳိးျပဳလုပ္ေပးဖို႔ အႀကံျပဳခ်င္ပါတယ္။

(၃) တိတ္ဆိတ္ျငိမ္သက္မႈရွိပါေစ

Source : shutterstock.com

ျပင္ပအသံပလန္ေတြကလည္း သင့္ရဲ႕ အိပ္စက္မႈကိုေကာင္းေကာင္းဒုကၡေပးႏိုင္ပါတယ္။ဒါေၾကာင့္သင့္ရဲ႕ အိပ္ယာကို တိတ္ဆိတ္ၿငိမ္သက္မႈရွိတဲ့ ေနရာမ်ဳိးမွာ ထားသင့္ပါတယ္။ေတာ္ ရံုျပင္ပအသံေတြမၾကားရပဲ တိတ္ဆိတ္ၿငိမ္သက္စြာအိပ္စက္ႏိုင္မယ္ဆိုရင္ ေနာက္တစ္ေန႔မွာအားအင္အျပည့္နဲ႔ ႏိုးထလာမွာ ျဖစ္ပါတယ္။

(၄) အခန္းမီးအလင္းေရာင္ေလ်ာ့ထားပါ

Source : shutterstock.com

ညဘက္မွာမီးေတြထိန္ေနေအာင္ဖြင့္ၿပီး အိပ္စက္ျခင္းက သင့္ကိုေကာင္းေကာင္း အိပ္ေပ်ာ္ေစႏိုင္မွာမဟုတ္ပါဘူး။ကိုယ္ကလံုးဝအေမွာင္ထုႀကီးမွာအိပ္စက္ရတာမႀကိဳက္ဘူးဆိုရင္ေတာက္ အေရွာင္ခပ္မွိန္မွိန္သာရွိတဲ့ ညအိပ္မီးလံုးေလးေတြဖြင့္ၿပီး အိပ္စက္သင့္ပါတယ္။အေမွာင္ဘက္ကိုသြားတယ္ မီးေရာင္ခပ္ေဖ်ာ့ေဖ်ာ့ေလးေတြက သင့္ကိုႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေစဖို႔ကူညီေပးမွာ ျဖစ္ပါတယ္။

[Unicode]

တစ်နေ့တာကုန်ဆုံးသွားတဲ့အားအင်တွေကိုပြန်လည်ဖြည့်စွမ်း နိုင်ဖို့အကောင်းဆုံးနည်းလမ်းတစ်ခုက ညဘက်မှာနှစ်နှစ်ခြိုက်ခြိုက်ပြန်လည်အိပ်စက်အနားယူပေးဖို့ပါပဲ။ဒါပေမယ့်ယနေ့ခေတ်လူအများစုကတော့ ညဘက်တွေမှာ အိပ်မပျော်တဲ့ဝေဒနာတွေကိုကောင်းကောင်းခံစားနေကြရပါတယ်။ဒါကြောင့်ဒီနေ့မှာ တော့ ညဘက်မှာနှစ်နှစ်ခြိုက်ခြိုက်အိပ်စက်အနားယူချင်ပါတယ်ဆိုတဲ့သူတွေအတွက် အကောင်းဆုံးနည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။

(၁) သက်တောင့်သက်သာရှိတဲ့အဝတ်အစားမျိုးရွေးချယ်ပါ

Source : Depositphotos

ညဘက်အိပ်တဲ့အခါ သက်တောင့်သက်သာရှိစေမယ့် ညအိပ် အဝတ်အစားတွေက သင့်ကိုပိုပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နိုင်ဖို့ကူညီပေးမှာဖြစ်ပါတယ်။အိပ်ညဝတ်စုံမဝတ်ချင်ဘူးဆိုရင် တောင် ချောင်ချောင်ချိချိနဲ့ လေဝင်လေထွက်ကောင်းမွန်မယ့် ချည်သားအဝတ်အထည်တွေကိုဝတ်ဆင်ပြီးအိပ်သင့်ပါတယ်။

(၂) သန့်ရှင်းမွေးပျံ့တဲ့အိပ်ယာအခင်းအကျင်းမျိုးပြင်ဆင်ပါ

Source : Mental Health Group

ကိုယ်အိပ်ယာအိပ်ယာအခင်းအကျင်းက သန့်ရှင်းမှုမရှိဘူးအနံ့ အသက်ကောင်းကောင်းမရှိဘူးဆိုရင်လည်း အိပ်စက်ရာမှာ အနှောက်ယှက်ဖြစ်စေနိုင်ပါတယ်။ဒါကြောင့်မိမိရဲ့ အိပ်ယာကို သန့်ရှင်းပြီးအနံ့သက်ကောင်းတဲ့ အိပ်ယာမျိုးဖြစ်အောင်ပြင်ဆင်သင့်ပါတယ်။အိပ်ယာခင်းတွေနဲ့ ခေါင်းအုံးစွတ်တွေကို တစ်ပတ်တစ်ခါလျော်ဖွတ်သန့်စင်တာမျိုး နေထုန်လှန်းတာမျိုးပြုလုပ်ပေးဖို့ အကြံပြုချင်ပါတယ်။

(၃) တိတ်ဆိတ်ငြိမ်သက်မှုရှိပါစေ

Source : shutterstock.com

ပြင်ပအသံပလန်တွေကလည်း သင့်ရဲ့ အိပ်စက်မှုကိုကောင်းကောင်းဒုက္ခပေးနိုင်ပါတယ်။ဒါကြောင့်သင့်ရဲ့ အိပ်ယာကို တိတ်ဆိတ်ငြိမ်သက်မှုရှိတဲ့ နေရာမျိုးမှာ ထားသင့်ပါတယ်။တော် ရုံပြင်ပအသံတွေမကြားရပဲ တိတ်ဆိတ်ငြိမ်သက်စွာအိပ်စက်နိုင်မယ်ဆိုရင် နောက်တစ်နေ့မှာအားအင်အပြည့်နဲ့ နိုးထလာမှာ ဖြစ်ပါတယ်။

(၄) အခန်းမီးအလင်းရောင်လျော့ထားပါ

Source : shutterstock.com