အားလုံးပဲ မင်္ဂလာပါ။ ထူထဲတဲ့ မျက်ခုံးမွှေးပိုင်ရှင်တွေကတော့ ကံကောင်းတယ်လို့ပဲ ဆိုရမှာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ထင်ရှားထူထဲတဲ့မျက်ခုံးမွှေးတွေက သင့်ကို ဆွဲဆောင်မှုတိုးစေမယ့် အရာတစ်ခုပဲဖြစ်ပါတယ်။

ဒါပေမဲ့ စာဖတ်သူက မျက်ခုံးမွှေးပါးလို့ဆိုပြီး စိတ်အားငယ်စရာမလိုတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သဘာဝအတိုင်းမျက်ခုံးမွှေး ထူထဲစေမယ့် နည်းလမ်းလေးတွေကို ဝေမျှပေးချင်လို့ပဲဖြစ်ပါတယ်။ မျက်ခုံးမွှေး ထူထဲလာစေမယ့် နည်းလေးတွေ အလင်းပြပေးပါဦးလို့ တောင်းဆိုကြတဲ့ ကွီးတို့လည်း ကျေနပ်ကြမယ်လို့ မျှော်လင့်မိပါတယ်နော်။

မျက်ခုံးမွှေးကို အစိုဓာတ်ဖြည့်ပါ

Source: amazon.com

သင့်မျက်ခုံးမွှေးက အစိုဓာတ်ပြည့်ဝပြီး အားပြည့်ဖို့လိုအပ်ပါတယ်။ ဒါမှ အရှည်မြန်ပြီး ထူထဲလာမှာပဲဖြစ်ပါတယ်။ Vaseline အလှဆီလေးကို မျက်ခုံးမွှေးပေါ်သို့ တစ်နေ့ ၂ ကြိမ်၊ ၃ ကြိမ်ခန့် လိမ်းကျံပေးလိုက်ပါ။ ၂ လ၊ ၃ လကြာလာပြီဆိုရင်တော့ မျက်ခုံးမွှေးထူထူထဲထဲလေးကို ပိုင်ဆိုင်နိုင်ပြီပေါ့။

သဘာဝအဆီလိမ်းကျံပါ

Source: naturallymadeforyou.co.uk

အုန်းဆီတို့ သံလွင်ဆီတို့က ဆံကေသာ ကျန်းမာရေးအတွက် အထူးကူညီထောက်ပံ့ပေးတယ်ဆိုတာကို သင် သိပြီးပြီးဖြစ်မှာပါ။ မျက်ခုံးမွှေး ထူထဲစေဖို့ရန်အတွက်လည်း အသုံးတည့်တဲ့ သဘာဝပစ္စည်းတွေပါပဲ။ ဝါဂွမ်းစလေးကို ကြက်ဆူဆီ၊ သံလွင်ဆီ (သို့) အုန်းဆီထဲ ထည့်နှစ်ပြီးနောက် မျက်ခုံးမွှေးပေး သုတ်လိမ်းကာ နှိပ်နယ်ပေးလိုက်ပါ။ ညအိပ်ရာ ဝင်ခါနီးတိုင်း ပြုလုပ်ပေးနိုင်ပါတယ်။

ကြက်ဥအကာ

Source: healthline.com

ကြက်ဥထဲမှာပါဝင်တဲ့ ပရိုတင်းဓာတ်က အမွှေးအမျှင်တွေကို ထူထဲသန်စွမ်းစေပြီး မွှေးညှင်းပေါက်လေးတွေကိုလည်း အားပြန်ဖြည့်ပေးပါတယ်။ ကြက်ဥအကာကို မျက်ခုံးမွှေးပေါ်သို့ သုတ်လိမ်းပေးလိုက်ပါ။ မိနစ် ၂၀ ခန့် ဒီအတိုင်း ထားထားလိုက်ပါ။ ပြီးမှ ရေဆေးချလိုက်ပါ။ ဒီနည်းလမ်းကိုတော့ တစ်ပတ်မှာ တစ်ကြိမ် ပြုလုပ်ပေးရပါမယ်။

မျက်ခုံးမွှေး အလွန်အကျွံမနှုတ်လိုက်ပါနဲ့

Source: cheatsheet.com

မျက်ခုံးမွှေး ထူချင်ဇောနဲ့ အလွန်အကျွံနှုတ်လိုက်ပစ်လိုက်မယ်ဆိုရင် မျက်ခုံးမွှေးပြန်မပေါက်တာမျိုးတွေ ကြုံရတတ်ပါတယ်။ ပြန်ပေါက်လာမယ်ဆိုရင်လည်း မျက်ခုံးမွှေး ပြန်ပေါက်လာတဲ့နှုန်းက ၂ လကြာ ၃ လကြာမှပဲ ပြန်ပေါက်လာမှာမို့ အချိန်တော်တော်လေး ကြာမှာဖြစ်ပါတယ်။