T-Shirt တွေဟာ ယောကျ်ားလေးတွေရဲ့ အဝတ်အစားဗီရိုမှာ အမြဲတမ်း နေရာရှိထားတဲ့ ဖက်ရှင်ဖြစ်ပါတယ်။ T-Shirt တွေရဲ့ ကောင်းကွက်ကို ပြောရင် မနည်းမနောပါပဲ။ စတိုင်ကျတယ် ၊ ရိုးရှင်းပြီး ကိုယ်ပိုင်ဟန်ရှိစေတယ်။ သူချည်းလည်း ဝတ်လို့ရသလို ထပ်အင်္ကျီနဲ့လည်း တွဲဝတ်လို့ရပါတယ်။

ဒီလိုမျိုး ဘက်စုံသုံးလို့ရတဲ့ T-Shirt တွေထဲမှာမှ ယောကျ်ားလေးတွေအတွက် အကောင်းဆုံး T-Shirt ပုံစံ ၅ မျိုးနဲ့မိတ်ဆက်ပေးချင်ပါတယ်။

(၁) Plain T-Shirt

Source: GQ

ရိုးရိုးလေးနဲ့မျက်စိရှင်းတာပဲ ဝတ်ချင်တယ်ဆိုရင် ဗြောင်တီရှပ်လေးတွေ ဝတ်သင့်ပါတယ်။ ဗြောင်တီရှပ်တွေဟာ ယောင်္ကျားအဆန်ဆုံးနဲ့အရိုးရှင်းဆုံး ဖက်ရှင်ဖြစ်သလို ဘယ်တော့မှ မရိုးတဲ့ ဖက်ရှင် ဖြစ်ပါတယ်။ ရာသီမရွေးလည်း ဝတ်ဆင်နိုင်သလို ဂျာကင်နဲ့ပဲ တွဲဝတ်ဝတ် ၊ ကုတ်နဲ့ပဲ ဝတ်ဝတ် ဝတ်ဆင်နိုင်ပြီး ဂျင်းပင်နဲ့ဝတ်ရင်လည်း ဆွဲဆောင်မှုအပြည့် ရှိပါတယ်။

(၂) Henley T-Shirt

Source: Men’s Health

Basic စတိုင် တီရှပ်နဲ့ ပိုလိုရှပ်နှစ်ခုကို ပေါင်းစပ်ထားတဲ့ ဖက်ရှင်မျိုးပါ။ ကြယ်သီးတပ်ဖက်ရှင်ဖြစ်ပေမယ့် ကော်လာမပါလို့ဝတ်လို့လည်း သက်တောင့်သက်သာနဲ့လွတ်လပ်မှူရှိပြီး ရင်အုံအလှကိုပါ ပေါ်လွင်စေပါတယ်။

လက်တို လက်ရှည်နှစ်မျိုးနဲ့ရနိုင်ပြီး Gym ကစားထားတဲ့ အမျိုးသားတွေ ဝတ်ရင် လူတိုင်းငေးမိစေမယ့် ဖက်ရှင် ဖြစ်ပါတယ်။

(၃) Long Sleeve T-Shirt

Source: tamimartins

တီရှပ် လက်ရှည်မှ ကြိုက်တဲ့သူတွေအတွက်ပါ။ Long-Sleeve တွေရဲ့ အားသာချက်ကတော့ ဘက်စုံသုံးလို့ရတာပါ။ လက်တိုအဖြစ် ဝတ်ချင်ရင် အင်္ကျီလက်ကို ခေါက်ထား ၊ ပင့်ထားလို့ရသလို နည်းနည်း အေးလို့ပဲ ဖြစ်ဖြစ် လက်ရှည်အတိုင်း ဝတ်ချင်လို့ပဲ ဖြစ်ဖြစ် လက်ကို ချထားလို့ရပါတယ်။

(၄) Printed T-Shirt

Source: Pixabay

လူငယ်ဆန်ပြီး နည်းနည်းခပ်ဟော့ဟော့ တီရှပ်မျိုး ဝတ်ချင်တယ် ၊ ဒါမှမဟုတ် Slogam နဲ့ကိုယ်ပိုင် ဖော်ပြချက်တွေ ပါတဲ့ စာသားကို အကျီ ၤပေါ် တင်ချင်တယ်ဆိုရင် Printed T-Shirt တွေက အကောင်းဆုံးပါ။ ဆွဲဆောင်မှုကောင်းပြီးမျက်စိပသာဒဖြစ်မယ့် ကာလာနဲ့Print ပါတာမျိုးတော့ ရွေးချယ်ဖို့လိုပါတယ်။

(၅) Striped T-Shirt

Source: Aliexpress

ပြင်သစ်ရေတပ်မှာ ယူနီဖောင်းအဖြစ် ဝတ်ဆင်လာခဲ့ရာကနေ တီရှပ်အစင်းတွေ ခေတ်စားလာတာပါ။ Printed တွေ မကြိုက်သူတွေအတွက် တီရှပ်အစင်းကြားတွေ ဝတ်ကြည့်သင့်ပါတယ်။