အရွယ်ရောက်ပြီး ယောင်္ကျားတစ်ယောက်အနေနဲ့ကိုယ့်ရဲ့ ပုံစံကို စိတ်ကြိုက်ပြုပြင်ဖို့အခွင့်အရေး ရလာပြီ ဖြစ်ပါတယ်။ တကယ်လို့ဒီအချိန်မှာ မုတ်ဆိတ်ကို ပထမဆုံးအကြိမ် ထားကြည့်မယ်ဆိုရင် အခုပြောမယ့် အချက်တွေကို လိုက်နာလိုက်တာနဲ့သပ်ရပ်ခန့်ညားတဲ့ မုတ်ဆိတ်ပိုင်ရှင် ဖြစ်လာမှာပါ။

(၁) အစီအစဉ်လိုတယ်

Source: Australian Skin Clinics

အရင်ဆုံး ကိုယ့်မျက်နှာက ဘယ်လိုမုတ်ဆိတ်ဒီဇိုင်းနဲ့လိုက်သလဲဆိုတာ လေ့လာရမှာပါ။ မျက်နှာလေးထောင့်သမားတွေကတော့ ခန့်ညားပြီး ကြီးမားတဲ့ မုတ်ဆိတ်ထားလို့ရပါတယ်။ မုတ်ဆိတ်ကိုတော့ လိုသလို ပုံသွင်းနိုင်အောင်တော့ စိတ်ရှည်လက်ရှည် စောင့်ရမှာပါ။

(၂) ဘေးနားတွေ ရိတ်ပေးပါ

Source: groomingpassion

မုတ်ဆိတ်ရဲ့ အနားသတ်တွေဟာ လည်ပင်းနဲ့ပါးရိုးလိုင်းတွေ ပေါ်လွင်စေမယ့် ဒီဇိုင်းဖြစ်အောင် တိပေးရပါမယ်။ မုတ်ဆိတ်ရိတ်တာကို သေချာဂရုစိုက်ခြင်းအားဖြင့် ကိုယ်လိုချင်တဲ့ ပုံစံ ထွက်လာမှာ ဖြစ်ပါတယ်။ တကယ်လို့ကိုယ့်အနေနဲ့ပုံမသွင်းတတ်ရင် ပရော်ဖက်ရှင်နယ်တစ်ယောက်ဆီ သွားသင့်ပါတယ်။

(၃) ဖြည့်စွက်စာ စားပါ

Source: mensxp

Supplements တွေကတော့ မုတ်ဆိတ်အရှည်မြန်ဖို့ပါ။ ဆံပင်သန်ဆေးတွေ စားပေးနိုင်သလို မုတ်ဆိတ်သန်စေမယ့် Diet ဆေးတွေ သုံးနိုင်ပါတယ်။

(၄) ပုံမှန်သန့်ရှင်းပေးပါ

Source: thebeardmag

မုတ်ဆိတ်အရှည်မြန်အောင်ဆိုပြီး ဒီအတိုင်းပစ်မထားဘဲနဲ့ပုံမှန်လေး ကပ်ကြေးနဲ့ဖြစ်စေ သပ်သပ်ရပ်ရပ် ပြုပြင်ပေးဖို့လိုပါတယ်။ ဒါမှသာ.ကိုးရိုးကားယားပုံတွေ ထွက်မလာမှာ ဖြစ်ပါတယ်။

(၅) ဆံပင်ပျော့ဆေးသုံးပါ

Source: cheatsheet

မုတ်ဆိတ်သန်ဖို့အတွက် ဆီလိမ်းရသလို Conditioner သုံးပြီးလည်း မုတ်ဆိတ်မွေး နူးညံ့ပြီး ယားယံခြင်းကင်းအောင် သန့်ရှင်းသင့်ပါတယ်။ ပုံမှန်လည်း မုတ်ဆိတ်ရှိနေတဲ့ နေရာတစ်ဝိုက်ကို နူးနူးညံ့ညံ့လေး နှိပ်နယ်ပေးမယ်ဆိုရင် မုတ်ဆိတ်လည်း အရှည်မြန်ပြီး ပေါက်တဲ့အခါမှာလည်း စနစ်ကျမှာပါ။