ခေတ်ရေစီးကြောင်းနဲ့ တပြေးညီနေဖို့ဆိုတာ ခက်ခဲလှပါတယ်။ သို့ပေမယ့် နောက်ဆုံးပေါ်တွေ လိုက်ဝယ်ဝတ်နိုင်မှ ဖက်ရှင်လို့ ခေါ်တာမဟုတ်ပါဘူး။ ဖက်ရှင်ဆိုတာ Price Tag ပေါ်မှာ မူတည်တာမဟုတ်ပါဘူး။ ကိုယ့်ဗီဒိုထဲက အနှစ်နှစ်ကာလ စုဆောင်းထားတာနဲ့လည်း စမတ်ကျအောင်ဝတ်တတ်တာကို ဖက်ရှင်ကျတယ်လို့ပြောနိုင်ပါတယ်။

Source: fashionbeans.com

ယောကျာ်းလေးတော်တော်များများဟာ ဖက်ရှင်ကို အချိန်ပေးပြီး လိုက်မစဉ်းစားတတ်ပါဘူး။ လိုက်လိုက် မလိုက်လိုက် ရှိတာဆွဲဝတ်တတ်တဲ့ အမျိုးပါ။ သို့ပေမဲ့ကြာလာရင် အကျင့်ပါသွားပြီး ဖက်ရှင် Sense ပျောက်သွားပြီး သူနေ့ရာနဲ့သူ ဘယ်လို Respect ပေးပြီး အဝတ်ကို ဝတ်ဆင်ရမလဲဆိုတာကိုပါ လျစ်လျှူရှု့တတ်သွားမှာပါ။ ဖက်ရှင်ကျကျဝတ်တိုင်း ခြောက်တာမဟုတ်ပါဘူး။ နောက်ပြီး Cele မှ အထာကျကျနေရတာဆိုတဲ့ ကန့်သတ်ချက်လည်းမရှိပါဘူး။

ဖက်ရှင် Trend တွေဟာ တစ်နှစ်နဲ့တစ်နှစ် အနည်းငယ်တော့ပြောင်းလဲမှုရှိပါတယ်။ အသစ်သစ်တွေ ထွင်ပြီးဝတ်ကြသလို ဒီဇိုင်းအဟောင်းတွေဟာ ပြန်လည်ခေတ်စားတဲ့ အခါမျိုးလည်းရှိတာကြောင့် ၂၀၁၇ခုနှစ် ဖက်ရှင်တွေထဲကဆိုပေမယ့် ခု၂၀၁၈ မှာဆက်လက် ရေပန်းစားနေဆဲဖြစ်တဲ့ ဖက်ရှင်ဒီဇိုင်းတစ်ချို့ကို ဝေမျှလိုက်ပါတယ်။ အဲ့ဒါတွေကတော့…

Wide-Leg Trousers

Source: fashionbeans.com

Skinny တွေမဟုတ်ပဲ Wide-Leg Trousers လို့ခေါ်တဲ့ ဘောင်းဘီဒဲ့ပွတွေပါပဲ။ Style Pant တွေကို T-shirt တွေနဲ့တွဲဝတ်တာမျိုးပေါ့။

Cuban Collars Shirt

Source: fashionbeans.com

Cuban (Collars) ကော်လံပါတဲ့ Shirt တွေဖြစ်ပါတယ်။ ပိန်တဲ့သူတွေအတွက်ဆို ရင်အုပ်ကို ပိုကျယ်စေတဲ့လို့ ထင်ရနိုင်ပါတယ်။

Retro Sportwears

Source: fashionbeans.com

အရင်တုန်းကခေတ်စားတဲ့ Stripe ပါတဲ့ အားကစားဝတ်စုံတွေပါပဲ။

The 1970s

Source: fashionbeans.com

Throwback အနေနဲ့ ပြန်ဝတ်ကြတာမျိုးပါ။ ၁၉၇၀ လောက်ကခေတ်စားခဲ့တဲ့ ဖက်ရှင်အမျိုးအစားတွေပဲဖြစ်ပါတယ်။

Vertical Stripes

Source: fashionbeans.com

ဒေါင်လိုက် အစင်းကြောင်းတွေပါတာကို ဝတ်ဆင်တာမျိုးဖြစ်ပြီး Formal coat အနေနဲ့လည်း ချုပ်ဝတ်ကြပါတယ်။