အမျိုးသားတွေဟာ ပန်းရောင်ဝတ်ရင် ကဲ့ရဲ့ ကြတာများပါတယ်။ များသောအားဖြင့် ယူဆထားကြတာက ပန်းရောင်ဟာ Feminine ဆန်တယ်ဆိုပြီး ပတ်ဝန်းကျင်ကလက်ခံထားကြတာပါ။ ဥပမာအနေနဲ့ ပြောရရင် စပြီးမွေးလာကတည်းက Gender ခွဲခြားပြီး မိန်းကလေးအတွက်ဆို ပန်းရောင်၊ ယောက်ျားလေးအတွက်ဆို အပြာရောင်ဆိုပြီး သတ်မှတ်ကာ အဝတ်အစား အသုံးအဆောင်တွေကို ဝယ်ကြပါတယ်။

အရောင်ထဲမှာမှ ပန်းရောင်ဟာ မိန်းမဆန်တဲ့အရောင်ဆိုပြီး Stereotype လုပ်ထားကြပါတယ်။ ဒီလိုပဲလက်ခံထားကြတော့ Men Wear ဖက်ရှင်သမိုင်းမှာ တစ်ခေတ်တခါက Trend ရှိခဲ့တဲ့ ပန်းရောင်တွေဟာ ထိုအယူအဆအမှားတွေကြောင့် မှေးမှိန်သွားခဲ့ပါတယ်။ သို့ပေမယ့် ပန်းရောင်ဟာ Men’s Style လောကထဲ ပြန်ရောက်လာတယ်ဆိုတာကို ခုနောက်ပိုင်းထွက်တဲ့ ဒီဇိုင်းကာလာတွေကိုကြည့်ပြီး မှန်းဆလို့ရပါတယ်။

Source: raleighlimited.com

ဒါကြောင့် ပန်းရောင်ဟာ Men Wear Staple ဖြစ်လာနိုင်လို့ အတတ်နိုင်ဆုံးဝတ်ဆင်တတ်အောင် အကျင့်လုပ်ပေးသင့်တဲ့အပြင် ပန်းရောင်ကို ဘာလို့ရွေးချယ်သင့်လဲဆိုတာနဲ့ ပတ်သက်ပြီး Motivation ပေးချင်ပါတယ်။

တကယ်တော့ ပန်းရောင်ဟာ ၁၈ ရာစုလောက်က အမျိုးအသားအများစုဝတ်ကြတဲ့ အမျိုးသားဆန်တဲ့အရောင်ဖြစ်ခဲ့ပါတယ်။

Source: Agnés B Summer Collection in Paris

ယောက်ျားဆန်တာမဆန်တာကို အရောင်ပေါ်မူတည်ပြီး Society ရဲ့အဆုံးအဖြတ်ကို ခံရအောင် ကလေးသူငယ်လည်း မဟုတ်တော့ပါဘူး။ အမျိုးသမီးတွေဟာ အရောင်နုတွေကြိုက်တတ်လို့ မိန်းမတွေဆီက စိတ်ဝင်စားခံရမှုကိုလည်း ရစေမှာဖြစ်ပါတယ်။

ယနေ့ခေတ်မှာလည်း Popular ပြန်ဖြစ်လာတဲ့အရောင်ဖြစ်တဲ့အပြင် လူအများကြားမှာ Stand Out ဖြစ်စေမှာပါ။ ပန်းရောင်ဟာ အဖြူနဲ့အနက်တို့လို Neutral အရောင်ဖြစ်လို့ ဘယ်ကာလာနဲ့ တွဲတွဲလိုက်ဖက်ပါတယ်။

ဒီအချက်တွေကြောင့် Pink With Pride လို့ယူဆပြီး သံသယကင်းစွာဝတ်ဆင်နိုင်ပါတယ်။ အခြားအရောင်တွေနဲ့ လိုက်ဖက်စွာတွဲဝတ်တတ်ရင် ပိုပြီး Awesome ဖြစ်စေပြီး စတိုင်ကျစေမယ့် အရောင်လည်းဖြစ်ပါတယ်။