နယ်ပယ်တစ်ခုမှာ ထွင်းဖောက်အောင်မြင်တဲ့ လူတစ်ယောက် ဖြစ်ဖို့အတွက် အရည်အချင်းတွေ အများကြီး လိုပါတယ်။ ဒီလို အရည်အချင်းတွေထဲမှာ Hard Skills လို့ ခေါ်တဲ့ အလုပ်ခွင် ကျွမ်းကျင်မှုတွေအပြင် လူအချင်းချင်း ဆက်ဆံမှုနဲ့ ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ ကျွမ်းကျင်မှု Soft Skills တွေလည်း ရှိထားသင့်ပါတယ်။
Entrepreneurs တစ်ယောက်ဖို့ ဆိုရင် အခုပြောမယ့် Soft Skill ၅ မျိုးကတော့ မဖြစ်မနေ ရှိထားသင့်တယ်လို့ ဆိုနိုင်ပါတယ်။

(၁) ယုံကြည်မှု

Source: Pixabay

အောင်မြင်တဲ့ ကုမ္ပဏီတစ်ခုဟာ တစ်ဦးချင်း ယုံကြည်မှုကနေ စတင်တယ်လို့ အဆိုရှိပါတယ်။ တစ်ခြား ဝန်ထမ်းနဲ့ လက်အောက်ငယ်သားတွေကို စိတ်အားထက်သန်အောင် နှိုးဆွဖို့ အတွက် Entrepreneur တစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှု ရှိရသလို ဝန်ထမ်းတွေကိုလည်း ယုံကြည်ရမှာပါ။
ယုံကြည်မှုရှိတယ်ဆိုတာဟာ ဘေးကျပ်နံကျပ်အနေအထားလို သက်တောင့်သက်သာ မရှိတဲ့ အချိန်မျိုးမှာ သက်တောင့်သက်သာ ဖြတ်သန်းနိုင်တဲ့ စိတ်မျိုးကို ဆိုတာပါ။ ယုံကြည်မှုဟာ လူတိုင်းမှာ ရှိသင့်ပြီး စွန့် ဦးတီထွင်သူတစ်ယောက်ကတော့ တစ်ခြားသူတွေထက် ပိုပြီးလေးနက်တဲ့ ယုံကြည်မှု ရှိသင့်ပါတယ်။

(၂) ကိုယ့်ကိုယ်ကို သိမြင်ခြင်း

Source: Pixabay

Self-Awareness ဟာ ကိုယ့်အပေါ်ကိုယ် ပြန်ရိုးသားတာပါပဲ။ ကိုယ့်ကိုယ်ကို အမှန်အတိုင်း မြင်သူဟာ တစ်ခြားသူတွေကိုလည်း နားလည်နိုင်ပါတယ်။ ဒီနားလည်မှုရှိလို့ ပဲ သူတစ်ပါးနဲ့ လွယ်လင့်တကူ ညှိယူနိုင်ပါတယ်။ တစ်နည်းအားဖြင့် တစ်ခြားသူတွေကို ကိုယ့်အလိုရောက်အောင်အထိ ဆွဲဆောင်နိုင်ပါတယ်။

(၃) ပူးပေါင်းလုပ်ဆောင်ခြင်း

Source : Pexels

အခုခေတ်ဟာ တကယ့်ကို တစ်ဦးကောင်းနဲ့ ရပ်တည်နိုင်တဲ့ အလုပ်မရှိသလောက် ရှားတဲ့ ခေတ်ပါ။ အလုပ်တစ်ခုမှာ ခေါင်းဆောင်ရပြီဆိုရင် Collaboration ရဲ့ စွမ်းရည်ကို တကယ် သိနားလည်သင့်ပါတယ်။ လူတွေအများကြီး တစ်ဘက်တည်း ဦးတည်ရုန်းရင်အများကြီး ရွေ့ ပြီး ခရီးရောက်ပါတယ်။
Collaboration ကောင်းတစ်ခု ဖြစ်ဖို့ ကိုယ့် Team ကို နားလည်ရပါမယ်။ သူတို့ အသံနဲ့ အခြေအနေကို နားထောင်ရမှာပါ။ ဒါဟာ စီးပွားရေးလုပ်ငန်းတစ်ခု အောင်မြင်ခြင်းရဲ့ သော့ချက်တွေထဲမှာ ပါပါတယ်။

(၄) အချိန်လေးစားခြင်း

Source: Pixabay

ကျွန်တော်တို့ ဘာပဲလုပ်လုပ် တစ်နေ့ မှာ ၂၄ နာရီအချိန် ရပါတယ်။ တစ်နေ့ ၈ နာရီအလုပ်လုပ်ပြီး ကျန်တဲ့ ၁၆ နာရီကို အလဟသက်ဖြစ်စေမလား။အချိန်ကို အလေအလွင့်ဖြစ်စေသူဟာ ကိုယ့်ဘဝကို ပြန်ပြီး ဖြုန်းတီးနေတာပါပဲ။ Time Management အတွက် ခေါင်းကြီးကြီး စည်းကမ်းရှိရှိ သုံးသူဟာ အထက်ရောက်မှာပါ။

(၅) ထုသားပေသားကျခြင်း

Source: Pexels

လောကဓံအလှည့်အပြောင်း အထုအထောင်းတွေမှာ ရင့်ကျက်မှုနဲ့ ခံနိုင်ရည် ရှိဖို့ လိုပါတယ်။ Entrepreneur ခရီးတစ်လျှောက် အတက်ရှိသလို အဆုတ်လည်း ရှိတာကို နားလည်သဘောပေါက်ပြီး အထက်ရောက်ချိန်မှာ မမြောက်ဖို့ နဲ့ အောက်ရောက်တဲ့အခါ မကြောက်ဖို့ အရေးကြီးပါတယ်။ ဒါတွေကို ကောင်းကောင်းပြင်ဆင်ထား ရမှာပါ။