သင့်အနေနဲ့ နေ့တိုင်း Suit ဝတ်ရတဲ့ လုပ်ငန်းခွင်မှာaရာက်နေလို့ အခြေခံကာလာတွေဖြစ်တဲ့ နက်ပြာနဲ့မီးခိုးပဲ တစ်ပတ်လုံးဝတ်နေရလို့ ငြီးငွေ့နေပြီလား။ ဒါဆိုရင်တော့ ဒီနှစ်ရောင်အပြင် သင့်ရဲ့ professional ဆန်တဲ့ image ကိုထိခိုက်မှုမရှိဘဲ ဖက်ရှင်အမြင်ရှိတဲ့သူအဖြစ် ထင်ပေါ်စေမယ့် suit ကာလာတွေရှိပါသေးတယ်လို့ သတင်းကောင်းပါးပါရစေ။ ရိုးရာမပျက်အခြေခံကာလာတွေ မဟုတ်ဘဲ အခြားသောကာလာတွေကို ကောင်းကောင်းရွေးချယ်တတ်တဲ့ Hollywood စတားတွေလဲများစွာရှိကြောင်း ကော်ဇောနီလျောက်လမ်းပေါ်မှာလေ့လာနိုင်ပါတယ်။သင့်ကို hollywoodစတားတွေလို ထင်ပေါ်ပြီးစမတ်ကျနေစေမယ့် suitကာလာငါးမျိုးကို တင်ဆက်ပေးလိုက်ပါတယ်။

(၁) ကရင်မ်ကာလာ (သို့မဟုတ်) ဆင်စွယ်ရောင်

Source : Fashionbeans

သာမန်အရောင်ရင့်တွေထက် ဆန်းသစ်ထင်ပေါ်စေနိုင်တာကတော့ အရောင်နုပြီးဖျော့တဲ့ အဖြူ၊ဆင်စွယ်၊ကရင်မ်ကာလာမျိုးတွေပဲဖြစ်ပါတယ်။ ဒီအရောင်တွေရွေးချယ်တော့မယ်ဆိုရင် သတိထားရမှာကတော့ အရောင်ရင့်တစ်ခုခုနဲ့ တွဲဖက်ဝတ်ဆင်ဖို့ပါပဲ။ တကိုယ်လုံးတစ်ရောင်ထဲဝတ်ဆင်ခြင်းထက် ဘောင်းဘီ (or) အောက်ခံရှပ်အကျီမျိုးကို အရောင်ရင့်တွဲဝတ်ပေးခြင်းက သင့်ကိုပိုပြီး ယုံကြည်မှုအပြည့်နဲ့ စမတ်ကျစေမှာပါ။

(၂) အစိမ်းရောင့်ရင့်ရင့်

Source : Fashionbeans

အရောင်ရင့်ကြိုက်သူတွေအတွက် နက်ပြာရောင်တွေ၊အနက်ရောင်တွေထက် အသစ်အဆန်းအနေနဲ့ ရွေးချယ်သင့်တာက အစိမ်းရောင်ရင့်ရင့်suitတွေပဲဖြစ်ပါတယ်။ အောက်ခံရှပ်အကျီကို အခြေခံအရောင်တွေဖြစ်တဲ့ အဖြူ၊အပြာစတာတွေနဲ့တွဲဖက်ဝတ်ဆင်နိုင်လို့ သင့်အတွက်ရှပ်အကျီအရောင်လဲ ခေါင်းစားစရာမလိုသလို ထင်ပေါ်နေစေမှာပဲဖြစ်ပါတယ်။

(၃) အနီမှိုင်းမှိုင်း

Source : Fashionbeans

အရသာခပ်ပြင်းပြင်းရှိတဲ့ ပြင်သစ်ဝိုင်အနီကို တင်စားထားတဲ့အရောင်တစ်မျိုးဖြစ်လို့ classicဆန်ဆန်နဲ့ ဆွဲဆောင်အားပြင်းစေမှာကတော့ Burgundy ခေါ်တဲ့ အနီမှိုင်းပဲဖြစ်ပါတယ်။ အသားညိုသူဖြူသူမရွေး လိုက်ဖက်နေစေမှာဖြစ်သလို အထက်တန်းကျကျ စမတ်ကျတာမျိုးကြိုက်သူတွေ မဖြစ်မနေရှိထားသင့်တဲ့အရောင်ပဲဖြစ်ပါတယ်။ ပန်းရောင်ခပ်ဖျော့ဖျော့ ရှပ်အကျီမျိုး (or) navyရောင်နက်ခ်တိုင်မျိုးနဲ့သာ တွဲဝတ်မယ်ဆို လုံးဝသူမတူအောင် ဖက်ရှင်ကျစေမှာပါ။

(၄) Pastel ကာလာ

Source : Fashionbeans

လက်ရှိ၂ဝ၁၉မှာ အမျိုးသမီးတွေကြားမှာသာမက အမျိုးသားတွေအတွက်ပါ ခေတ်စားနေတာကတော့ pastelကာလာလို့ခေါ်တဲ့ အနုပညာဆန်တဲ့ အရောင်ဖျော့တွေပဲဖြစ်ပါတယ်။ LVနဲ့ Diorလို luxuryကုမ္ပဏီတွေကပါ အမျိုးသားဝတ်တွေအတွက် classicကျကျ သုံးထားကြတာတွေ့ရပါတယ်။ TGIFမယ့်ပုရိသတွေအတွက် sneakerအဖြူနဲ့သာတွဲဝတ်ထားမယ်ဆိုရင် အလုပ်ကနေ အကျီထပ်လဲစရာတောင်မလိုပဲ nightoutမှာအပြီ ဂေါ်နိုင်စေမယ့်အရောင်မျိုးဆိုလဲမမှားပါဘူး။

(၅) အညိုရောင်

Source : Fashionbeans

70s trendတစ်ခုဖြစ်တဲ့ အညိုရောင်suitတွေဟာ အတော်လေးအားကောင်းကောင်းကို ပြန်လည်ခေတ်စားလာခဲ့ပါတယ်။ လူကြီးလူငယ်မရွေး လိုသလိုတွဲဝတ်နိုင်တဲ့အတွက် အမြင်ရိုင်းစေမလားတွေးပူဖို့မလိုတော့ပါဘူး။ လူငယ်ဆန်ဆန်ပေါ့ပေါ့ပါးပါးနဲ့ လန်းနေစေချင်ရင်တော့ သာမန်အစင်းတီရှပ်လေးနဲ့ လည်သာရှူးဖိနပ်မျိုးနဲ့ တွဲဝတ်လိုက်ရင်ကို အတော်လေးပြည့်စုံနေပါပြီ။