(Unicode)

စတိုင်လ်ကျချင်တဲ့ အမျိုးသားများအနေနဲ့ ပိုင်ဆိုင်ထားသင့်တဲ့ ဖက်ရှင်အသုံးအဆောင်ပစ္စည်းအမျိုးမျိုးကို အခါအခွင့်သင့်သလို ဖော်ပြပြီးပြီးဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ဖက်ရှင်ကျချင်ရင် လုံးဝ မဝတ်ဆင်သင့်တဲ့ပစ္စည်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဖိနပ်ထိပ်က လေးထောင့်ကျကျပုံစံရှိတဲ့ ရှူးဖိနပ်

များသောအားဖြင့် အမျိုးသားတွေရဲ့ခြေထောက်ပုံစံ က လေးထောင့်ကျလေ့ရှိပါတယ်။ အဲ့ဒါနဲ့ပဲ ထိပ်လေးထောင့်ရှူးဖိနပ်တွေကို ဝယ်ဝတ်လေ့ရှိပါတယ်။ ဒါပေမဲ့ ခြေထောက်မနာဘဲ သက်သောင့်သက်သာရှိရှိနဲ့ စတိုင်လ်ကျကျဝတ်ချင်တယ်ဆိုရင်တော့ ထိပ်ဝိုင်းရှူးဖိနပ်တွေကိုသာ ဝတ်ဝတ်လိုက်ပါ။

ကိုယ်နဲ့ မတော်တဲ့အင်္ကျီ

သင့်ခန္ဓာကိုယ်ထက် အင်္ကျီကသေးနေတဲ့အခါ ကြပ်ထုတ်နေတတ်ပြီး အင်္ကျီကကြီးနေတဲ့အခါ သင့်ခန္ဓာကိုယ်က ကြီးနေသလိုဖြစ်နေပါတယ်။ ကိုယ့်ခန္ဓာကိုယ်နဲ့ ကွက်တိကျအဝတ်အစားကိုသာ ဝတ်ဆင်ပေးပါ။

Cargo ဘောင်းဘီတို

အမျိုးသားဝတ်ဘောင်းဘီတို အမျိုးမျိုးရှိတဲ့အနက် Cargo အမျိုးအစား ဘောင်းဘီတိုကို မဝတ်ဆင်ကြဖို့ ဒီဇိုင်နာတွေက အကြံပေးထားကြပါတယ်။ သူတို့ပြောကြားချက်အရ ဒီဘောင်းဘီဝတ်ဆင်ထားတဲ့အမျိုးသားက သူ့ဘဝကို မကျေနပ်ဘဲ စိတ်ဓာတ်ကျနေတဲ့ပုံပေါက်တယ်လို့ ပြောထားကြပါတယ်။ သင်လည်း စိတ်ဓာတ်ကျနေတဲ့ရုပ်မပေါက်ချင်ဘူးဆိုရင်တော့ ဒီဘောင်းဘီတို မဝတ်တာအကောင်းဆုံးပါပဲ။

ဂေါက်ရိုက်ထွက်တဲ့အခါ ဝတ်တဲ့အားကစားအင်္ကျီ

အားကစားအင်္ကျီတွေက သူ့အမျိုးအစားနဲ့သူခွဲထားတာကြောင့် သူ့နေရာနဲ့သူဝတ်ဆင်တာအကောင်းဆုံးပါပဲ။ ထသွားထလာအပြင်သွားတဲ့အခါ၊ ကောင်မလေးနဲ့ ချိန်းထားတဲ့အချိန်မျိုးမှာ အားကစားဝတ်စုံမဝတ်ဘဲ ပိုလိုရှပ်အင်္ကျီလေးသာ ဝတ်ဆင်လိုက်ပါ။

အပေါက်အပြဲများနေတဲ့ ဂျင်းဘောင်းဘီ

လူကြီးလူကောင်းဆန်ဆန်နဲ့ စတိုင်လ်ကျချင်တဲ့အမျိုးသားများအနေနဲ့ ဂျင်းဘောင်းဘီအပြဲတွေကို လုံးဝမဝတ်ဆင်ပါနဲ့လို့ပဲ အကြံပေးပါရစေ။

Source: Mensjournal.com

(Zawgyi)

စတိုင္လ္က်ခ်င္တဲ့ အမ်ိဳးသားမ်ားအေနနဲ႔ ပိုင္ဆိုင္ထားသင့္တဲ့ ဖက္႐ွင္အသံုးအေဆာင္ပစၥည္းအမ်ိဳးမ်ိဳးကို အခါအခြင့္သင့္သလို ေဖာ္ျပၿပီးၿပီးျဖစ္ပါတယ္။ ဒီတစ္ခါမွာေတာ့ ဖက္႐ွင္က်ခ်င္ရင္ လံုးဝ မဝတ္ဆင္သင့္တဲ့ပစၥည္းေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

ဖိနပ္ထိပ္က ေလးေထာင့္က်က်ပံုစံ႐ွိတဲ့ ႐ွဴးဖိနပ္

မ်ားေသာအားျဖင့္ အမ်ိဳးသားေတြရဲ႕ေျခေထာက္ပံုစံ က ေလးေထာင့္က်ေလ့႐ွိပါတယ္။ အဲ့ဒါနဲ႔ပဲ ထိပ္ေလးေထာင့္႐ွဴးဖိနပ္ေတြကို ဝယ္ဝတ္ေလ့႐ွိပါတယ္။ ဒါေပမဲ့ ေျခေထာက္မနာဘဲ သက္ေသာင့္သက္သာ႐ွိ႐ွိနဲ႔ စတိုင္လ္က်က်ဝတ္ခ်င္တယ္ဆိုရင္ေတာ့ ထိပ္ဝိုင္း႐ွဴးဖိနပ္ေတြကိုသာ ဝတ္ဝတ္လိုက္ပါ။

ကိုယ္နဲ႔ မေတာ္တဲ့အက်ႌ

သင့္ခႏၶာကိုယ္ထက္ အက်ႌကေသးေနတဲ့အခါ ၾကပ္ထုတ္ေနတတ္ၿပီး အက်ႌကႀကီးေနတဲ့အခါ သင့္ခႏၶာကိုယ္က ႀကီးေနသလိုျဖစ္ေနပါတယ္။ ကိုယ့္ခႏၶာကိုယ္နဲ႔ ကြက္တိက်အဝတ္အစားကိုသာ ဝတ္ဆင္ေပးပါ။

Cargo ေဘာင္းဘီတို

အမ်ိဳးသားဝတ္ေဘာင္းဘီတို အမ်ိဳးမ်ိဳး႐ွိတဲ့အနက္ Cargo အမ်ိဳးအစား ေဘာင္းဘီတိုကို မဝတ္ဆင္ၾကဖို႔ ဒီဇိုင္နာေတြက အႀကံေပးထားၾကပါတယ္။ သူတို႔ေျပာၾကားခ်က္အရ ဒီေဘာင္းဘီဝတ္ဆင္ထားတဲ့အမ်ိဳးသားက သူ႔ဘဝကို မေက်နပ္ဘဲ စိတ္ဓာတ္က်ေနတဲ့ပံုေပါက္တယ္လို႔ ေျပာထားၾကပါတယ္။ သင္လည္း စိတ္ဓာတ္က်ေနတဲ့႐ုပ္မေပါက္ခ်င္ဘူးဆိုရင္ေတာ့ ဒီေဘာင္းဘီတို မဝတ္တာအေကာင္းဆံုးပါပဲ။

ေဂါက္႐ိုက္ထြက္တဲ့အခါ ဝတ္တဲ့အားကစားအက်ႌ

အားကစားအက်ႌေတြက သူ႔အမ်ိဳးအစားနဲ႔သူခြဲထားတာေၾကာင့္ သူ႔ေနရာနဲ႔သူဝတ္ဆင္တာအေကာင္းဆံုးပါပဲ။ ထသြားထလာအျပင္သြားတဲ့အခါ၊ ေကာင္မေလးနဲ႔ ခ်ိန္းထားတဲ့အခ်ိန္မ်ိဳးမွာ အားကစားဝတ္စံုမဝတ္ဘဲ ပိုလို႐ွပ္အက်ႌေလးသာ ဝတ္ဆင္လိုက္ပါ။

အေပါက္အၿပဲမ်ားေနတဲ့ ဂ်င္းေဘာင္းဘီ

လူႀကီးလူေကာင္းဆန္ဆန္နဲ႔ စတိုင္လ္က်ခ်င္တဲ့အမ်ိဳးသားမ်ားအေနနဲ႔ ဂ်င္းေဘာင္းဘီအၿပဲေတြကို လံုးဝမဝတ္ဆင္ပါနဲ႔လို႔ပဲ အႀကံေပးပါရေစ။

Source: Mensjournal.com