လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ မနက်ခင်းစတင်ပုံကတူချင်မှ တူပါလိမ့်မယ်။ဒါပေမယ့် တစ်နေ့တာလုံးအားအင်ပြည့်ဝလန်းဆန်းပြီး အဓိပ္ပါယ်ရှိတဲ့နေ့ရက်တစ်ခုပိုင်ဆိုင်ချင်ရင်တော့ မနက်ခင်းမှာမဖြစ်မနေလုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေရှိပါတယ်။ဘယ်လိုလုပ်ငန်းဆောင်တာတွေလုပ်ဆောင်ရမလဲဆိုတာ ဆက်လေ့လာကြည့်ရအောင်။

(၁) စောစောအိပ်ယာထပါ

Source : Shutterstocks

တစ်နေ့တာလုံးစိတ်ကြည်လင်လန်းဆန်းနေဖို့ရာ မနက်ခင်းစောစောအိပ်ယာထတဲ့အလေ့အကျင့်ကို လုပ်ဆောင်ရပါမယ်။ ကမ္ကာတစ်ဝှမ်းကအောင်မြင်နေသူတိုင်းရဲ့ (၈၅) ရာခိုင်နှုန်းကလည်း မနက်ခင်းစောစောအိပ်ယာထတဲ့အလေ့ကိုကျင့်သုံးကြပါတယ်။အိပ်ရေးဝဝနဲ့စောစီးစွာအိပ်ယာထနိုင်ဖို့ဆိုရင်တော့ ညဘက်မှာစောစောအိပ်ယာဝင်ဖို့တော့လိုပါမယ်။ဒါမှလည်း မနက်ခင်းမှာ ားအင်ပြည့်ဝစွာနဲ့ လန်းဆန်းတက်ကြစွာနိုးထလာမှာပါ။

(၂) တရားထိုင်ပါ

Source : Shutterstocks

မနက်အိပ်ယာနိုးတာနဲ့ တော်တော်များများက ဖုန်းကိုင်ခြင်းကို မဖြစ်မနေလုပ်ငန်းဆောင်တာကြီးတစ်ခုလို လုပ်ဆောင်နေတက်ကြပါတယ်။အားအင်ပြည့်ဝပြီး စိတ်ကြည်လင်လန်းတဲ့ မနက်ခင်းတစ်ခုပိုင်ဆိုင်ချင်ရင်တော့ ဖုန်းတွေကွန်ပြူတာတွေ ကိုင်ခြင်းနဲ့ မစတင်ပါနဲ့။တစ်နေ့တာလုံး စိုးရိမ်သောကကင်းစွာနဲ့ စိတ်အေးချမ်းစွာ ဖြတ်သန်းနိုင်ဖို့ ၅ မိနစ်ခန့်တရားထိုင်ပါ။တရားထိုင်ခြင်းက စိတ်အေးချမ်းမှုဖြစ်တည်ဖို့ အကောင်းဆုံး နည်းလမ်းတစ်ခုပါ။

(၃) မနက်ခင်းလမ်းလျောက်ပါ

Source : Shutterstocks

အသက်ရှည်ကျန်းမာချင်သူတိုင်းမနက်ခင်းကိုလေ့ကျင့်ခန်းတစ်ခုခုလုပ်ခြင်းဖြင့် စတင်သင့်ပါတယ်။တခြားသောလေ့ကျင့်ခန်းတွေမလုပ်ဆောင်နိုင်ရင်တောင် လမ်းလျောက်ခြင်းက လွယ်ကူရိုးရှင်းတဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်စေမှာပါ။မနက်ခင်းလမ်းလျောက်ခြင်းက ကျန်းမာရေးအတွက်အထောက်အပံ့ကောင်းတွေပေးစွမ်းသလို စိတ်ဖိစီးမှုလျော့ကျတဲ့အကောင်းဆုံးလေ့ကျင့်ခန်းတစ်ခုလည်းဖြစ်ပါတယ်။ဒါကြောင့်မနက်ခင်းမှာအနည်းဆုံး နာရီဝက်ခန့်လမ်းလျောက်ပါ။

(၄) ရေချိုးပါ

Source : Shutterstocks

ညဘက်အချိန်ဘယ်လောက်ပဲနောက်ကျနေပါစေ ရေချိုးဖို့မပျင်းပေမယ့် မနက်ခင်းရေချိုးဖို့ကတော့ တော်တော်လေးတိုက်ပွဲဝင်ကြရပါတယ်။ရာသီဥတုအေးလို့ အချိန်မရလို့ဆိုတဲ့အကြောင်းပြချက်တွေနဲ့ မနက်ခင်းရေချိုးကိုကျော်သွားတက်ကြပါတယ်။တကယ်တော့ မနက်ခင်းရေချိုးခြင်းက ကျန်းမာရေးနဲ့ပိုညီညွှတ်သလို ခန္ဓာကိုယ်ကချွေးနဲ့ အနံ့အသက်ဆိုးတွေဖြစ်ပေါ်မှုကိုလည်း အကောင်းဆုံးဖယ်ရှားသန့်စင်ကာ စိတ်ကြည်လင်လန်းဆန်းစေမှာဖြစ်ပါတယ်။ဒါကြောင့်မနက်ခင်းအားကစားလုပ်ပြီး ရေချိုးဖို့အကြံပြုချင်ပါတယ်။

(၅) မနက်စာကောင်းကောင်းစားပါ

Source : Shutterstocks

မြန်မာနိုင်ငံကလူအများစုက မနက်စာကောင်းကောင်းစားတာထက် နေလည်စာနဲ့ ညစာကိုပိုဦးစားပေးစားတက်ကြပါတယ်။တကယ်တော့ မနက်စာနေ့လည်စာနဲ့ညစာဆိုတဲ့အစားသုံးနပ်မှာ မနက်စာကအရမ်းကိုအရေးကြီးပါတယ်။မနက်စာကောင်းကောင်းသုံးဆောင်ခြင်းက ဦးနှောက်စွမ်းရည်တိုးတက်စေသလို အားအင်အပြည့်နဲ့ တစ်နေ့တာကိုအခက်ခဲမရှိ လွယ်ကူစွာဖြတ်သန်းနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ကစပြီး မနက်စာကောင်းကောင်းစားဖို့ မှာချင်ပါတယ်။