ဆံပင်ညှပ်ဆိုင်ကောင်းကောင်းသွားပြီး ရှယ်သ, လာပေမယ့် ကိုယ့်ရဲ့ Hairstyle မှာ တစ်ခုခု လိုနေတယ်ထင်ရင်တော့ အခုပြောမယ့် နည်းလမ်းတွေက အသုံးတည့်မှာပါ။

(၁) ဆံပင်ကို ဘာလိမ်းထားသလဲ

Source: pexels

Wax လို ဖယောင်းဂျယ်ကို ဆံပင်ခြောက်မှ သုံးသင့်ပါတယ်။ သုံးချိန်မှာလည်း ဘီးမပါဘဲ လက်နဲ့ပဲ ဖြီးသွားတာက ပိုပြီး ဆံပင်ကျတာ လှပါတယ်။ ခရမ်နဲ့ ဂျယ်တွေကတော့ အစိုဓါတ်ရှိတဲ့ ဆံပင်မှာ သုံးသင့်ပါတယ်။ ဆံပင်ကို Gel လိမ်းရင် လက်နဲ့ အသာလေး လိမ်းသွားရင်ကို အဆင်ပြေပါတယ်။

(၂) ရှန်ပူ အသုံးလျှော့ပါ

Source: theadultman

ဆံပင်မပျက်စီးဖို့အတွက် ခေါင်းလျှော်ရည်ကို သုံးရက် တစ်ခါလောက်ပဲ သုံးသင့်ပါတယ်။

(၃) ဆံပင်ကို အုံသိပ်မပါးခိုင်းနဲ့

Source: pexels

ဆံပင်ညှပ်ပြီဆိုရင် အပေါ်ဘက်က ဆံပင်ကို ချဲတာတို့ အုံပါးတာတို့ မလုပ်ခိုင်းသင့်ပါဘူး။ ဆံပင်ကောင်းစေဖိ့ု Dryer နဲ့ ဆံပင်အခြောက်ခံချိန်မှာ ခေါင်းကို အောက်စိုက်ပြီး အခြောက်ခံသင့်ပါတယ်။

(၄) Dry Shampoo သုံးပါ

Source: The Manual

ခရီးသွားများတဲ့ သူတွေလိုမျိုး အချိန်သိပ်မအားတဲ့ သူတွေ သုံးတဲ့ အလှကုန်ပစ္စည်းတစ်ခုက Dry Shampoo ဖြစ်ပါတယ်။ Dry Shampoo ဟာ ဆံပင်ထဲက အဆီတွေကို စုပ်ယူနိုင်ပြီး နည်းနည်းလေးသုံးတာနဲ့ ထိရောက်တဲ့ အလှကုန် ဖြစ်ပါတယ်။

(၅) စိုထိုင်းဆ မြင့်နေချိန်မှာ ဆံပင်ကို ပိုဂရုစိုက်ပါ

Source: pexels

ထိုင်းမှိုင်းပြီး စိုထိုင်းမှုမြင့်တဲ့ ရာသီဥတုဟာ ဆံပင်ရဲ့ ရန်သူဖြစ်ပါတယ်။ အထူးသဖြင့် ဆံပင်အရှည်ထားသူတွေမှာ ဒီပြဿနာ ကြုံပါတယ်။ ဒါကြောင့် အစိုဓါတ်မြင့်မှုကို တန်ပြန်နိုင်တဲ့ ဆံသားအလှကုန်တစ်ခုခု ဆောင်ထားပြီး ဆံပင်ပုံစံ မပျက်အောင် ထိန်းသိမ်းသင့်ပါတယ်။