အခုအချိန်အထိ အထီးကျန်နေပြီး ကိုယ့်အတွက်လက်တွဲဖော် နှုတ်ခမ်းနီမလေးတစ်ယောက်ကို ရှာဖွေနေတဲ့ ကွီးတွေရှိကြပါသလား။ ရှိတယ်ဆိုရင် ကိုယ့်ရဲ့ ဝတ်စားပုံ (၆) ချက်လောက်ကို ပြင်လိုက်ရုံနဲ့ ကောင်မလေးတွေကြွေသွားမယ့် နည်းလမ်းတွေကို ပြောပြသွားမှာနော်။
အနောက်တိုင်းဝတ်စုံ
Source: Theidleman
မြန်မာနိုင်ငံမှာ အနောက်တိုင်းဝတ်စုံကို ဝတ်ရတဲ့နေရာသိပ်မရှိပါဘူး။ ဒါပေမယ့် ဝတ်စရာလိုအပ်လာတဲ့ အခမ်းအနားတွေ၊ Event တွေနဲ့ ဟိုတယ်တွေကို ကိုယ်သဘောကျတဲ့ ကောင်မလေးကိုပါ အတူခေါ်သွားလိုက်ရင် နေရာထက်တောင် သင့်ရဲ့ ဟန်ကျတဲ့ ဝတ်စားပုံကို ကြွေသွားမှာ အသေအချာပါပဲ။ ယောက်ျားလေးတစ်ယောက်အတွက်က အနောက်တိုင်းဝတ်စုံကလည်း လိုအပ်တယ်ဆိုတော့ ကျိန်းသေဝယ်ယူထားသင့်တဲ့ ဝတ်စုံတစ်ခုပါ။
ဘောင်းဘီရှည်
Source: AliExpress.com
မိန်းကလေးတွေက ဘောင်းဘီတို၊ ကွာတားဘောင်းဘီတွေထက် စတိုင်ကျတဲ့ ဘောင်းဘီအရှည်ကိုပဲ ဝတ်တဲ့ယောက်ျားလေးတွေကို ပိုပြီး သဘောကျတတ်ပါတယ်။ အဲ့ဒီအတွက် စတိုင်ဘောင်းဘီမဟုတ်တဲ့ အခြားလှပပြီး သေသပ်တဲ့ ဘောင်းဘီရှည်တွေကိုလည်း အမြဲလိုလို ဝတ်ဆင်နေသင့်ပါတယ်။
မကျပ်လွန်း၊ မပွလွန်းတဲ့ရှပ်အင်္ကျီ
Source: pinterest.com
အချို့သော ယောက်ျားလေးတွေက အင်္ကျီကို အရမ်းကျပ်လွန်းတာ၊ ဒါမှမဟုတ် ပွလွန်းတာတွေကို ဝတ်ဆင်တတ်ကြပါတယ်။ အဲ့ဒါက မိန်းကလေးတွေအတွက်တော့ အထင်သေးစရာကိစ္စတစ်ခုဖြစ်ပြီးတော့ ကိုယ်ဝတ်မယ့် ရှပ်အင်္ကျီက ကိုယ်နဲ့ ကွက်တိဖြစ်နေဖို့ပဲ လိုအပ်ပါတယ်။
ထသွားထလာအတွက် အဝတ်အစား
Source : The Idleman
ဒီအချက်ကတော့ သင်နဲ့ ရင်းနှီးနေတဲ့ မိန်းကလေးတွေအတွက် အရေးကြီးပါတယ်။ သာမန်အလုပ်လာတာပဲဖြစ်ဖြစ် အိမ်နားက ကော်ဖီဆိုင်မှာထိုင်တာပဲဖြစ်ဖြစ် အပြင်သွားရမယ့် ကိစ္စတွေမှာ Comfort ဖြစ်တာကို ရွေးချယ်မယ်ဆိုရင်တောင် အရမ်းကြီး ရုပ်ပျက်ဆင်းပျက်မဖြစ်နေတဲ့ အဝတ်အစားကိုပဲ ရွေးဝတ်ပါ။
ဖိနပ်ကို တရံပဲ မစီးပါနဲ့
Source: Pixabay
ဖိနပ်ကလည်း မိန်းကလေးတွေ ဂရုတစိုက်နဲ့ ကြည့်တတ်တဲ့အရာတစ်ခုပါ။ ဘာပဲဖြစ်ဖြစ် ဖိနပ်တရံကိုပဲ စီးနေတာထက် အမြင်သင့်တယ်တဲ့ ဖိနပ် ၂ ရံ ၃ ရံလောက်ကို သွားရတဲ့နေရာပေါ်မှုတည်ပြီး လိုက်ဖက်အောင်စီးတာက မိန်းကလေးတွေဆီက အမှတ်ရစေဦးမှာပါ။
စတိုင်ကျလှပတဲ့ နာရီတစ်လုံး
Source : Theidleman
ဒါကလည်း ယောက်ျားလေးတစ်ယောက်မှာ မရှိမဖြစ် အသုံးအဆောင်တစ်ခုဖြစ်နေပြီးတော့ နာရီပေါ်မှုတည်ပြီးတော့ အဆိုပါ ယောက်ျားလေးတစ်ယောက်ရဲ့ အဆင့်အတန်းကို ခွဲခြားလို့ရတယ်တောင်ပြောကြတာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် Brand မဟုတ်တောင် လှပပြီး အဆင့်ရှိတဲ့ နာရီလေးတစ်လုံးကတော့ အမြဲတမ်းပတ်ထားသင့်ပါတယ်။
ဒီအချက်လေးတွေကို ဆောင်ရွက်ပြီးတော့ မိန်းကလေးတွေကို ကြွေလာအောင် လုပ်ကြတာပေါ့။