စီးပွားရေးမှာပဲ ဖြစ်ဖြစ် ၊ လူမှုရေးမှာပဲ ဖြစ်ဖြစ် လူချစ်လူခင်များတဲ့ သူတွေဟာ အလုပ်မှာ ရာထူးတက်ဖို့လွယ်သလို လူတွေအကြားမှာ နေရာပေးခံရဖို့အလားအလာ များပါတယ်။ ဒါဆို လူချစ်လူခင်များစေဖို့ဘယ်လို လုပ်သင့်သလဲ။

(၁) ပြုံးပါ

Source: superdrug

သိပ်မခက်ပါဘူး။ လူတိုင်းပြုံးတတ်ပါတယ်။ စိတ်နှစ်ပြီး တကယ်ခင်မင်နှစ်လိုတဲ့စိတ်အခံနဲ့သာ လူတွေကို ပြုံးပြ နှူတ်ဆက်တတ်ပါစေ။ လူတွေဟာကိုယ်တိုင်သာ တစ်နေ့တစ်ခါလောက် ပြုံးဖြစ်ချင်မှ ပြုံးဖြစ်မယ်။ အပြုံးကို သဘောမကျတဲ့သူရယ်လို့မရှိပါဘူး။

(၂) ဟာသဉာဏ်ရှိပါစေ

Source: Pexels

ရွှင်မြူးထက်သန်တဲ့ ဟာသဉာဏ်ဟာ လူတွေအကြားမှာ လွယ်လင့်တကူ ပေါင်းစည်းကူးလူးစေနိုင်တဲ့ လက်နက်ကောင်းတစ်ခုပါ။ ဟာသကောင်းတစ်ခုကြောင့် လူတွေဟာ တစ်ယောက်ကို တစ်ယောက်ပိုပြီး နီးစပ်တွယ်တာလာတတ်ပါတယ်။

(၃) ရင်းရင်းနှီးနှီး စကားပြောပါ

Source: Pixabay

လူတွေကို နွေးနွေးထွေးထွေး လှိုက်လှိုက်လဲှလဲှသာ ဆက်ဆံပါ။ ကိုယ့်အပေါ် အမြင်မကြည်သူတောင် တစ်ချိန်ချိန်မှာ ကိုယ့်ကိုခင်ခင်မင်မင် ဖြစ်လာပါလိမ့်မယ်။

(၅) အလေးပေးပါ

Source: Freepik

လေးစားမှူနဲ့အသိအမှတ်ပြုခြင်းဟာ လူတွေရဲ့ ဆက်ဆံရေးကို ပိုမိုခိုင်မာစေတဲ့ အချက် ဖြစ်ပါတယ်။လူတိုင်းဟာသူတို့ရဲ့ ဖြစ်တည်မှူနဲ့ဖြတ်သန်းခြင်းကို အသိအမှတ်ပြုစေချင်တဲ့စိတ်ရှိတတ်ပါတယ်။ အဲဒီလူတွေရဲ့ ဆန္ဒကို ဖြည့်ပေးလိုက်ပါ။ အရေးကြီးတယ်လို့သူတို့ကိုယ် အသိပေးလိုက်ခြင်းဟာ ကိုယ့်ကိုယ်ကိုပါ သူတို့ရဲ့ အတွင်းစည်းထဲ ဝင်ခွင့်တောင်းလိုက်တာ ဖြစ်ပါတယ်။

(၆) ကိုယ့်ရဲ့ စရိုက်ကောင်းကို ထုတ်ပြပါ

Source: Freepik

လူတွေမှာ စိတ်ကောင်းစေတနာကောင်းတို့၊ လေးစားစရာ ပင်ကိုယ်အရည်အသွေးကောင်းတွေ ရှိကြပါတယ်။ အဲဒီ Character ကောင်းတွေကို ဖွံ့ဖြိုးအောင်လုပ်ပါ။ ဥပမာ- မကောင်းတဲ့ အရာတစ်ခုကို မကောင်းဘူးပြောဖို့ရဲရင့်ရိုးသားစွာ ပြောရဲတာမျိုးဟာ လူတွေ သဘောကျလေးစားရတဲ့ အကြောင်းဖြစ်ပါတယ်။ ကိုယ့်ရဲ့ ဂုဏ်ရည်ကောင်းတွေ အသုံးချပါ။

(၇) မငြင်းနဲ့

Source: Freepik

အငြင်းသန်ရင် လူရာမဝင်ပါဘူး။ လူတွေဟာ အဆိုးမြင်လွန်းသူ ၊ ဝေဖန်လွန်းသူ ၊ ဆရာကြီးလုပ်ချင်လွန်းသူမျိုးကို ဘယ်တော့မှ သဘောမကျပါဘူး။ ငြင်းတတ်တဲ့ ဝါသနာအစား တစ်ဖက်လူကို မထိခိုက်စေဘဲ ကိုယ့်အမြင်ကို ပြေပြေပြစ်ပြစ် ဖြေရှင်းဖို့အကြံပြုချင်ပါတယ်။