စာဖတ်သူပုရိသတစ်ယောက်အနေနဲ့ ယခုလက်ရှိမှာ ညှပ်ထားတဲ့ ကိုယ့်ဆံပင်ကေက ကိုယ်နဲ့ လိုက်ဖက်မှုရှိပြီး ဆွဲဆောင်မှုရှိတယ်လို့ ထင်မြင်ယူဆမိပါသလား။ တကယ်တော့ ဆံပင်စတိုင်လ်က သင့်ကို ကြည့်ကောင်းအောင်လည်း ကူညီပေးနိုင်သလို၊ ရှိရင်းစွဲ ပင်ကိုအလှကိုလည်း မှေးမှိန်ပျောက်ကွယ်သွားစေပါတယ်။

ဒါ့ကြောင့် ကိုယ်နဲ့လိုက်ဖက်နဲ့ ဆံပင်ကေကို ရွေးချယ်ရာမှာ ပညာသားပါပါရွေးချယ်တတ်ဖို့ လိုပါမယ်။ ကျွမ်းကျင်မှုမရှိတဲ့ ဆံသဆရာကလည်း သင့်ကို ဆေးအကြီးကြီးထိုးတတ်တာကြောင့် ကိုယ်သွားညှပ်မယ့် ဆံပင်ဆိုင်က ဆံသဆရာက ကျွမ်းကျင်ရဲ့မှုရှိရဲ့လားဆိုတာ အရင်စုံစမ်းသင့်ပါတယ်။ စုံစမ်းပြီးမှ ဆံပင်ကေပြောင်းခြင်းလုပ်ငန်းကို အစပြုရပါမယ်။

ဆံပင်စတိုင်လ်အမျိုးမျိုးရှိတဲ့အထဲကမှ စာဖတ်သူတို့အတွက် ဒီတစ်ခေါက်ပြောပြပေးမယ့်စတိုင်လ်ကတော့ ပုံမှန်ထက်ပိုပြီး ခေါင်းလိမ်းဂျယ်လ်နိုင်နိုင်သုံးရမယ့် တောက်ပြောင်တဲ့ဆံပင်စတိုင်လ်တွေပဲဖြစ်ပါတယ်။

အနောက်ကို လှန်ဖြီးထားတဲ့ ဆံပင်စတိုင်လ်

ဆံပင်ကို ဂျယ်လ်လိမ်းပြီး အနောက်ကို လှန်ဖြီးချင်တယ်ဆိုရင်တော့ သင့်မျက်နှာကျက ဝိုင်းစက်နေတာမျိုး၊ ဘဲဥပုံမျက်နှာကျမျိုးမဟုတ်ဘဲ ပုံထဲကလို မျက်နှာကျရှည်တဲ့ မျက်နှာပိုင်ရှင် (သို့) စတုရန်းပုံမျက်နှာကျမျိုး ပိုင်ဆိုင်ထားရပါမယ်။

ဘေးဘက်ခွဲကြောင်း

ဆံပင်ကို ဂျယ်လ်များများလိမ်းပြီး ခွဲကြောင်းကို ညာဘက် (သို့) ဘယ်ဘက် ပို့ပေးရပါမယ်။ ဒီဆံပင်ကေကတော့ လေးထောင့်ပုံမျက်နှာကျနဲ့ တြိဂံပုံမျက်နှာကျပိုင်ရှင်တို့နဲ့လိုက်ဖက်မှုရှိပါတယ်။

အရှေ့ဘက်သို့ ဆံပင်ချထားတဲ့ကေ

မိန်းကလေးတွေကတော့ ဒီလိုဆံပင်ကေကို အရှေ့ဆံမြိတ်ချတယ်လို့ ခေါ်ကြပါတယ်။ အမျိုးသားထုအတွက်တော့ ဒီဆံပင်ကေက ခေတ်နောက်ပြန်ဆွဲတဲ့ဆံပင်ကေလို့ ဆိုရမှာပါပဲ။ ဒီလိုအရှေ့ဘက် ဆံပင်ချချင်တယ်ဆိုရင်တော့ စာဖတ်သူရဲ့ နဖူးပြင်က ကျယ်ရပါမယ်။

သဘာဝဆံပင်အကောက်ကေ

နဂိုကောက်သမားများအနေနဲ့ ဆံပင်ညှပ်တဲ့အခါ ဆံပင်ဖြောင့်တဲ့သူတွေထက် ပိုပြီး ဂရုစိုက်သင့်ပါတယ်။ ကျွမ်းကျင်မှုမရှိတဲ့ ဆံသဆရာနဲ့ဆို သင့်ဆံပင်က အရမ်းဖွာလန်ပြီး ခြင်္သေ့လည်ဆံမွှေးထက် ပိုထူသွားနိုင်လို့ပါပဲ။

အလယ်တွင် ထောင်ထားသော ကေ

ဂျယ်လ်သုံးပြီး ဆံပင်ထောင်ချင်တဲ့သူတွေအနေနဲ့ကတော့ သင့်မျက်နှာကျက ချွန်ပြီး ရှည်မျောမျောဖြစ်နေလို့ မရပါဘူး။ မျက်နှာကျရှည်တဲ့သူတွေကတော့ ဆံပင်ထောင်မယ့်အစား ဘေးဘက်သို့ ချထားခြင်း (သို့) အနောက်ဘက်သို့ လှန်ဖြီးထားတာအကောင်းဆုံးပါပဲ။

မျက်နှာကျရှည်တဲ့သူတွေကလွဲပြီး အခြားမျက်နှာကျပိုင်ရှင်များကတော့ ဆံပင်ထောင်မယ်ဆို လိုက်ဖက်ပါတယ်။

ဘိုကေ

ဘိုကေကတော့ ယောကျာ်းပီသစေတဲ့ ဆံပင်ကေပဲဖြစ်ပါတယ်။ အမျိုးသားတိုင်း ရွေးချယ်ညှပ်နိုင်ပါတယ်။

နဖူးထက်မှ ပြေကျနေသော ဆံပင်ကေ

ဒီဆံပင်ကေလေးကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ပြေကျချင်တဲ့ ဆံပင်ကေက အနည်းငယ်ရှည်လျားနေရမယ့်အပြင် ဆံပင်လေမှုစက်နဲ့လည်း ပုံသွင်းပေးရပါမယ်။ ဂျယ်လ်လိမ်းပြီးလို့ ဆံပင်ပုံသွင်းမယ့်အခါ ရိုးရိုးဘီးနဲ့ မဟုတ်ဘဲ ဘီးအလုံးနဲ့ လိပ်ပြီးပုံသွင်းပေးလိုက်ပါ။

Source: Thetrendspotter.net