တစ်ခါတစ်လေ Gym ဆော့ရင်း ကြွက်သားတွေ နာသထက် နာလာတာ ၊ လူကလည်း ခြေကုန်လက်ပန်းကျလာတာ ကြုံဖူးပါသလား။ ဒါဆိုရင် Overtraining ဆင်းမိနေပြီ ဖြစ်ပါတယ်။ ကိုယ့်ခံနိုင်ရည်ထက်ပိုပြီး Gym ဆော့မိတယ်ဆိုတာကို ခန္ဓာကိုယ်က ပြပါတယ်။

(၁) နာတဲ့ အကြိမ်ရေ စိပ်လာတာ

Source: AskMen

ပုခုံးကြွက်သားတွေ ၊ လက်ပြင်တွေ နာတာ အခုထိ မသက်သာသေးဘူးလား။ ဒါမျိုး ဟိုနားက နာ ဒီနားကနာတာ အကြိမ်ရေ များလာပြီဆိုရင် ခန္ဓာကိုယ်ကို ပစ်မထားသင့်ပါဘူး။ Workout လုပ်ရင်း ခန္ဓာကိုယ် နာတာ များလာရင် လေ့ကျင့်တဲ့ ပုံစံ မှားနေသလားဆိုတာကို ပြန်စစ်ဆေးသင့်ပါတယ်။

(၂) သာမန်ထက် ပိုမောပန်းနွမ်းနယ်တာ

Source: ShutterStock

အိပ်စက်တာဟာ Gym ကစားတဲ့ သူတွေအတွက် တကယ်အရေးပါအရာရောက်ပါတယ်။ ဒါပေမယ့် သိပ်ပြီး Training ဆင်းတာ များလာရင် ပိုပြီး ပင်ပန်းနွမ်းနယ်ပြီး ညည အိပ်လို့ရမှာ မဟုတ်ပါဘူး။ ဒီအချက်ကို ဂရုစိုက်ပါ။ သိပ်ပြီး လောဘတကြီးနဲ့Gym ကစားလို့လည်း ထိရောက်မှာ မဟုတ်တာကို သတိရပါ။

(၃) ဇီဝဖောက်ပြန်မှု ရှိလာတာ

Source: Ravishly

အာရုံစိုက်လို့မရတာ ၊ စိတ်ရှုပ်လာတာ များလာရင် Gym ဆော့ပြီး ဘာလို့ဒီလို ဖြစ်ရတာလဲ စဉ်းစားသင့်ပါပြီ။ ပုံမှန်အားဖြင့် Gym ကစားတာဟာ စိတ်ဖိစီးမှုနဲ့စိတ်တင်းကြပ်မှု လျှော့ပေးနိုင်ပေမယ့် Overtraining ဖြစ်ရင်တော့ လူရဲ့ ခန္ဓာဗေဒစနစ်ပါ ထိခိုက်လာပါတယ်။

(၄) ဖျားလာတယ်

Source: thoughtco.com

နေမကောင်းဖြစ်လာတာဟာ ခန္ဓာကိုယ် ကိုယ်ခံအားစနစ် အားနည်းလို့ပါ။ Gym ကစားတာဟာ ကိုယ်ခံအားစနစ်ကို မြှင့်ပေးပေမယ့် အလွန်အကျွံ Workout လုပ်ရင်တော့ ခန္ဓာကိုယ်မှာ ဖောက်ပြန်လာတာတွေ ရှိပါတယ်။

(၅) နောက်ကျောနာလာတယ်

Source: Medical News Today

ဒါကတော့ မတန်မဆ Weight မ တာတွေနဲ့ ဝိတ်မနည်း မှားလို့လည်း ဖြစ်နိုင်ပါတယ်။ ဒါကို Gym Trainer နဲ့ အနီးကပ်တိုင်ပင်ပြီး လေ့ကျင့်ကြည့်ဖို့လိုပါတယ်။

(၆) ပုခုံးနာတာ

Source: Medical News Today

ပုခုံးနာတာဟာ ရုံးမှာ ကွန်ပျူတာပဲ တောက်လျှောက်ကြည့်သူတွေ ဖြစ်တယ်လို့ မထင်ပါနဲ့။ Workout လုပ်တာ များတဲ့ လူတွေမှာလည်း ပုခုံးနာတတ်ပါတယ်။ အကောင်းဆုံး နည်းနည်း လျှော့ပြီး ကစားတာတို့၊ Workout လုပ်နည်း မှန်မမှန်ပြန်စစ်ဖို့လိုပါတယ်။

(၇) နှလုံးခုန်နှုန်း ပိုမြန်လာတာ

Source: Men’s Journal

သာမန်ထက် နှလုံးခုန်နှုန်း မြန်လာမယ်ဆိုရင် နားဖို့လိုနေကြောင်း အချက်ပြနေတာပဲ။ ကျန်းမာတဲ့ နှလုံးခုန်မှုဟုတ်မဟုတ် သိရဖို့နှလုံးခုန်စနစ် စောင့်ကြည့်တဲ့ App တို့စနစ်တို့သုံးသင့်ပါတယ်။ တကယ်လို့သာမန်ထက် နှလုံးခုန်နှုန်း ပိုမြန်လာတာကို တွေ့ရရင်တော့ Workout လုပ်တာကို လျှော့ဖို့လိုပြီ ဖြစ်ပါတယ်။