ဒီတပတ်မှာတော့ ခေတ်စားလာတဲ့ Throwback Fashion လေးအကြောင်းကို ကွီးတို့ကိုပြောပြချင်ပါတယ်။ အဲ့ဒါကတော့ ပိုလိုတီရှပ်တွေပဲဖြစ်ပါတယ်။ ပြန်ခေတ်စားလည်း ဘာလုပ်ရမှာလဲပုံတုံးကြီးပါလို့ အပြောမစောပါနဲ့။ ဘယ်လို Version မြင့်လာလဲဆိုတာကိုအောက်မှာပဲ ဆက်ပြီးဖတ်ကြည့်လိုက်ပါ။

Source: gq.com
70s လောက်တုန်းကဆို Polo တီရှပ်တွေဟာ အရမ်းခေတ်စားခဲ့ပါတယ်။ သူ့ဒီဇိုင်းကရိုးရှင်းတဲ့အတွက် နောက်ပိုင်းမှာ အသစ်ထွက်တဲ့ပုံစံတွေကိုပဲ ရွေးချယ်ဝတ်ဆင်ကြပါတော့တယ်။ Polo Shirt တွေဟာ Classic ဖြစ်ပါတယ်။ ၂၀၁၈ မှာခေတ်စားတဲ့ ဒီဇိုင်းကတော့ ပိုလိုရှပ်ကို Upgrade လုပ်ထားတဲ့ သဘောပါ။ Retro ကော်လံနဲ့ အင်္ကျီလက်မှာအစင်း ပါထပ်ထည့်ထားတဲ့ အပြင်ခါးကိုလည်း အနည်းငယ်ပိုရှည်ထားပါတယ်။ ချည်သားအထူနဲ့ပြုလုပ်ထားပြီး အင်္ကျီသားက အနည်းငယ်ကြမ်းပါတယ်။

Source: gq.com
တစ်ခုထူးခြားတာက Polo Shirt လို့ပြောပေမဲ့ အရင်တုန်းကဒီဇိုင်းတွေအတိုင်း ကြယ်သီးနဲ့ပဲမဟုတ်ပါဘူး ဇစ်တို့ ကြယ်သီးမပါပဲ ကော်လံအပွင့်ဒီဇိုင်းမျိုးတွေဖြစ်ပါတယ်။ ဒီဇိုင်းပြီးတော့ ကာလာကိုပြောရမယ်ဆိုရင်တော့ အရင်တုန်းကပိုလိုရှပ်တွေလို ဗြောင်ကြီးပဲမဟုတ်တော့ပါဘူး Pattern လေးတွေဆိုလှမှလှ အရောင်တွေကလည်း Maroon တို့လိုရှားပါးတဲ့ အရောင်တွေပါရှိပါတယ်။

Source: gq.com
နောက်လျှို့ဝှက်ချက်ကတော့ Body Fit ဝတ်ထားသလို အထာကျနေမှာပါ။ Workout လုပ်တဲ့သူတွေအတွက်ဆို ပိုပြီးတော့ မိုက်နေမှာပါ။ ပိုလိုရှပ်လို့တောင်ထင်ရမှာမဟုတ်တော့ပါဘူး။ မသိရင် လူတစ်ယောက်ကို Identity ပြောင်းလိုက်သလို Polo ကိုလည်း နောက်ထပ် Level တစ်ခုကို ၂၀၁၈မှာ ဖက်ရှင်လောက ကဆွဲတင်ခဲ့ပါပြီ။

Source: The Idle Man