Source: AllKpop
အတူ ဂီတဖန်တီးမှုတွေ မလုပ်တာကြာပြီဖြစ်တဲ့ ZICO နဲ့ IU ကတော့ ၉နှစ်အကြာမှာ ပြန်ပြီးတော့ အတူ ဂီတဖန်တီးမှုတွေ ပြန်လည် လုပ်ဆောင်လာပါပြီ။ သူတို့ရဲ့ ဂီတပူးတွဲ လုပ်ဆောင်မှုအဖြစ် Soulmate ဆိုတဲ့ တေးသီချင်းလေးကို ပရိသတ်တွေဆီ အရောက်ဆောင်ယူလာပါပြီ
Source: AllKpop
ဒီ “SoulMate” ဆိုတဲ့ R&B ကေပေါ့သီချင်းလေးကို Zico ကိုယ်တိုင် producedလုပ်ထားတာဖြစ်ပြီးတော့ စာသားသံစဉ်တွေကိုလည်း သူကိုယ်တိုင် ဖန်တီးရေးသားထားတာဖြစ်ပါတယ်။ ဒီသီချင်းလေးကလည်း ဇူလိုင်လကုန်ရက်တုန်းက ဖြန့်ချီထားတဲ့ တေးသီချင်းလေးပဲဖြစ်ပါတယ်။
ဟစ်ဟော့အဆိုတော် တေးရေးဆရာတစ်ယောက်ဖြစ်တဲ့ Zico နဲ့ IU တို့ဟာ 2009 ခုနှစ်တုန်းက “Marshmallow” တေးသီချင်းကို အတူဖန်တီးပုံဖော်ခဲ့ကြသူတွေဖြစ်ပါတယ်။ ခုလို ၉နှစ်တာ ကြာမြင့်ပြီးချိန်မှာတော့ သူတို့ အတူတူပြန်လည် လက်တွဲလိုက်ကြတာလည်း ဖြစ်ပါတယ်။
Source: allkpop
ဒီတေးသီချင်းဟာ သြဂုတ်လ ၁၂ ရက်နေ့က ကျင်းပတဲ့ SBS ရဲ့ music program ဖြစ်တဲ့ Inkigayo မှာလည်း ပထမဆုရရှိခဲ့ပါသေးတယ်။ ၉နှစ်ကျော်ကြာမြင့်မှ ပြန်လည်တွဲပြီး ဂီတဖန်တီးမှုပြုလုပ်ထားတဲ့ Zico နဲ့ IU တို့ရဲ့ Soulmate ဆိုတဲ့ သီချင်းလေးကိုလည်း ခံစားနားဆင်ပေးကြဖို့ ဖော်ပြပေးလိုက်ရပါတယ်။