အရင်အပတ်က ဖော်ပြပေးသွားတဲ့ 90’s လောက်က အမျိုးသားတွေရဲ့ ဖက်ရှင်ဒီဇိုင်း Trend နဲ့ ယနေ့ခေတ် ဝတ်စားပုံအပြင်ပန်း ကွာခြားမှုကို ဆက်လက်ဖော်ပြပေးချင်ပါတယ်။
90’s လောက်ကအမျိုးသားတွေဟာ Buckets Hats ဦးထုပ်တွေကို အများဆုံးဝတ်ကြပြီး ဒီနေ့ခေတ်အမျိုးသားအများစုကတော့ ဘေ့စ်ဘော ဦးထုပ်လိုမျိုး လျှာထိုးတွေကို ဝတ်ဆင်ကြပါတယ်။
Source: buzzfeed.com
နောက်ပြီး နာမည်ကြီး Brand တွေလည်းမတူတော့ပါဘူး Internationally အရ 90s လောက်တုန်းက Bugle Boy တံဆိပ်ဟာ နာမည်ရခဲ့ပြီး အခုတော့ Adidas တို့လို Sports Wear တွေဟာ Trend အဖြစ်ဆုံးပါ။
Source: buzzfeed.com
Over Shirt အနေနဲ့ အရင်တုန်းကခေတ်ထခဲ့တာကတော့ ဒေါင်လိုက်အစင်းအင်္ကျီတွေဖြစ်ပြီး အခုတော့ Camo လို့ခေါ်တဲ့ထူးထူးခြားခြား Patterned အကွက်အပြောက် ပါတဲ့ OverShirt တွေပဲဖြစ်ပါတယ်။
Source: buzzfeed.com
Shorts တွေနဲ့ပတ်သက်ပြီးပြောရရင် အရင်တုန်းကဆို Colourful ရောင်စုံဖြစ်တဲ့ ဘောင်းဘီတိုတွေကိုရွေးချယ်ဝတ်ဆင်ကြပြီး အခုခေတ်အမျိုးသားတွေ အထာကျကျဝတ်ဆင်နေတာကတော့ Jeans ဘောင်းဘီအတိုတွေပါ။
အရင်တုန်းက ဘာကြောင့်မှန်းမသိ Cargo Quarter ဘောင်ဘီးအပွတွေကို အတော်လေးဝတ်ဆင်ကြပြီး ယနေ့ခေတ်မှာတော့ Cargo တွေကို Skinny လုပ်ပြီးဝတ်ကြပါတယ်။ Cargo အသားဟာ ဆွဲသား Elastic မပါတော့ Skinny ကအပွထက်စာရင် ပိုကြည့်ကောင်းပါတယ်။
Source: buzzfeed.com
90’s လောက်တုန်းကဆို ကာလာကိုဦးစားပေးပြီးတတ်နိုင်သမျှ အရောင်စုံ ရှာဝတ်ကြပေမယ့် ခုခေတ် trendy ဖြစ်နေတာက အနက်ပါပဲ။ ရောင်စုံဘောလုံးမလုပ်တော့ပဲ အနက်နဲ့ အခြားမှောင်တဲ့အရောင်တွေကို Smart ကျကျဝတ်ဆင်လာကြပါတယ်။