[Zawgyi]

လူတိုင္းလူတိုင္းဘဝမွာေအာင္ျမင္ခ်င္ၾကသူေတြခ်ည္းပါ။ဒါေပမယ့္ ေအာင္ျမင္မႈဆိုတာလြယ္လြယ္နဲ႔ ရရွိႏိုင္တဲ့အရာတစ္ခုေတာ့မဟုတ္ပါဘူး။ဇြဲ လံု႕လ ဝီရိယစတဲ့အရာေတြအားလံုးစုေပါင္းၿပီးမဆုတ္မနစ္ႀကိဳးစားမွသာ ေမ်ာ္မွန္းထားတဲ့ေအာင္ျမင္မႈရရွိႏိုင္မွာျဖစ္ပါတယ္။မိမိဘဝမွာေမွ်ာ္မွန္းထားတဲ့ေအာင္ျမင္မႈရရွိခဲ့ရင္ေတာင္ ေအာင္ျမင္မႈကိုေရရွည္တန္႔တည္ဖို႔ ဆက္ လက္ႀကိဳးစားရအုန္းမွာပါ။ဒီေန႔မွာေတာ့ေအာင္ျမင္မႈကိုေရရွည္တည္တန္႔ခိုင္ျမဲေနဖို႔ဘာေတြလုပ္ေဆာင္သင့္လဲဆိုတာအႀကံျပဳေပးခ်င္ပါတယ္။

(၁) ႀကိဳးစားခဲ့သမွ်သတိရပါ

Source : Shutterstock

ေအာင္ျမင္သြားၿပီဆိုရင္ေတာ္ေတာ္မ်ားမ်ားကဘဝေမ့သြားတက္ၾကပါတယ္။ကိုယ္ျဖတ္သန္းလာရတဲ့ ဘဝအခက္အခဲေတြကိုမေမ့ေလ်ာ့မွသာလ်င္ မိမိရရွိပိုင္ဆိုင္ထားတဲ့ ေအာင္ျမင္မႈကို ေလ်ာ့က်မသြားေအာင္ သတိျပဳဆင္ျခင္မိမွာပါ။ဒါေၾကာင့္ကိုယ္အေနနဲ႔ ေအာင္ျမင္မႈရဖို႔ဘယ္ေလာက္ႀကိဳးစားခဲ့ရတယ္ ဘယ္လိုေပးဆပ္ခဲ့ရတယ္ဆုိတာကို အျမဲျပန္လည္သံုးသပ္သင့္ပါတယ္။

(၂) ဆက္လက္ေလ့လာပါ

Source : Shutterstock

ေလာကမွာေအာင္ျမင္ေနတဲ့ စီးပြားေရးလုပ္ငန္းရွင္ေတြ နယ္ပယ္အသီးသီးကေအာင္ျမင္ေက်ာ္ၾကားတဲ့ပုဂၢိဳလ္ေတြအားလံုးေရာက္တဲ့ေနရာမွာရပ္တန္႔မေနၾကပါဘူး။အစဥ္မျပတ္ဆက္လက္ေလ့လာမႈေတြျပဳလုပ္ေနၾကတာျဖစ္ပါတယ္။ေလ့လာသင္ ယူျခင္းန႔ဲအသားက်ေနတဲ့သူေတြသာ အားလံုးေရွ႔ဆံုးမွာေျပးေနမွာျဖစ္ၿပီး ေအာင္ျမင္မႈကိုေရရွည္ဆုပ္ကိုင္နိုင္မွာျဖစ္ပါတယ္။

(၃) အရည္အေသြးကိုထိန္းသိမ္းပါ

Source : Shutterstock

လူတိုင္းမွာကိုယ္ပိုင္အရည္အေသြးတစ္ခုစီေတာ့ရွိၾကပါတယ္။ေအာင္ျမင္တယ္ဆိုရင္နဲ႔ ကိုယ့္ရဲ႕အရည္အေသြးကိုေလ်ာ့ခ်လိုက္လို႔မရပါဘူး။ဥပမာစားေသာက္ကုန္တစ္ခုနဲ႔ႏိႈင္းယွဥ္ၾကည့္ပါစို႔။စာေသာက္ကုန္ပစၥည္းတစ္ခု စစထုတ္ခ်င္းမွာအရသာအရည္အေသြးအားလံုးျပည့္စံုေပမယ့္ လူႀကိဳက္မ်ားလာနဲ႔အမွ် ထုတ္ပိုးမႈပံုစံေတြ ကြာလတီေတြေလ်ာ့ခ်လာမယ္ဆိုရင္လူေတြရဲ႕အားေပးမႈကလည္းေလ်ာ့လာမွာျဖစ္ပါတယ္။ဒါေၾကာင့္ကိုယ့္ရဲ႕ အရည္အေသြးကိုဆက္လက္ထိန္းသိမ္းထားဖို႔လိုပါမယ္။

(၄) ျပန္လည္မွ်ေဝပါ

Source : Shutterstock

Sharing is caring ဆိုတဲ့စကားေလးအတိုင္း ေအာင္ျမင္မႈအသီးအပြင့္ကိုတစ္ေယာက္တည္းမခံစားပါနဲ႔။ ကိုယ္ႀကံဳေတြ႕ ရတဲ့အခက္အခဲေတြ ဗဟုသုတျဖစ္စရာအေၾကာင္းအရာေတြကိုလူအမ်ားစီသို႔ျပန္လည္မွ်ေဝေပးပါ။ဒီလိုလူအမ်ားကိုျပန္လည္ေဝမွ်ျခင္းကလည္းေအာင္ျမင္မႈကိုၾကာၾကာရပ္တည္ေစႏိုင္မယ့္နည္းလမ္းတစ္ခုျဖစ္ပါတယ္။

[Unicode]

လူတိုင်းလူတိုင်းဘဝမှာအောင်မြင်ချင်ကြသူတွေချည်းပါ။ဒါပေမယ့် အောင်မြင်မှုဆိုတာလွယ်လွယ်နဲ့ ရရှိနိုင်တဲ့အရာတစ်ခုတော့မဟုတ်ပါဘူး။ဇွဲ လုံ့လ ဝီရိယစတဲ့အရာတွေအားလုံးစုပေါင်းပြီးမဆုတ်မနစ်ကြိုးစားမှသာ မျော်မှန်းထားတဲ့အောင်မြင်မှုရရှိနိုင်မှာဖြစ်ပါတယ်။မိမိဘဝမှာမျှော်မှန်းထားတဲ့အောင်မြင်မှုရရှိခဲ့ရင်တောင် အောင်မြင်မှုကိုရေရှည်တန့်တည်ဖို့ ဆက် လက်ကြိုးစားရအုန်းမှာပါ။ဒီနေ့မှာတော့အောင်မြင်မှုကိုရေရှည်တည်တန့်ခိုင်မြဲနေဖို့ဘာတွေလုပ်ဆောင်သင့်လဲဆိုတာအကြံပြုပေးချင်ပါတယ်။

(၁) ကြိုးစားခဲ့သမျှသတိရပါ

Source : Shutterstock

အောင်မြင်သွားပြီဆိုရင်တော်တော်များများကဘဝမေ့သွားတက်ကြပါတယ်။ကိုယ်ဖြတ်သန်းလာရတဲ့ ဘဝအခက်အခဲတွေကိုမမေ့လျော့မှသာလျင် မိမိရရှိပိုင်ဆိုင်ထားတဲ့ အောင်မြင်မှုကို လျော့ကျမသွားအောင် သတိပြုဆင်ခြင်မိမှာပါ။ဒါကြောင့်ကိုယ်အနေနဲ့ အောင်မြင်မှုရဖို့ဘယ်လောက်ကြိုးစားခဲ့ရတယ် ဘယ်လိုပေးဆပ်ခဲ့ရတယ်ဆိုတာကို အမြဲပြန်လည်သုံးသပ်သင့်ပါတယ်။

(၂) ဆက်လက်လေ့လာပါ

Source : Shutterstock

လောကမှာအောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ နယ်ပယ်အသီးသီးကအောင်မြင်ကျော်ကြားတဲ့ပုဂ္ဂိုလ်တွေအားလုံးရောက်တဲ့နေရာမှာရပ်တန့်မနေကြပါဘူး။အစဉ်မပြတ်ဆက်လက်လေ့လာမှုတွေပြုလုပ်နေကြတာဖြစ်ပါတယ်။လေ့လာသင် ယူခြင်းနဲ့အသားကျနေတဲ့သူတွေသာ အားလုံးရှေ့ဆုံးမှာပြေးနေမှာဖြစ်ပြီး အောင်မြင်မှုကိုရေရှည်ဆုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။

(၃) အရည်အသွေးကိုထိန်းသိမ်းပါ

Source : Shutterstock

လူတိုင်းမှာကိုယ်ပိုင်အရည်အသွေးတစ်ခုစီတော့ရှိကြပါတယ်။အောင်မြင်တယ်ဆိုရင်နဲ့ ကိုယ့်ရဲ့အရည်အသွေးကိုလျော့ချလိုက်လို့မရပါဘူး။ဥပမာစားသောက်ကုန်တစ်ခုနဲ့နှိုင်းယှဉ်ကြည့်ပါစို့။စာသောက်ကုန်ပစ္စည်းတစ်ခု စစထုတ်ချင်းမှာအရသာအရည်အသွေးအားလုံးပြည့်စုံပေမယ့် လူကြိုက်များလာနဲ့အမျှ ထုတ်ပိုးမှုပုံစံတွေ ကွာလတီတွေလျော့ချလာမယ်ဆိုရင်လူတွေရဲ့အားပေးမှုကလည်းလျော့လာမှာဖြစ်ပါတယ်။ဒါကြောင့်ကိုယ့်ရဲ့ အရည်အသွေးကိုဆက်လက်ထိန်းသိမ်းထားဖို့လိုပါမယ်။

(၄) ပြန်လည်မျှဝေပါ

Source : Shutterstock

Sharing is caring ဆိုတဲ့စကားလေးအတိုင်း အောင်မြင်မှုအသီးအပွင့်ကိုတစ်ယောက်တည်းမခံစားပါနဲ့။ ကိုယ်ကြုံတွေ့ ရတဲ့အခက်အခဲတွေ ဗဟုသုတဖြစ်စရာအကြောင်းအရာတွေကိုလူအများစီသို့ပြန်လည်မျှဝေပေးပါ။ဒီလိုလူအများကိုပြန်လည်ဝေမျှခြင်းကလည်းအောင်မြင်မှုကိုကြာကြာရပ်တည်စေနိုင်မယ့်နည်းလမ်းတစ်ခုဖြစ်ပါတယ်။