သံပုရာရည်ဟာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဖြစ်တဲ့ ဗီတာမင် စီနဲ့ citric acid ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒါကြောင့် အများကြီးသောက်စရာမလိုပါဘူး။ဘယ်အရာမဆို တန်ဆေးလွန်ဘေးဆိုတဲ့ အတိုင်းပဲ သံပုရာရည်ဟာ ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် အလွန်အကျွံသောက်သုံးရင်တော့ သွားတွေပျက်စီးတာ၊အစာချေလမ်းကြောင်း ထိခိုက်တာ အစရှိတဲ့ ပြဿနာတွေကို ဖြစ်ပေါ်စေပါလိမ့်မယ်။
ဗီတာမင် စီရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ
Source: Unilever Food Solutions
ဗီတာမင်စီပမာဏ ၁၉ မီလီဂရမ်ခန့်ကို သံပုသီးတစ်လုံးတည်းကရရှိနိုင်ပါတယ်။ ဒါကတော့ သံပုရာသီးအပေါ်မှာမှုတည်ပြီး ဗီတာမင်စီ ပါဝင်မှု ပမာဏ အတိုးအလျှော့ရှိပါတယ်။ ဗီတာမင်စီဟာ ခန္ဓာကိုယ်တစ်ရှူးပျက်စီးမှုကနေ ကာကွယ်ပေးပြီး ပရိုတင်း၊အဆီဓာတ် နဲ့ DNA အစရှိတဲ့ မော်လီကျူးတွေ ထိခိုက်မှာကိုလည်း ကာကွယ်ပေးပါသေးတယ်။ဗီတာမင်စီကို လုံလောက်စွာစားပေးမယ်ဆိုရင် နှလုံးသွေးကြောဆိုင်ရာ ပြသာနာဖြစ်ပွားမှုကို လျှော့ချပေးပြီး အသားအရည်ကျန်းမာရေးအတွက်လည်း အထောက်အကူပြုစေပါတယ်။ဗီတာမင်စီလိုပဲ သံပုရာသီးမှာ Citric Acid ပါဝင်မှုနည်းမြှင့်မားပါတယ်။ ဒီ Citric Acid ဟာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ စွမ်းအင်တွေကို ထုတ်ပေးပြီး ကျန်းမာရေးအတွက် အကျိုးဖြစ်စေပါတယ်။
Source: Fujusa Foods Limited
ပြီးတော့ Citric Acid ဟာ ဆီးကျောက်တည်ခြင်းကို ကာကွယ်ပေးပြီး ရှိပြီးသားကျောက်အသေးလေးတွေကိုလည်း စွန့်ထုတ်ပေးပါတယ်။သံပုရာရည် အလွန်အကျွံသောက်ရင်ဘယ်လိုဆိုးကျိုးတွေဖြစ်နိုင်လဲ?သံပုရာရည်မှာ ပါဝင်တဲ့ အက်ဆစ်တွေဟာ အလွန်အကျွံ စားသုံးမယ်ဆိုရင် အစာအိမ်နဲ့ အူလမ်းကြောင်းကို ဒုက္ခပေးနိုင်ပါတယ်။အချို့လူတွေဟာ ascorbic acid ပါတဲ့ အစားအသောက်တွေကို အလွန်အမင်း စားသုံးပြီးတဲ့အခါ ဗိုက်နာ၊ဗိုက်အောင့်တဲ့ ဝေဒနာတွေ ခံစားလာရတတ်ပါတယ်။
Source: Epicurious
Citric acid နဲ့ ascorbic acid နှစ်မျိုးရောနှောထားတဲ့ သံပုရာရည်ဟာ pH တန်ဖိုး ၂-၃ လောက် ရှိပါတယ် (pH တန်ဖိုး သုညဟာ အက်ဆစ်ဓာတ်အပြင်းဆုံး ပမာဏဖြစ်ပြီး ဘက်ထရီထဲမှာ ထည့်ထားတဲ့ အက်ဆစ်ဟာ pH တန်ဖိုး ၁ ရှိပါတယ်)။PH ပမာဏ ၄ လောက်ရှိတဲ့ အစားအစာတွေဟာ သွားတွေကို ဖျတ်စီးနိုင်ပါတယ်။ ဒါကြောင့် သံပုရာရည်သောက်ပြီးတိုင်း အာလုပ်ကျင်းပေးခြင်းဖြစ် သွားကြွေလွှာတွေ ပျက်စီးမှုကို ကာကွယ်ရပါလိမ့်မယ်။ဒါ့အပြင် သံပုရာရည်သောက်ပြီး တစ်နာရီလောက်အတွင်းမှာ သွားတိုက်တာကိုလည်း ရှောင်ကျဉ်ရပါမယ်။ဒီလိုမှမဟုတ်ရင် သင့်သွားတွေကို အက်ဆစ်နဲ့ လိုက်ပွတ်တိုက်နေသလို ဖြစ်မှာစိုးတာကြောင့်ပါ။