သင်ဟာ Raver တစ်ယောက်ဆိုရင် EDM ကိုဘယ်က ဘယ်လို စပြီး ဖြစ်လာတယ်ဆိုတာကို သိသင့်ပါတယ်။ တကယ်လို့သင်ဟာ 90’s Kids ဆိုရင်တော့ ဒီ Electronic Music တွေဟာဘယ်ခုနှစ်လောက်က စပေါ်ပြီး ပရိတ်သတ်တွေရင်ထဲကို ရောက်ခဲ့သလဲဆိုတာကို သိမှာပါ။
Source: Shutterstock
Music Genres တွေ အများကြီးထဲမှာမှ Contemporary Culture ရဲ့ Symbol အနေနဲ့ EDM ဟာ ၁၉၇၀ လောက်က စတင်ပေါ်ပေါက်ခဲ့တာပါ။ အဲ့ဒီခေတ်တုန်းကတော့ Electronic Music ကို လူအများခေါ်ကြတာက Disco ပါ ။ ဒီလို Festivals တွေမကျင်းပသေးပဲ Raving Crowds Dance Party အဆင့်ပဲရှိပါသေးတယ်။
Electronic Dance Music ဟာ Subgenres ပါ ဘယ်လိုအမျိုးအစားတွေ ထပ်ကွဲသွားလဲဆိုတော့ Disco Music ၊ Synthpop ၊ Techo ၊ House Music ၊ Trance Music ၊ Drum & Bass ၊ Dubstep ၊ Trap ၊ Hardstyle အပြင်တခြား တခြားသော Dance Music တွေလည်းပါဝင်ပါသေးတယ်။ ဒီလို Range ကျယ်ပြီး Subgenres တွေနဲ့ဖွဲ့စည်းထားတဲ့ Music အမျိုးအစားကို အခုခေတ်မှာတော့ Dance Culture လို့အသိအမှတ်ပြုထားကြပါတယ်။
Source: Sutterstock
အခု သင်နားထောင်နေရတဲ့ EDM ဟာ အရင်တုန်းက 1970’s , 80’s, 90’s ကနေ ၂၀ရာစု အစောပိုင်းလောက်ထိခံစားရမယ့် Music Taste ချင်းဟာမတူပါဘူး Decades အလိုက်တစ်ဖြည်းဖြည်း ကွာခြားသွားပါတယ်။ 1970’s လောက်မှာခံစားနိုင်မယ့် Genres ဟာ “Disco” ဖြစ်ပြီး 1980’s ကျတော့ “Synthpop” ဆိုပြီးပြောင်းလဲသွားပါတယ်။ 1990’s လောက်လည်းရောက်ကော “Contemporary” Genres အမျိုးအစားဖြစ်လာပြီး အခု 2000’s နောက်ပိုင်းရောက်လာတော့ အပေါ်မှာဖော်ပြခဲ့တဲ့ Subgenres စုံလင်စွာနဲ့ EDM ဆိုပြီး Mainstream ဖြစ်လာတော့တာပါပဲ။