တစ်နှစ်မှာ တစ်ခါ၊ တစ်ကြိမ်မှာ လေးရက်သာ ဆင်နွှဲရမယ့် သင်္ကြန်ပွဲတော်ကြီး နီးကပ်လို့ လာပါပြီ။ သင်္ကြန်ကျဖို့ တစ်ရက်နီးလာလေလေ သင်္ကြန်ပိုးလေးတွေက မရိုးမရွနဲ့ မနေတတ်မထိုင်တတ်ဖြစ်နေကြပြီမလား ကွီးတို့ရေ။

သင်္ကြန်တွင်းမှာ သူငယ်ချင်းအပေါင်းအသင်းတွေ၊ ချစ်သူခင်သူတွေနဲ့ ဘယ်လိုပျော်ပါးမလဲ၊ ဘယ်လို ရေပက်ခံထွက်ကြမလဲဆိုပြီး အစီအစဉ်ကိုယ်စီဆွဲထားကြမှာပါပဲ။ တချို့ကလည်း ရေပက်ခံမထွက်ဘူး မဏ္ဍပ်ထိုင်မှာ ဆိုတဲ့သူတွေလည်း ရှိကြပါတယ်။ မိုင်ကုန်ပျော်ချင်တဲ့ကွီးတချို့ကတော့ ရေပက်ခံထွက်တာ၊ မဏ္ဍပ်ထိုင်တာလောက်နဲ့ မကျေနပ်ကြပါဘူး။ သူတို့တွေ ဘာလုပ်ကြသလဲဆိုတာ သိကြပါသလား။

MAF မှာ ကဲကြမှာပဲဖြစ်ပါတယ်။ MAF ရဲ့ အရှည်ကောက်ကတော့ Mandalay Atar Festival လို့ အမည်ရပါတယ်။ EDM ချစ်သူတွေ တပျော်တပါးကြီး ကခုန်မြူးတူးလို့ရမယ့် ပွဲတော်ကြီးတစ်ခုပေါ့။

MAF ကျင်းပမယ့်တည်နေရာကတော့ Yadanapon Zoo Park (Car Parking – ၁၂ လမ်း၊ ကျုံးဘေး) မှာဖြစ်ပြီး ဧပြီလ ၁၃ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ သင်္ကြန်တွင်း ပျော်ပါးနိုင်မှာပဲဖြစ်ပါတယ်။ မနက် (၁၀) နာရီကနေ ညနေ (၆) နာရီအထိ တဝကြီးကဲလို့ရပါတယ်။ လာရောက်ဖျော်ဖြေပေးမယ့် Artist တွေကလည်း နာမည်ကြီးလူကြိုက်များနေတဲ့ ဒိတ်ဒိတ်ကြဲတွေချည်းပါပဲ။ ပြည်တွင်းက Artist တွေလည်း ပါသလို၊ ပြည်ပက Artist တွေကိုလည်း ဖိတ်ခေါ်ထားပါသေးတယ်။

ရေဆော့ကစားပြီး ကခုန်ရတာ မောပန်းလာပြီဆိုရင် အချမ်းပြေ အမောပြေဖို့အတွက် ကွီးတို့အသည်းစွဲ Grand Royal Signature ကိုသာ သတိရလိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ MAF ပွဲကြီး ကျင်းပနိုင်ဖို့အတွက် ကူညီပေးတဲ့ Supporting Partner ကလည်း အမျိုးသားထုကြီး နှစ်ခြိုက်စွာ သောက်သုံးနေကြတဲ့ Grand Royal Signature ဖြစ်လို့ပါပဲ။

Grand Royal Singnature ကို အစဉ်အဆက် အားပေးသောက်သုံးလာတဲ့ ကွီးတို့အတွက် သတင်းကောင်းလေးတစ်ခုကိုလည်း ပြောပြပေးချင်ပါသေးတယ်။ MAF ကို လက်မှတ်ဖိုး တစ်ပြားတစ်ချပ်မှ အကုန်မခံဘဲနဲ့ GA လက်မှတ်တွေကို ကံစမ်းရင်း သွားရောက်ပျော်ပါးခွင့်ရမယ့် အစီအစဉ်လေးပဲဖြစ်ပါတယ်။ ဒါပေမယ့် ကွီးတို့ တစ်ယောက်တည်းအားနဲ့တော့ မရပါဘူး။ Grand Royal Signature လေးကိုပါ အဖော်ခေါ်သွားရမှာပါ။ ဘယ်လို အဖော်ခေါ်သွားရမလဲဆိုတာ ဆက်ကြည့်လိုက်ရအောင်။

GA လက်မှတ်ကို အရယူဖို့အတွက် ဝင်ရောက် ကံစမ်းယှဉ်ပြိုင်ချင်တဲ့သူက Grand Royal Signature နဲ့ အတူတူ အောင်ပွဲခံနေတဲ့ဓာတ်ပုံကို အမိအရရိုက်ယူထားရင်း ထိုဓာတ်ပုံကို မိမိရဲ့ Facebook Timeline ပေါ်မှာ ဒီလို Hash Tag (#GRSThingyan) နဲ့တကွ တင်ပေးရမှာပဲဖြစ်ပါတယ်။ တင်ပြီးသွားတဲ့ပုံကို Screenshot ရိုက်ယူပြီး Grand Royal Facebook Page ရဲ့ Messenger မှ တစ်ဆင့် ပေးပို့ပေးရမှာဖြစ်ပါတယ်။ ထိုပေးပို့ထားတဲ့သူတွေထဲကမှ ကံထူးရှင် ၁၀ ယောက်ကို ရွေးချယ်ပေးသွားမှာဖြစ်ပြီး တစ်ယောက်စီကို GA လတ်မှတ် သုံးစောင်စီပိုင်ဆိုင်နိုင်မှာပါ။ ဒါပေမယ့် MAF က မန္တလေးမှာ ကျင်းပမှာဖြစ်တဲ့အတွက် ကံထူးရှင်က မန္တလေးမှာ နေထိုင်တဲ့သူဖြစ်ရပါမယ်။

ဒါဆိုရင် ၂၀၁၉ သင်္ကြန်ကို MAF မှာ Grand Royal Signature နဲ့ အတူတူ ပျော်ပါးနိုင်ကြဖို့ အခုပဲ ကံစမ်းလိုက်ကြရအောင်။

ကံစမ်းခွင့်ကာလက ဧပြီလ ၃ ရက်နေ့မှ ၉ ရက်နေ့အထိပဲဖြစ်တာကြောင့် အခုပဲ မြန်မြန်ကံစမ်းလိုက်ကြစို့လား။