တက်တူးတွေကို စွဲလမ်းနှစ်ခြိုက်ပေမယ့် ကိုယ့်ခန္ဓာကိုယ်မှာ ပုံဖော်ရေးထိုးတော့မယ်ဆိုရင် ဘယ်လိုတက်တူးဒီဇိုင်းမျိုးတွေကို ရွေးချယ်ရမှန်းမသိဖြစ်နေပါသလား။ တက်တူးဒီဇိုင်းအဆန်းတွေကလည်း အများကြီးရှိတယ်လေ။
Anatomical တက်တူး
Source: TattooBloq
ခန္ဓာဗေဒနဲ့ပတ်သက်တဲ့ တက်တူးပုံဒီဇိုင်းတွေဟာ အများနဲ့မတူ၊ ထူးခြားဆန်းသစ်မှုကို ရရှိစေနိုင်မှာဖြစ်ပါတယ်။ ကြွက်သားတွေ၊ အရိုးတွေ၊ နှလုံးပုံ၊ အဆုတ်ပုံစတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းပုံ တက်တူးဒီဇိုင်းလန်းလန်းတွေပဲ ဖြစ်ပါတယ်။
Biomechanical တက်တူး
Source: yandex.ru
ခန္ဓာကိုယ်မှာရှိတဲ့အစိတ်အပိုင်းတွေနဲ့ စက်ပစ္စည်းကိရိယာတွေကို ပေါင်းစပ်ပုံဖော်ထားတဲ့ ထူးခြားသော တက်တူးဒီဇိုင်းပဲ ဖြစ်ပါတယ်။ ထူးခြားမှု၊ ဆန်းသစ်မှု စတဲ့ခံစားမှုတွေကို ပေးစွမ်းနိုင်မှာပဲဖြစ်ပါတယ်။
Black And Grey တက်တူး
Source: Michael Perry Art
လူကြိုက်များခေတ်စားတဲ့ တက်တူးဒီဇိုင်းတစ်မျိုးကတော့ အနက်ရောင်နဲ့မီးခိုးရောင်နှစ်မျိုးကိုသာ သုံး ထားတဲ့ တက်တူးဒီဇိုင်းပဲဖြစ်ပါတယ်။ တခြားအရောင်တွေမပါဘဲ ခန္ဓာကိုယ်ပေါ်မှာ တိကျသေသပ်တဲ့တက်တူးတွေကို ပုံဖော်ပေးတာဖြစ်ပါတယ်။