ရာသီဥတုက အချိန်နှင့်တပြေးညီ ပြောင်းလဲနေပါတယ်။ နေ့ရက်တွေဟာလည်း တဖြည်းဖြည်း ပူပြင်း လာပြီ ဖြစ်ပါတယ်။ ဒီလိုရာသီဥတုမှာ ကိုယ့်မိတ်ဆွေတွေနဲ့ ပျော်စရာ Home Party လေးတစ်ခု ကျင်းပကြမယ် ဆိုပါတော့။ ရာသီဥတုနဲ့ လိုက်ဖက်ညီအောင် ဘယ်လို Home Party မျိုးကို ပြင်ဆင်ကြမလဲ။

ကျင်းပမယ့်နေရာ

Source : urbanfarm.co

နွေရာသီဖြစ်တဲ့အတွက် Home Party ကို အိမ်တွင်းမှာ ကျင်းပဖို့ မသင့်တော်ပါဘူး။ လေကောင်းလေ သန့်ရပြီး ကျယ်ဝန်းတဲ့ ခြံဝန်းထဲမှာ လွတ်လပ်စွာ ပြင်ဆင်ထားလိုက်ပါ။

အစားအစာ

Source : MyHome

ပါတီပွဲတက်ရောက်လာသူတွေ ရင်ထဲမှာ အေးမြသွားစေမယ့် အစားအသောက်မျိုးကို ဦးစားပေး ပြင်ဆင်ထားသင့်ပါတယ်။ ရေခဲမုန့်၊ရေခဲချောင်းလို ရင်အေးစေတဲ့ သရေစာများအပြင် ဖရဲသီး၊လိမ္မော်သီး၊စတဲ့ အသီးအနှံတွေကိုလည်း အထူးပြင်ဆင်ထားပေးလိုက်ပါ။

အဖျော်ယမကာ

Source : PicClick

Home Party ရဲ့အဓိက ဖြစ်တဲ့ အဖျော်ယမကာတွေကတော့ မပါမဖြစ်ပေါ့နော်။ ရေခဲစိမ်ထားတဲ့ ဘီယာ၊ ၀ိုင်မျိုးစုံနဲ့ ကော့တေးကို အကွက်စေ့စေ့ စီစဉ်ပြင်ဆင်ထားပေးလိုက်ပါ။ ပါတီပွဲတက်ရောက်သူများ အားလုံး ပျော်ရွှင်ကျေနပ်မှုကို ရရှိစေနိုင်မှာ ဖြစ်ပါတယ်။