မြန်မာပြည်ဖွား အမျိုးသားများသာမက ရေမြေရပ်ခြားမှ လာရောက်လည်ပတ်ကြသည့် လူမျိုးခြား ခရီးသွားဧည့်သည်တို့ကပါ တနှစ်တခြိုက် အားပေးလျက်ရှိတဲ့ Grand Royal မှနေပြီး ယခုတခါမှာလည်း ချစ်ပရိတ်သတ်တွေအတွက် အစီအစဉ်ကောင်းလေးတစ်ခုကို ဖန်တီးပေးလိုက်ပြန်ပါပြီ။ ဒီအစီအစဉ်လေးကိုတော့ “A MIGHT SARR COVER SONG CONTEST” လို့ အမည်ပေးထားပြီး ဒီပြိုင်ပွဲလေးကို ကျင်းပပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ကိုယ်ကြိုက်နှစ်သက်ရတဲ့ အနုပညာရှင်တို့ရဲ့ တေးသီချင်းကောင်းများကို Cover Song အနေနဲ့ အကောင်းဆုံး ပြန်လည်သီဆိုနိုင်ဖို့ပါပဲ။

ဒီပြိုင်ပွဲလေးကိုတော့ Organizer အနေနဲ့ A Might Sarr Channel နဲ့ JBJ Entertainment တို့ ပူးပေါင်းစီစဉ်တာဖြစ်ပြီး Title Sponsor အနေနဲ့ကတော့ Grand Royal Smooth မှ ပူးပေါင်းပါဝင်အားဖြည့်ပေးထားပါတယ်။ ဒီပြိုင်ပွဲလေးကို စိတ်ပါဝင်စားလို့ ဝင်ရောက်ယှဉ်ပြိုင်လိုသူတွေအနေနဲ့လည်း သတ်မှတ်ထားတဲ့ အချက်အလက်တွေအတိုင်း ပြည့်ပြည့်စုံစုံ ဖြည့်စွက်ပြီး အောက်တိုဘာ ၁၄ ရက်နေ့ နောက်ဆုံးထားလို့ Form တွေကို ပေးပို့သွားနိုင်ပါတယ်။

အသက် ၁၈ နှစ်မှ အသက် ၃၀ အရွယ်ရှိတဲ့ အမျိုးသား၊ အမျိုးသမီးတိုင်း မိမိကြိုက်နှစ်သက်ရာ တေးသီချင်းအမျိုးအစားမဆိုကို ရွေးချယ်ကာ ပါဝင်ယှဉ်ပြိုင်နိုင်ပါတယ်။ ဒါပေမယ့်လည်း ချွင်းချက်အနေနဲ့ ဆောင်းဦးလှိုင်၊ လင်းလင်း၊ မျိုးကျော့မြိုင်တို့လို အဆိုတော်များရဲ့ တေးသီချင်းတွေကတော့ Copyright အခက်အခဲလေးတွေရှိလို့ ရှောင်ကြဉ်ဖို့တော့ လိုပါလိမ့်မယ်။

သီချင်းကိုရွေးပြီးပြီဆိုရင်တော့ ကိုယ်ကြိုကနှ်စ်သက်ရာ၊ ကိုယ်ပိုင် ဂီတတူရိယာလေးတွေကိုသုံးပြီး ၁ မိနစ်ခွဲ မှ ၄ မိနစ်အထိ ကြာမြင့်တဲ့ ဗွီဒီယိုလေးရိုက်ကူးပြီးရင် ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါပြီ။ ဒီပြိုင်ပွဲလေးရဲ့ နောက်ထပ်စည်းမျဉ်းတစ်ခုကတော့ Cover Song သီးသန့်ပြိုင်ပွဲဖြစ်တဲ့အတွက် သီချင်းနဲ့အတူ Performance ပြုလုပ်တာကို ခွင့်ပြုပေမယ့်လည်း Cover Dance နဲ့ ဝင်ရောက်ယှဉ်ပြိုင်သူတွေ၊ အကသီးသန့် ၀င်ရောက်ယှဉ်ပြိုင်မှုတွေကိုတော့ ခွင့်ပြုမှာမဟုတ်ပါဘူး။

“A Might Sarr Cover Song Contest” ပြိုင်ပွဲလေးရဲ့ Final Round မှာလည်း နိုင်ငံကျော်တေးသံရှင်များဖြစ်ကြတဲ့ ဖိုးကာ၊ ဆုန်သင်းပါရ်၊ ရေမွန် တို့က Judges တွေအနေနဲ့ ပါဝင်ကူညီပေးသွားမှာပါ။ ကဲ..ဒါဆိုရင်တော့ Cover Song ဆိုရတာကြိုက်သူတွေအနေနဲ့ ကိုယ့်ရဲ့အစွမ်းအစကို ထုတ်ဖော်ပြသနိုင်ပြီး ပြိုင်ပွဲမှာပါဝင်ယှဉ်ပြိုင်သွားမှာမဟုတ်တဲ့ ပရိတ်သတ်များအနေနဲ့လည်း ကိုယ်ကြိုက်နှစ်သက်တဲ့ တေးသီချင်းလေးတွေကို ဘယ်လိုမျိုး ခံစားချက်အသစ်နဲ့ နားထောင်နိုင်မလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်မျှော်ကြည့်ရှုနိုင်မယ်ဆိုတဲ့အကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်နော်။