ပင်ပန်းနွမ်းနယ်ပြီး စိတ်ဖိစီးနေချိန်မှာ ကိုယ့်စိတ်ညစ်စရာတွေကို ရင်ဖွင့်နားထောင်ပေးမယ့် သူငယ်ချင်းများ၊ ကိုယ် ပျော်ရွှင်နေချိန်မှာ ကိုယ့်ပျော်ရွှင်မှုတွေကို မျှဝေခံစားပေးနိုင်မယ့် ခင်မင်ရင်းနှီးသူတွေကို ပိုင်ဆိုင်ထားတယ်ဆိုရင်တော့ စာဖတ်သူတို့က ကမ္ဘာပေါ်မှာ ကံအကောင်းဆုံးလူသားတွေပဲဖြစ်ပါတယ်။ အောင်ပွဲခံတဲ့အခါမှာလည်း တပျော်တပါးကြီး မြူးတူးပျော်ပါးကြတဲ့အခါ ပျော်ရွှင်မှုတွေ ထပ်တိုးခံစားရမှာဖြစ်ပြီး ငှက်မွှေးလေးလို လေထဲမှာ လွတ်လပ်ပေါ့ပါးတဲ့ခံစားချက်လေးရရှိမှာပါ။ ဝမ်းနည်းလို့ စိတ်ညစ်တဲ့အခါ မှီခိုစရာပုခုံးငှားပေးတဲ့ ဘော်ဒါတွေကို ရင်ဖွင့်လိုက်မယ်ဆိုရင်လည်း စိတ်ညစ်စရာတွေ ချက်ချင်းကွယ်ပျောက်သွားမှာပဲဖြစ်ပါတယ်။

ဒါပေမဲ့ ဘော်ဒါတွေနဲ့ တွေ့ဆုံတဲ့အခါ သက်သောင့်သက်သာနဲ့ ထိုင်လို့ကောင်းတဲ့ ဆိုင်လေးတစ်ဆိုင်တော့လိုမယ်နော်။ ဒါမှ တန်ဖိုးရှိတဲ့အချိန်လေးတွေကို ပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်။ အမိုက်စားဆိုင်အပြင်အဆင်လည်း ရှိရမယ်၊ ဈေးနှုန်းကလည်း သင့်တင့်ရမယ်၊ Air-con အေးအေးလေးလည်း ဖွင့်ထားပေးရမယ်၊ ဗိုက်ဆာရင်လည်း မှာပြီးတာနဲ့ အကြာကြီးစောင့်စရာမလိုဘဲ အရသာရှိတဲ့ အစားအစာတွေကိုလည်း ချက်ချင်းတည်ခင်းပေးမယ့် ဆိုင်မျိုးကို ရှာနေပါသလား။ ဒါဆိုရင်တော့ အင်းစိန် ပေါက်တောဝအနီးမှာ အသစ်ဖွင့်ထားတဲ့ Grand Royal Whisky House ဆိုင်လေးကိုသာ သတိရလိုက်ပါ။

ဒီဆိုင်လေးကို ဖေဖော်ဝါရီလ (၉) ရက်နေ့၊ စနေနေ့က စတင်ဖွင့်လှစ်ခဲ့တာပဲဖြစ်ပါတယ်။ Grand Royal ချစ်တဲ့ ညီအစ်ကိုတို့အတွက် Grand Royal ထုတ်ကုန်အားလုံးကို တစ်နေရာတည်းမှာ စုစည်းရရှိနိုင်ပြီး ကိုယ်ကြိုက်နှစ်သက်တဲ့အမျိုးအစားကို ရွေးချယ်သောက်သုံးနိုင်တဲ့ ဘုံဗိမာန်လေးပဲဖြစ်ပါတယ်။ ဆိုင်အပြင်အဆင်လေးကလည်း စည်ပိုင်းလေးတွေနဲ့အလှဆင်ထားတာဆိုတော့ မျက်စိပသာဒဖြစ်စေတာတော့ အမှန်ပါပဲ။

Grand Royal Whisky House လိုမျိုး ဆိုင်အပြင်အဆင်ခမ်းနားတဲ့ တခြားဘားဆိုင်တွေ၊ Grand Royal Whisky House လိုမျိုး ဝန်ဆောင်မှုကောင်းတဲ့ တခြားဘားဆိုင်တွေဆိုရင် အင်မတန်ဈေးကြီးလွန်းလှပါတယ်။ ဒါပေမဲ့ Grand Royal Whisky House ကတော့ Grand Royal ကနေ တိုက်ရိုက်တင်သွင်းထားတာကြောင့် ဈေးနှုန်းလည်း သက်သာပါတယ်။ Grand Royal Black ဆိုရင် ၃၅၀၀ ကျပ်၊ Grand Royal Signature ဆိုရင် ၅၆၀၀ ကျပ်နဲ့ Grand Royal Special Reserve ဆိုရင် ၈၅၀၀ ကျပ်တို့ဖြင့် ဈေးနှုန်းချိုသာစွာ ရရှိနိုင်မှာပဲဖြစ်ပါတယ်။ Grand Royal ဝီစကီလေး သောက်ရင်း နတ်စည်းစိမ်ခံစားနေတဲ့အချိန်မှာ အရသာရှိတဲ့အစားအစာတွေကိုလည်း မေ့ထားလို့ဘယ်ဖြစ်မလဲ။ အရသာထူးကဲကောင်းမွန်တဲ့ ခေါက်ဆွဲကြော်ဆိုရင် ၂၀၀၀ ကျပ်တည်းနဲ့ ရရှိနိုင်မှာဖြစ်ပြီး ဆွေမျိုးမေ့သွားစေမယ့် ထမင်းကြော်နဲ့ Seafood ထမင်းကြော်တို့ကိုလည်း ၂၅၀၀ ကျပ်ဖြင့် သုံးဆောင်နိုင်မှာပဲဖြစ်ပါတယ်။

ဒီဆိုင်လေးက Grand Royal ထုတ်ကုန်တင်မကပါဘူး၊ တခြားဘီယာအမျိုးအစားတွေလည်း ရရှိနိုင်ပါသေးတယ်။ အခုလောလောဆယ်မှာ ဆိုင်ဖွင့်ပွဲအထိမ်းအမှတ်အနေနဲ့ ဖေဖော်ဝါရီလ (၁၇) ရက်နေ့အထိ ၁၅ ရာခိုင်နှုန်း Discount ချထားတာဖြစ်လို့ ဒီရက်ပိုင်းအတွင်း သွားမယ်ဆိုရင် အထူး Discount အစီအစဉ်လေးကို ခံစားရရှိနိုင်မှာပဲဖြစ်ပါတယ်။ နောက်ထပ်ထူးခြားတဲ့အစီအစဉ်လေးတွေကို စက္ကန့်မလပ်သိရှိချင်တယ်ဆိုရင်တော့Grand Royal Whisky House ဖေ့ဘုတ်စာမျက်နှာလေးကို Like & See First လုပ်ထားဖို့လည်း မမေ့နဲ့နော်။ ဒါ့ဆိုရင် ဘော်ဒါတွေနဲ့ ပျော်ရွှင်စရာကောင်းတဲ့အချိန်လေးတွေကို အတူတူကုန်ဆုံးဖို့အတွက် ဆိုင်အပြင်အဆင်ခမ်းနားပြီး ဈေးနှုန်းချိုသာတဲ့အပြင် ဝန်ဆောင်မှုကောင်းတဲ့ Grand Royal Whisky House သို့ အခုပဲချီတက်လိုက်ကြစို့။