တက်တူးတွေဟာ အမျိုးအစား တော်တော်များပါတယ်။ တက်တူးထိုးသူတွေအတွက်တော့ အဓိပ္ပါယ်ကိုယ်စီ စိတ်ခံစားမှုကိုယ်စီ ၊ မြတ်နိုးတန်ဖိုးထားမှု ကိုယ်စီ ရှိကြပါတယ်။ အသည်းပုံတက်တူးတွေလည်း ဒီလိုပါပဲ။ အသည်းပုံ တက်တူးဆိုတိုင်း အဓိပ္ပါယ်တစ်မျိုးတည်းမဟုတ်ဘဲနဲ့ ပုံစံတစ်မျိုးစီတိုင်းမှာ သူတို့ရဲ့ အဓိပ္ပါယ်ကိုယ်စီ ရည်ညွှန်းမှုကိုယ်စီ ရှိကြပါတယ်။

ငိုနေသော အသည်းနှလုံးပုံ တက်တူး

Source: 78.media.tumblr.com

ငိုနေတဲ့ အသည်းနှလုံးပုံတက်တူးတွေကိုလည်း လူတော်တော်များများ ထိုးထားတာကို မြင်ဖူးကြမှာပါ။ တစ်စုံတစ်ယောက်ဆီမှာ ဒီလို တက်တူးမျိုးကို မြင်လိုက်ရပြီဆိုရင် သူဟာ အသည်းကွဲသမားတစ်ဦးပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ငိုနေတဲ့ အသည်းနှလုံးပုံတက်တူးတွေဟာ ကြည်နူးဆွတ်ပျံ့ဖွယ်ရာ ချစ်ဇာတ်လမ်းတစ်ပုဒ် တစ်ခန်းရပ်သွားခဲ့ပြီဆိုတဲ့ အဓိပ္ပါယ်ပါပဲ။

သော့နဲ့ အသည်းနှလုံးတွဲရက် တက်တူး

Source: coldsweaticecream.com

သော့ကလေးနဲ့ အသည်းနှလုံး နဲ့ တွဲရက် ကပ်ထားတဲ့ တက်တူးပုံတွေကို မြင်လိုက်ပြီဆိုရင်တော့ သူက အထက်က တက်တူးပိုင်ရှင် နဲ့ ဆန့်ကျင်ဘက်လို့ ပြောရမှာပါပဲ။ ဘာလို့လဲဆိုတော့ သူက ချစ်မြတ်နိုးရသူတစ်ဦးနဲ့ ပျော်ရွှင်နေရတဲ့ ချစ်ဇာတ်လမ်းပိုင်ရှင်တစ်ယောက်ဖြစ်နေလို့ပါပဲ။ သော့ကလေးဟာ ချစ်ရသူတစ်ဦးကို ရည်ညွှန်းတာ ဖြစ်ပြီး အသည်းနှလုံးကတော့ တက်တူးပိုင်ရှင်ကို ရည်ညွှန်းတာဖြစ်ပါတယ်။

စက္ကူလိပ်ပတ်ထားတဲ့ နှလုံးသားပုံ တက်တူး

Source: i.imgur.com

အသည်းနှလုံးကို စက္ကူလိပ်ကလေးနဲ့ ပတ်ထားတဲ့ တက်တူးအမျိုးအစားကလည်း ချစ်ခြင်းမေတ္တာသင်္ကေတပါပဲ။ တက်တူးပိုင်ရှင်တွေဟာ သူတို့ဘဝရဲ့ အချစ်ရဆုံးသူအမည်ကို  အဲဒီ စက္ကူလိပ်လေးထဲမှာ ဂုဏ်ပြုရေးသားထားတတ်ကြပါတယ်။ ဒီတက်တူးကတော့ ချစ်ရသူတစ်ဦးတစ်ယောက်ကို ရည်ညွှန်းတဲ့ တက်တူးဖြစ်ပါတယ်။

သရဖူဆောင်းထားတဲ့ တက်တူး

Source: scontent.cdninstagram.com

ဒီတက်တူးဟာ လက်နှစ်ဖက်နဲ့အတူ  အသည်းနှလုံးရဲ့ ထိပ်ဦးပေါ် သရဖူဆောင်းထားတဲ့ ပုံစံမျိုးလေးဖြစ်ပါတယ်။ဘဝမှာ တန်ဖိုးထားရတဲ့  ချစ်ခြင်းမေတ္တာ သူငယ်ချင်းတွေရဲ့ မေတ္တာသံယောဇဉ်တို့နဲ့ အတူ သစ္စာရှိခြင်းကို ရည်ညွှန်းထားတဲ့ တက်တူးအမျိုးအစားပဲ ဖြစ်ပါတယ်။

အသည်းနှလုံး သုံးခုယှက် တက်တူး

Source: whatismytemplate.com

အသည်းနှလုံးတစ်ခုချင်းစီ ယှက်သွယ်ထားတဲ့ သုံးခုတွဲ အသည်းနှလုံးပုံ တက်တူးကတော့ အချစ်ကို အထူးပြုထားတဲ့ တက်တူးပါ။ အချစ်တောင်မှ အတိတ်က အချစ် ၊ လက်ရှိ အချစ်နဲ့ နောင်လာမယ့် အချစ်တွေကို ရည်ညွှန်းထားတာပဲ ဖြစ်ပါတယ်။ ဘယ်လိုအချိန်ပဲရောက်နေရောက်နေ အချစ်တွေ မပြောင်းလဲဘူးဆိုတဲ့ အဓိပ္ပါယ်ပါ။ ဘဝမှာ ခွန်အားဖြစ်စေတဲ့ အချစ်တွေကို ပုံဖော်ထားတဲ့ အသည်းနှလုံး သုံးခုယှက် တက်တူးပါ။