မြွေတက်တူးပုံတွေကိုမှ ထိုးချင်ကြတဲ့ ကိုကိုတွေအတွက် မြွေတက်တူး ဒီဇိုင်းဆန်းဆန်းလေးတွေကို ထပ်ပြီးဖော်ပြပေးလိုက်ပါတယ်။ အဆိပ်ပြင်းပြီးကြောက်မက်ကျောချမ်းဖွယ်ရာ တက်တူးပုံစံဒီဇိုင်းတွေကို အမိုက်စားမြင်တွေ့ရမှာပါ။ ဘယ်လိုမြွေတက်တူးဒီဇိုင်းတွေ တွေ့ရမလဲဆိုတာကို အောက်မှာဆက်ကြည့်ပေးကြပါဦးနော်။

Source: atomiccherry.com

ကိုယ့်အမြှီးကိုယ်မြိုနေတဲ့ မြွေပုံတက်တူး

Source: i.pinimg.com

ဒီတက်တူး ဒီဇိုင်းကတော့ အရမ်းကို ဂေါ်တယ်လို့ ပြောရမှာပါပဲ၊ ကိုယ့်အမြှီးကိုယ်မြိုနေတဲ့ မြွေပုံသဏ္ဍာန် ၊ မြွေလက်စွပ်ပုံစံဟာ အရမ်းကိုမိုက်တဲ့ တက်တူးဒီဇိုင်းပဲဖြစ်ပါတယ်။ ဒီတက်တူးရဲ့ အဓိပ္ပါယ်ကလည်း လေးနက်လွန်းပါတယ်။ သူ့ရဲ့ကိုယ်စားပြုမှုကတော့ မွေးဖွားခြင်း၊ သေဆုံးခြင်းနဲ့အတူ သံသရာကို ကိုယ်စားပြုတာဖြစ်ပါတယ်။

သံခလောက်မြွေပုံ တက်တူး

Source: tattooswin.com

မာန်ပါလှတဲ့ ဒီသံခလောက်မြွေပုံတက်တူးကိုလည်း နှစ်နှစ်ခြိုက်ခြိုက်ထိုးကြပါတယ်။ ဒီတက်တူးပုံစံကလည်း မြင်ရသူကို ကျောချမ်းစေတဲ့ ကြောက်မက်ဖွယ် တက်တူးပုံစံအမျိုးအစားပဲဖြစ်ပါတယ်။ ဒီတက်တူးရဲ့ ကိုယ်စားပြုမှုကတော့ မမြင်ရတဲ့ အစွမ်းသတ္တိတွေနဲ့ အရှုံးသမားတစ်ယောက်ရဲ့ ဝိညာဉ်ကို ကိုယ်စားပြုပါတယ်။

နှင်းဆီနဲ့မြွေတွဲရက်ပုံ တက်တူး

Source: ecdn1.chhory.com

ဒီ တက်တူးကတော့ လှပမှု နဲ့ ရက်စက်မှုတို့ကို ဒွန်တွဲထားတဲ့ တက်တူးပုံစံဖြစ်ပါတယ်။ လှပပြီးထက်မြက်လှတဲ့ နှင်းဆီနဲ့အတူ သွေးအေးရက်စက်လှတဲ့ မြွေတို့ကို ယှဉ်တွဲထားတဲ့ တက်တူးပုံစံဒီဇိုင်းပါ။ သွေးဆောင်ဖြားယောင်းမှုတွေရဲ့ အဆုံးစွန်ဆုံးသော သင်္ကေတတစ်ရပ်လည်း ဖြစ်ပါတယ်။ အပြစ်ကင်းစင်လှတဲ့ လှပမှုတွေရဲ့ အဆုံးသတ်လို့ လည်း အဓိပ္ပါယ်ရပါတယ်။

မြွေနဲ့ ဦးခေါင်းခွဲပုံတက်တူး

http: dubuddha.org

အရမ်းဂေါ်တဲ့ အမျိုးသားတွေ ရေးထိုးလေ့ရှိကြတဲ့ တက်တူးပုံစံပါ။ ဦးခေါင်းခွံပုံစံနဲ့ မြွေတို့ကို ယှဉ်တွဲရေးထိုးထားတဲ့ ကြောက်မက်ဖွယ်ရာတက်တူးဒီဇိုင်းပုံစံလည်း ဖြစ်ပါတယ်။ သေခြင်းတရား နဲ့ ပျက်စီးယိုယွင်းမှုတွေအတွက် အရမ်းကို ပြင်းထန်အားကောင်းလွန်းတဲ့ နိမိတ်ပုံပြသင်္ကေတပုံစံတက်တူးဖြစ်ပါတယ်။ သေခြင်းတရားကို ယုံကြည်တယ်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပြီး ဒီတက်တူးရဲ့ ကိုယ်စားပြုမှုကတော့ လူတစ်ယောက်ရဲ့ သေခြင်းတရားအပေါ် သတိပေးတဲ့ ပုံစံမျိုးပဲဖြစ်ပါတယ်။